Wednesday, June 26, 2019

မြန်မာ-ဂျာမနီ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

Image may contain: 2 people, people standing and food
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၅


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mrs. Dorothee Janetzke- Wenzel အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။


အမြင်ချင်းဖလှယ်

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ဂျာမနီ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ အထူးသဖြင့် ပညာရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။


သတင်းစဉ်

No comments:

Post a Comment