Wednesday, July 17, 2019

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို SC Neustar ဘတ်စ်ကားထုတ်လုပ်သည့်စက်ရုံအား ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဇူလိုင် ၁၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိ SC Auto (Myan- mar) Co., Ltd. ၏ SC Neustar ဘတ်စ်ကားထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် SC Neustar ဘတ်စ်ကားများ ထုတ်လုပ်နေမှုကို စက်ရုံတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ထုတ်လုပ်သည့်ယာဉ်များ အ္တရာယ်ကင်းရှင်းစွာ မောင်းနှင်အသုံးပြုနိုင် ရေးအတွက် Testing ကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ CKD စနစ်ဖြင့် ထုတ်လုပ်နေခြင်းဖြစ်၍ အရေအတွက်များများ ထုတ်လုပ်ဖြန့်ချိနိုင်မှသာ စီးပွားရေး တွက်ခြေကိုက်မည်ဖြစ်ကြောင်း၊ ရောင်းချပြီး ကားများအား After Sales Service လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများ ဖွင့်လှစ်ထားရှိရန်လိုကြောင်း၊ ကျွမ်းကျင်လုပ်သားများ ရရှိရေးအတွက်လည်း သင်တန်းများပေးရန်လိုကြောင်း၊ မော်တော်ယာဉ်များအား ရေရှည်အသုံးပြုနိုင်အောင် နိုင်ငံတကာ စံချိန်စံòန်းများနှင့်အညီ အစဉ်ထုတ်လုပ်ရန်လိုကြောင်း။


ဝန်ကြီးဌာနအနေဖြင့် ကနဦး ထုတ်လုပ်သည့် Model အလိုက် အစီး ၁၀၀ ကို စစ်ဆေး၍ Certificate of Approval(CoA) ထုတ်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အခါအားလျော်စွာ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် SC Neustar ဘတ်စ်ကားများ ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
စက်ရုံတွင် SC ဘတ်စ်ကားများအတွက် ဝိုင်ယာကြိုးထုပ်များ အစအဆုံး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ဘတ်စ်ကိုယ်ထည်အစိတ်အပိုင်းအများစုကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကာ စက်ရုံမှ CKDစနစ်ဖြင့် နှစ်စဉ် လူစီး မော်တော်ယာဉ် အစီး ၆၀၀ ထုတ်လုပ်လျက်ရှိကြောင်း၊ အဆိုပါမော်တော်ယာဉ် များကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအို စသည့် အာဆီယံနိုင်ငံများသို့ တင်ပို့ရောင်းချ သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment