Monday, July 29, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီး မင်းဘူး၊ စလင်းမြို့နယ်များရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ကူညီ





Image may contain: 10 people, people standing, wedding and outdoor
နေပြည်တော် ဇူလိုင် ၂၈ 




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ဧရာ၀တီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ခဲ့ရသည့် ပြည်သူများကို ဖောင်းလင်းကျေးရွာရှိ ရှင်ပင်ရွှေစောလူးဓမ္မာရုံ တွင် တွေ့ဆုံအားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သည် ကျေးရွာအုပ်စု ခုနစ်စုမှ အိမ်ခြေ ၄၇၁ လုံးအတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်ကျပ် ၂၉၀၆၄၀၀၊ ရှင်ပင်ရွှေစောလူး စေတီတော်မြတ် ကုန်းတော်မြေထိန်းနံရံ ပြုလုပ်ရန်အတွက် အလှူတော်ငွေကျပ်ကျပ် ၆၄ သိန်းတို့ကို ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကလေးသူငယ်များအား အာဟာရမုန့်များနှင့် ကစားစရာအရုပ် များကို ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့တွင် တည်ဆောက်လျက်ရှိသော ရွှေကျွန်း ဆည်းဆာ အဘိုးအဘွားစောင့်ရှောက် ရေးဂေဟာ ဆောက်လုပ်ရာနေရာသို့ ရောက်ရှိကြရာ ဂေဟာစတင်တည်ထောင် သူ ဒေါက်တာကျော်ထက်အောင်နှင့် တာဝန်ရှိသူများက ဂေဟာဖြစ်ပေါ်လာပုံ နှင့် ဂေဟာဆောက်လုပ်ဆဲအခြေအနေ များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့က လိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ဂေဟာ အတွက် ရန်ပုံငွေကျပ်ကျပ် ၁၀ သိန်း ပေးအပ် ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မင်းဘူးမြို့ အောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ထုံးမကြီး ကျေးရွာမှ ရေဘေးအန္တရာယ်ကြောင့် ခေတ္တခိုလှုံနေသော ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြား ပြီး လတ်တလောစားသုံးရန် ရိက္ခာဖိုးငွေကျပ်ကျပ် ၂၁၄၂၀၀၊ ကလေးငယ် များအတွက် စားစရာအာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment