Monday, August 5, 2019

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားကျင်းပ


Image may contain: one or more people and crowd
နေပြည်တော် ဩဂုတ် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (နေပြည်တော်)တို့ ပူးပေါင်း၍ ကလေးမိဘများ၊ ပြုစုစောင့်ရှောက်သူများအား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ သုခစိုးဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ဆွေးနွေးသည်။
တက်ရောက်
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များ၏ မိဘများ၊ ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ တို့ဖြင့် ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်သော အသက်ရှင်သန် ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်း တွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးဦး အရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေကို အပြည့်အဝအကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရပြီး အထူးသဖြင့် မိဘများ၊ မိသားစု ဝင်များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါ ကြောင်း၊ ပရဟိတဂေဟာ သင်တန်းကျောင်းများ၌ ပြုစုစောင့်ရှောက်ရန် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံòန်းများကို ဂေဟာများတွင် လက်တွေ့ဆောင်ရွက်နေကြသူများ ပါဝင်၍ ပညာရှင်များနှင့်အတူ ရေးဆွဲချမှတ်ထားပါကြောင်း၊ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်များသည် မွေးဖွားခြင်း မှတ်ပုံတင်ခွင့်ရရှိသော်လည်း နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေနှင့် ညီမှသာ ရရှိမည် ဖြစ်ကြောင်း။
ဥပဒေအသစ်တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါဝင်ပြီး အမျိုးသမီးထု ဘေးကင်းလုံခြုံမှုရှိရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ် ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်ကြောင်း၊ ပဋိပက္ခအတွင်း အမျိုးသမီးများ အား လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်၌ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက် မှုပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တရားဥပဒေစိုးမိုးမှု ရရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့်အတူ ပြည်သူ များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
တုံ့ပြန်ဆောင်ရွက်ရေးဆွေးနွေး
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ညွန့် က အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲများအကြောင်းနှင့် မလိုချင်သော ကိုယ်ဝန်ရခြင်းမှ အရေးပေါ် သားဆက်ခြားနည်းဖြင့် ကာကွယ်ခြင်းဆိုင်ရာ ပညာပေးဟောပြောခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒုရဲမှူး သူဇာလွင် က သက်ငယ်မုဒိမ်းနှင့် လူကုန်ကူးမှုကာကွယ်ရေးအကြောင်း ဟောပြောခြင်း၊ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်နွေမိုးအေးက အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုတားဆီးရေးအကြောင်း ဟောပြောခြင်းနှင့် လူမှုဝန်ထမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အကြမ်းဖက်ခြင်းဖြစ်ပေါ် လာပါက တုံ့ပြန်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးဟောပြောကြသည်။
အသိပညာပေးပြောကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် သဲကျွန်း ကျေးရွာရှိ ဥယျာဉ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ပြုစုစောင့်ရှောက်ရန် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန် စံòန်းများကို အသိပညာပေးဆွေးနွေးခြင်းနှင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေအရ ကလေးငယ်များ ခံစားရရှိရမည့် အကောင်းဆုံး အကျိုးစီးပွားနှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားပြီး ကလေးငယ်များအား ကျောင်းသုံးစာအုပ်၊ အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးဝေကြ သည်။
သတင်းစဉ်

No comments:

Post a Comment