Monday, August 26, 2019

နည်းပညာသည် ကျောင်းသား ကျောင်းသူများ၏ အနာဂတ်တွင် မဖြစ်မနေလိုအပ်နည်းပညာကို အပျော်သဘောဖြင့် မဟုတ်ဘဲ လေးလေးနက်နက် လေ့လာသင်ယူ





Image may contain: 12 people, people standing, people sitting, crowd and indoor
ရန်ကုန် ဩဂုတ် ၂၅




ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ 360 Ed မှ (Augmented Reality-AR)ခေါ် သုံးဖက်မြင် ရုပ်လုံး ကြွနည်းပညာကိုသုံး၍ သင်ကြားသင်ယူမှု အထောက်အကူပြု Learning App များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
ပြုပြင်ပြောင်းလဲဆောင်ရွက်နေ
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၆ ခုနှစ်မှစ၍ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး အားလုံး၏ပါဝင်မှုဖြင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
သင်ယူမှုအားကောင်းရန်နှင့် ကျောင်းသား ကျောင်းသူ များ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေ ရန် သင်ရိုးòန်းတမ်းများကို ပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လူသားကောင်းများ ဖြစ်လာ စေရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး အပြန်အလှန် လေးစားကူညီတတ်သည့် စိတ်ဓာတ်ကောင်းများ၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိရန်နှင့် အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကို သိရှိနားလည် တတ်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါ ကြောင်း၊ စည်းကမ်းကို လေးစားလိုက်နာတတ်ပြီး ဒီမိုကရေစီ စနစ်တွင် တာဝန်ယူတာဝန်ခံ၍ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းရှိသူများ၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာ
သင်ယူသူများ ဖြစ်လာစေရန် သင်ကြား သင်ယူလေ့ကျင့်ပေးရမည် ဖြစ်ပါ ကြောင်း။
ကြိုးပမ်းဆောင်ရွက်
နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေရှိသော တီထွင်ဖန်တီး နိုင်စွမ်းရှိသည့် လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဖန်တီးနိုင်စွမ်း ရှိလာစေရန်အတွက် ကျောင်းသား ကျောင်းသူများကို အခြေခံ ပညာဖြစ်သည့် မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းမှစ၍ သင်ယူပြီးရင်း သင်ယူမှုကို အားပေးမြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေ ဖြင့် ကျောင်းသား ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှု ပိုမိုကောင်းမွန် စေရန် အင်္ဂလိပ်စာအရည်အသွေးနှင့် အိုင်စီတီအရည်အသွေး တိုးတက် ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ထို့ပြင် နည်းပညာ သည် ကျောင်းသား ကျောင်းသူများ၏အနာဂတ်တွင် မဖြစ်မနေလိုအပ်သည် ကိုလည်း သိရှိရန်လိုအပ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နည်း ပညာကို အပျော်သဘောဖြင့် မဟုတ်ဘဲ လေးလေးနက်နက် လေ့လာသင်ယူကြ စေလိုကြောင်း၊ ယခုကဲ့သို့ နည်းပညာ ကူညီပံ့ပိုးပေးသည့် အလှူရှင်များ၏အခန်းကဏ္ဍသည်လည်း အရေးကြီး သကဲ့သို့ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်း ကူညီပံ့ပိုးမှုများကိုလည်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် တန်ဖိုးထား လေးစားပါကြောင်း ပြောကြားသည်။
မိတ်ဆက်တင်ပြ
ထို့နောက် 360 Ed ၏CEO နှင့်Founder ဖြစ်သူ ဒေါ်လှလှဝင်းက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး 360 Ed ၏ Co-Founder ဦးရန်မင်းအောင် က Grade-1 အင်္ဂလိပ်စာဘာသာရပ် အတွက် 360 Ed ၏ သင်ထောက်ကူ Application ကို မိတ်ဆက်တင်ပြ သည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
360 Ed မှ ရေးဆွဲသည့် Grade-1 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးအထောက် အကူပြု Applicationသည် သင်ရိုး ညွှန်းတမ်းပါ သင်ခန်းစာများကို အသံ ထွက်မှန်ကန်စွာဖြင့် သင်ယူလေ့လာ နိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများ အတွက် လှုပ်ရှားသက်ဝင်မှု ပိုမိုကောင်း မွန်သော လေ့လာမှုနှင့် ပတ်ဝန်းကျင်ကို ကျောင်းတွင်သာမက အိမ်တွင်ပါ သင်ယူ လေ့လာနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိ တို့၏ သားသမီးများ စာလေ့လာသည့် နေရာတွင် စောင့်ကြည့်လမ်းညွှန်နိုင်ခြင်း၊ ဆရာ ဆရာမများအနေဖြင့် စာသင် ခန်းများတွင် သင်ခန်းစာပို့ချရာ၌ ကိုးကား ၍ သော်လည်းကောင်း၊ သင်ထောက်ကူ အနေဖြင့်သော်လည်းကောင်း အသုံးပြု နိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment