Friday, June 21, 2019

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

Image may contain: 1 person, standing and outdoor


နေပြည်တော် ဇွန် ၂၀


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် ရေဆင်းဆည်အနီး၌ ကျင်းပ သည်။


ပျိုးပင်များစိုက်ပျိုး

သစ်ပင်စိုက်ပျိုးပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က ရတနာ တန်းဝင် မဟော်ဂနီပင်အား ဦးဆောင် စိုက်ပျိုးပေးကြပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက သတ်မှတ်နေရာ အသီးသီးတွင် ပျိုးပင်များအား စိုက်ပျိုး ကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။


ယနေ့ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ၂၀၁၉ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် မဟော်ဂနီပင် ၁၈၉ ပင်၊ မန်ဂျန်ရှားပင် ၁၂၀၀ ၊ ပိတောက်ပင် ၁၀၄၀ ၊ ကျွန်း ၂၂၈၁ ပင် ၊ စုစုပေါင်းပျိုးပင် ၄၇၂၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြရာ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်း ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ များတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၄၁၇၈၃ ပင်အား စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

No comments:

Post a Comment