Thursday, July 18, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာများ မိတ်ဆုံညစာစားပွဲကျင်းပ

Image may contain: 1 person, sitting and indoor

ရန်ကုန် ဇူလိုင် ၁၇


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာ များ မိတ်ဆုံညစာစားပွဲကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပသည်။


မိတ်ဆုံညစာစားပွဲ မစတင်မီ န်ိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာရေး ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ စာပေနှင့် နှီးနွှယ်သည့် အကြောင်းအရာများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်းဆွေးနွေး ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်က နေပြည်တော်တွင်စာနယ်ဇင်း လောကမှပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည့် အခါ အားလုံးမပါဝင်သည်ကို သတိပြုမိပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ စာနယ်ဇင်း လောကမှာ ကျယ်ပြန့်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂုဏ်သိက္ခာမှာ မိမိတို့နိုင်ငံသူ၊ နိုင်ငံ သားများ၏ ပညာအရည်အချင်းပေါ်တွင် မူတည်ပါကြောင်း၊ ပညာဆိုသည်မှာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်းဟု ယုံကြည်ယူဆပါကြောင်း၊ မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ရန်ဆိုလျှင် ဘ၀ အတွေ့အကြုံနှင့် စာပေအတွေ့အကြုံ များမှာ အရေးကြီးပါကြောင်း၊ မိမိတို့ ပြည်သူ၊ ပြည်သားများ အမြင် ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေး သည့်အတွက် စာပေလောကမှ ပုဂ္ဂိုလ် များကို လေးစားကျေးဇူးတင်ပါကြောင်း၊ မိမိတို့နိုင်ငံမှ စာနယ်ဇင်းပုဂ္ဂိုလ်များအနေဖြင့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသား များ အမြင်ကျယ်ခြင်း၏ ကောင်းကျိုး များနှင့် အမြင်ကျယ်ခြင်းသည် မိမိတို့ လူ့အသိုင်းအဝိုင်းကို မည်သို့ဆောင်ရွက် ပေးနိုင်သည်ကို ပညာပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိရန်၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု တိုးတက်လာစေရန် စာနယ်ဇင်းပုဂ္ဂိုလ် များက ဝိုင်းဝန်းကူညီပေးကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။


ယင်းနောက် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က မိတ်ဆုံညစာစားပွဲ ကျင်းပရ ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် စာရေးဆရာ၊ ဆရာမများ ကိုယ်စား စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာရေးဆရာ၊ ဆရာမများနှင့်အတူ ညစာအတူတကွ သုံးဆောင်သည်။
ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိ သူများ၊ စာရေးဆရာ၊ ဆရာမများ တက်ရောက်ကြသည်။


သတင်းစဉ်

No comments:

Post a Comment