Thursday, June 20, 2019

မြန်မာ-တရုတ် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေး




နေပြည်တော် ဇွန် ၁၉


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Electronic Technology(Group) Corporation(CETC) ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌMr. Xiong Qunli နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာများ ပူးပေါင်းဆောင် ရွက်ရေးကိစ္စ၊ မြန်မာ့တပ်မတော်၏ Electronic နည်းပညာရပ်ဆိုင်ရာများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စ၊ နည်းပညာရပ်ဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

No comments:

Post a Comment