Saturday, August 24, 2019

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းခွင်အတွင်းလှည့်လည်ကြည့်ရှု

Image may contain: 3 people, people standing, crowd and indoor



နေပြည်တော် ဩဂုတ် ၂၃


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ တွင် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုသည်။


ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားသို့ ရောက်ရှိပြီးAuditoriumခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူနှင့် အများဆုံးထိတွေ့ဆက်ဆံရ သည့် ဌာနတစ်ခုဖြစ်ပြီး မိမိတို့ဝန်ကြီးဌာန တစ်ခုလုံးကို ထင်ဟပ်နေသည့် ပုံရိပ် လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် သိသိ သာသာ၊ ထင်ထင်ရှားရှား အများ လေးစားအားကျလောက်သည့် ဌာနကြီး အဖြစ် ရှိနေစေချင်ပါကြောင်း၊ လုပ်ငန်း နှင့် ပတ်သက်သည့် အဆင့်အတန်း (Professional Standard) ကို ထိန်းသိမ်းပြီး ပိုမိုတိုးတက်မြင့်မား အောင် ကြိုးစားအားထုတ်စေချင်ပါ ကြောင်း၊ အများအတုယူစရာဖြစ်အောင် ပညာရှင်၏ အဆင့်အတန်း၊ ပညာရှင်၏ စံနမူနာကို အပြည့်အဝပြသနိုင်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။


ထို့နည်းတူ ရုပ်သံထုတ်လွှင့်နေသည့် အစီအစဉ်များ၊ တင်ဆက်ပုံများတွင်လည်း အမြဲတမ်းတီထွင်ဆန်းသစ် လုပ်ကိုင် ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ မိမိတို့ယူထားသော မြန်မာ့အသံဆိုသည့် နာမည်နှင့်ထိုက်တန်စွာ မြန်မာတစ်နိုင်ငံ လုံးကို ကိုယ်စားပြုသော အဖွဲ့အစည်း တစ်ခုအဖြစ် စဉ်ဆက်မပြတ် ကြိုးစားနေ ရန် လိုအပ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကပြောသည့် မြန်မာ စကားသည် စံဖြစ်ရမည်ဖြစ်ပြီး အသံနှင့် လေယူလေသိမ်းမှန်ကန်စေရန် သတိ ထားစေလိုပါကြောင်း၊ ထိုကဲ့သို့ စံများ ထိန်းသိမ်းခြင်းသည် မိမိတို့ မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေခံအလုပ်ဖြစ်ပြီး ထိုထက်မက တိုးတက်ရန်လည်း လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။


ပြောင်းလဲလာသည့် နည်းပညာကို ထိထိရောက်ရောက် အသုံးပြုရန်နှင့် နည်းပညာအသစ်များကိုလည်း လေ့လာ ပြီး လက်တွေ့အသုံးချ လုပ်ကိုင်စေလိုပါ ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကြံဆပြီး လုပ်ကိုင်ဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ရုပ်မြင်ဌာနခွဲ၊ အသံလွှင့်ဌာနခွဲ၊ စက်မှုဌာနခွဲ၊ တေးဂီတဌာနခွဲ၊ NRC Channel၊Farmer Channel ၊ဘဏ္ဍာ ရေးဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲတို့မှ အရာ ထမ်း၊ အမှုထမ်းများက အရည်အသွေး တိုးတက်ရန်အတွက် သင်တန်းတက် ရောက်ခွင့်ရရှိရေး၊ ဝန်ထမ်းများ ရာထူး တိုးမြှင့်ပေးရေး၊ လုပ်ငန်းလိုအပ်ချက်များ နှင့်စပ်လျဉ်း၍ တင်ပြကြရာ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက ဖြည့်စွက် ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဝန်ထမ်းများ၏ တင်ပြ ချက်များနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။


ဆက်လက်၍ Conference Room ၌ ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်းများ တွေ့ဆုံရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်မြင် သံကြားနှင့် ရေဒီယိုများတွင် ထုတ်လွှင့် ဖော်ပြနေမှုများနှင့် ပတ်သက်၍ ပြုပြင် ပြောင်းလဲဆောင်ရွက်သွားမည့် အစီအမံ များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ် သည်များကို ဆွေးနွေးမှာကြားကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ရုပ်သံလွှင့်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ၉ မီတာ ၊ ၁၁ မီတာ စလောင်း၊ မြေပြင်အခြေစိုက် ဂြိုဟ်တု ရုပ်မြင်သံကြား လွှင့်တင်သည့်အခန်း၊ Central Equipment Room (CER) ၊ ဗဟိုထိန်းချုပ်ခန်း(MCR)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများ ထုတ်လွှင့်ပြသ သောစက်များ တပ်ဆင်ထားသည့် အခန်းများနှင့် ပြင်ပသတင်းနှင့် အစီအစဉ် များ ရိုက်ကူးပြီး ဂြိုဟ်တုသို့ လွှင့်တင်သည့် ယာဉ် (DSNG Van) တို့ကို လှည့်လည် ကြည့်ရှုကြသည်။

သတင်းစဉ်

No comments:

Post a Comment