Thursday, June 27, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးအား ကြည့်ရှုစစ်ဆေး

Image may contain: 2 people, people sitting and indoor


နေပြည်တော် ဇွန် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် ယမန်နေ့ ညနေပိုင်းက ကျိုင်းတုံမြို့ရှိ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်နေမှု၊ ပြတိုက်ငယ် ပြင်ဆင်ထားရှိမှုနှင့် လူထုအခြေပြု ဗဟိုဌာနအဖြစ် အသုံးပြုရန် ခန်းမ ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ကျိုင်းတုံခရိုင်အတွင်းရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းများ၊ တွဲဖက်ပြည်နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးနှင့် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမှ ဝန်ထမ်းများ၊ ကိုယ်ပွားသတင်းစာတိုက်(ကျိုင်းတုံ)မှ ဝန်ထမ်းများကို တွေ့ဆုံ၍ သတင်းအချက်အလက်ထုတ်ပြန်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြောင်းလဲလာသောအခြေအနေ၊ နည်းပညာရပ်များနှင့်အညီ လိုက်လျော ညီထွေစွာ လိုက်ပါပြုပြင်လုပ်ဆောင်ရေး၊ ဝန်ထမ်းတစ်ဦးချင်းမှသည် အဖွဲ့အစည်း ၏ စွမ်းဆောင်ရည်တိုးတက်စေရန် စဉ်ဆက်မပြတ်လေ့လာပြီး ကြိုးပမ်း အားထုတ်လုပ်ဆောင်ရေးတို့ကို မှာကြား ကာ ဝန်ထမ်းများ၏ သတင်းပို့တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment