Sunday, July 7, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဖိုတိုလစ်သိုပုံနှိပ်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့နှင့်တွေ့ဆုံ

Image may contain: 3 people, people standing and outdoor

ရန်ကုန်   ဇူလိုင်  ၆

ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်  ၁၀  နာရီတွင်   ရန်ကုန်မြို့ တာမွေမြို့နယ်   ငါးထပ်ကြီးဘုရား လမ်းရှိ   ဖိုတိုလစ်သိုပုံနှိပ်စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးသည်  ဖိုတိုလစ်သို စက်ရုံအတွင်း     ပြည်ပမှဝယ်ယူ ရောက်ရှိပြီးဖြစ်သည့်  Sakurai (4) Unit Sheet Fed  ပုံနှိပ်စက်သစ်ကြီး တပ်ဆင်နေမှု၊    CTP   စက်သစ်၊  လာမည့်     ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ  ရိုက်နှိပ်ရန် စီစဉ်ထားရှိမှု၊   ၂၀၂၀   ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  ပုံနှိပ်လုပ်ငန်းများ  ဆောင်ရွက်နေမှု၊ စက္ကူလုံးသိုလှောင်ရုံ၊ ပုံနှိပ်စက်ခန်းနှင့် စာအုပ်ချုပ်ခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်     ဒုတိယဝန်ကြီး သည်  The Global New Light of Myanmar သတင်းစာတိုက်ရှိ သတင်းခန်း၌     စာတည်းအဖွဲ့နှင့် တွေ့ဆုံပြီး သတင်းစာ  အရည်အသွေး ဘက်စုံ  တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊  ဝန်ထမ်းများ ထူးချွန်  ထက်မြက်အောင်   သတင်းဝါသနာ အခြေခံ၍    အာရုံစူးစိုက်ကြိုးစား ဆောင်ရွက်ရေးတို့ကို     မှာကြားပြီး စာတည်းအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြဆွေးနွေး ကြရာ  ဒုတိယဝန်ကြီးက  ပေါင်းစပ် ညှိနှိုင်း      ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

သတင်းစဉ်

No comments:

Post a Comment