Wednesday, August 28, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၅၂)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် နေ့လယ်စာစားပွဲ တည်ခင်းဧည့်ခံ




Image may contain: 10 people, people smiling, people standing
နေပြည်တော် ဩဂုတ် ၂၇




 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၅၂)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်း အနားအဖြစ် အာဆီယံမိသားစုနေ့လယ်စာစားပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိPark Royal ဟိုတယ်၌ တည်ခင်းဧည့်ခံသည်။
အဆိုပါနေ့လယ်စာစားပွဲသို့ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်ဆိုင်ရာကိစ္စရပ်များကို အဓိကတာဝန်ယူညှိနှိုင်းဆောင်ရွက်သည့် ဝန်ကြီးဌာန ဖြစ်သော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်ဆိုင်ရာ ကိစ္စရပ်များကို အဓိကတာဝန်ယူညှိနှိုင်းဆောင်ရွက်သည့် ဝန်ကြီးဌာနဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်ဆိုင်ရာကိစ္စရပ်များကို အဓိက တာဝန်ယူညှိနှိုင်းဆောင်ရွက်သည့်ဝန်ကြီးဌာနဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီး/ခင်ပွန်းများ၊ အာဆီယံ အသိုက်အဝန်းမဏ္ဍိုင် (၃)ခုဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ အာဆီယံသံရုံးများမှ ဒုတိယသံရုံးအကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ ကြသည်။
နေ့လယ်စာစားပွဲမစတင်မီ အာဆီယံ ယဉ်ကျေးမှုနှစ်-၂၀၁၉ (ASEAN Cultural Year-2019) အထိမ်း အမှတ် လှုပ်ရှားမှုတစ်ရပ်အဖြစ် အာဆီယံ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများကို ဗီဒီယိုဖြင့် တင်ဆက်ပြသသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
အာဆီယံ နေ့လယ်စာစားပွဲတွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု ပိုမို တိုးတက်ခိုင်မာစေရေး၊ အာဆီယံ၏သွင်ပြင်လက္ခဏာ ထိန်းသိမ်းစောင့် ရှောက်ရေးနှင့် အာဆီယံအသိုက်အဝန်း တည်ထောင်မှု၊ အာဆီယံ၏ မတူကွဲပြား သော ယဉ်ကျေးမှုနှင့် အမွေအနှစ်များ အပါအဝင် ပြည်သူများအကြား အာဆီယံ ဆိုင်ရာ အသိအမြင်ဗဟုသုတများနှင့် အာဆီယံ၏ပုံရိပ်တို့ကို တိုးမြှင့်ရေး စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တိုးတက်မှုများရှင်းလင်းအသိပေး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အာဆီယံနေ့လယ်စာ စားပွဲမကျင်းပမီ နေပြည်တော်ရှိ Park Royal ဟိုတယ်၌ အာဆီယံသံအမတ် ကြီးများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းအသိပေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးများသည် နှစ်နိုင်ငံနှင့် အာဆီယံမူဘောင်အောက်တို့မှ ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment