Wednesday, July 31, 2019

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှန်းယန်မြို့တော်ဝန်အား လက်ခံတွေ့ဆုံ



Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃၀




အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် တရုတ်နိုင်ငံ ဟူပေ ပြည်နယ် ရှန်းယန်မြို့တော်ဝန်Mr. QieYingcai နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကျိုးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံလွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် မြန်မာ-တရုတ် လွှတ်တော်ချင်းချစ်ကြည် ရင်းနှီးရေးအသင်းဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment