Thursday, June 6, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
Image may contain: 11 people, people smiling, people standing
နေပြည်တော် ဇွန် ၅
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယ ရှေ့နေချုပ်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ မြို့တော်ဝန်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များနှင့် လုပ်ငန်း ကော်မတီဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊
သံအမတ်ကြီးများ၊ ပြည်တွင်း ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာ၌ ယနေ့ ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့သည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်ထူးခြား လေးနက်သည့်နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း က္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသားအဆင့် နှင့် ဒေသအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ၂၀၁၉ ခုနှစ် နိုင်ငံတကာ အဆင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို မိမိတို့၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက် ရှိပါကြောင်း။
လေထုညစ်ညမ်းမှု တိုက်ဖျက်စို့
မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားအနေဖြင့် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် ပတ်ဝန်း ကျင်ယိုယွင်း ပျက်စီးမှုဆိုင်ရာ စိန်ခေါ်မှုပြဿနာများထဲတွင် လေထုညစ်ညမ်းမှု ပြဿနာသည် ဦးစားပေး အနေဖြင့် အရေးတကြီး အလေးထားဖြေရှင်း ဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်သည်ကို မီးမောင်းထိုးပြ သည့်အနေဖြင့် ယခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ၏ ဆောင်ပုဒ်အဖြစ် လေထု ညစ်ညမ်းမှု တိုက်ဖျက်စို့ (Beat Air Pollution) ဟု သတ်မှတ်ထားပါကြောင်း။
လူသားများသည် ကောင်းစွာအသက်ရှင် နေထိုင်နိုင်ရန်အတွက် သန့်ရှင်းသည့်ရေကို သောက်သုံးရန်၊ သန့်ရှင်း သည့် အစား အသောက်များကို စားသုံးရန် လိုအပ်သကဲ့သို့ သန့်ရှင်းသည့်လေကို အချိန်တိုင်း နေ့စဉ် ရှူရှိုက်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ အနာရောဂါကင်းရှင်းပြီး တစ်ဦးချင်းစီ ကျန်းမာဖွံ့ဖြိုးမှုမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကောင်းကျိုးအဖြာဖြာကို လုပ်ဆောင်ပေးနိုင် မည်ဖြစ်သည့်အတွက် သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရန် "လေထုညစ်ညမ်းမှု တိုက်ဖျက် စို့" ဆောင်ပုဒ်နှင့် ပြည်သူများ အသိပညာ ပိုမိုနိုးကြားလာစေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း။
လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများနှင့် စပ်လျဉ်းပြီး အိမ်တွင်း၊ ရုံးတွင်း လေထု ညစ်ညမ်းမှု (Indoor Air Pollution)နှင့် ပြင်ပလေထုညစ်ညမ်းမှု (Outdoor Air Pollution)ဟူ၍ နှစ်ပိုင်းခွဲပြီး လေ့လာ ကြည့်နိုင်ပါ ကြောင်း၊ ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိချက် အချို့ကို ကောက်နုတ်ပြောရမည်ဆိုပါက ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်ချက်ပြုတ်နိုင်ရန် အတွက် ထင်း၊ မီးသွေးနှင့် အခြားရုပြွ်ကင်း လောင်စာများကို အသုံးပြုရာမှ အိမ်တွင်းနှင့် စက်ရုံ၊ အလုပ်ရုံအတွင်း လေထုညစ်ညမ်းမှုများ ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်စေပြီး နှစ်စဉ်လူဦးရေ ၄ ဒသမ ၃ သန်းခန့် သေဆုံးနေကြရပါကြောင်း၊ ထို့ပြင် စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများမှ အခိုးအငွေ့ထုတ်လွှတ် မှုများ၊ တောမီးလောင်ကျွမ်းမှုများ၊ သဲနှင့် ဖုန်မှုန့်များပါရှိသည့် မုန်တိုင်းတိုက်ခတ်မှု များကြောင့် ပြင်ပလေထုညစ်ညမ်းမှုဖြစ်စေပြီး နှစ်စဉ်လူဦးရေ ၃ ဒသမ ၇ သန်းခန့် သေဆုံး နေကြရပါကြောင်း၊ အဆိုပါ သေဆုံးမှုများထဲ တွင် မိမိတို့၏ အရှေ့တောင်အာရှနှင့် အနောက် ပစိဖိတ်ဒေသများတွင် ဆုံးရှုံးမှုအများဆုံးဖြစ် ပြီး ကလေးများနှင့် အမျိုးသမီးများသည် ပိုပြီး ခံစားရသည်ဟု လေ့လာသိရှိရပါကြောင်း။
ကာကွယ်ထိန်းချုပ်
ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ဟင်းလင်းပြင်တွင် မီးရှို့ဖျက်ဆီးခြင်းသည် လည်း လေထုညစ်ညမ်းစေပြီး အနီးပတ်ဝန်း ကျင်တွင် နေထိုင်ကြသူများ၏ ကျန်းမာရေး အပေါ် ထိခိုက်မှုအန္တရာယ်ကြီးမားသည့် အပြင် ရာသီဥတုပြောင်းလဲမှုကိုပါ ဖြစ်ပေါ် စေသည့်အတွက် တားဆီးကာကွယ်ထိန်းချုပ် မှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကိန်းဂဏန်းများအရ ကမ္ဘာ့မြို့ပြဒေသများ တွင်နေထိုင်သည့် လူဦးရေ၏ ထက်ဝက်ကျော် သာ သန့်ရှင်းသည့် လေကို ရှူရှိုက်ခွင့်ရကြ သည်ဟု လေ့လာသိရှိရပါကြောင်း။
ထို့ကြောင့် ကမ္ဘာကြီးတွင် လေထု ညစ်ညမ်းမှု ပြဿနာသည် ဦးစားပေးအနေဖြင့် အစဉ်တစိုက် ရေရှည်ဖြေရှင်းဆောင်ရွက် သွားရမည့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိက စိန်ခေါ်မှုတစ်ခုဖြစ်သည်ကို ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ် က ဖော်òန်းနေပါကြောင်း။
လေထုညစ်ညမ်းမှုဖြစ်ပေါ်
ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်များ အရ လေထုညစ်ညမ်းမှုကြောင့် စီးပွားရေး ဆုံးရှုံးမှု နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီ လီယံကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေ ဖြင့် အသုံးပြုနေရပါကြောင်း၊ သာဓကအချို့ကို ပြောရလျှင် အမေရိကန်နိုင်ငံတွင် စွမ်းအင် ထုတ်လုပ်ရာမှ လေထုညစ်ညမ်းမှုဖြစ်ပေါ်ခြင်း ကြောင့် ၂၀၁၁ ခုနှစ်၌ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ်အပါအဝင် စီးပွားရေးအပေါ် ထိခိုက်မှုများအတွက် အမေရိကန် ဒေါ်လာ ၁၃၁ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း၊ အောက်စဖို့ဒ်တက္ကသိုလ်၏ လေ့လာမှုအရ မော်တော်ယာဉ်များနှင့် မီးရထားများကြောင့် လေထုညစ်ညမ်းမှု အတွက် နှစ်စဉ် ပေါင် ခြောက်ဘီလီ ယံခန့် ကုန်ကျနေရကြောင်း၊ ဥရောပပတ်ဝန်းကျင် အေဂျင်စီ (European Environment )၏ လေ့လာတွေ့ရှိချက်အရ ဥရောပ တွင် စက်မှုလုပ်ငန်းပေါင်း ၁၄၀ဝ၀ ကျော်မှ ထုတ်လွှတ်သည့် အခိုးအငွေ့များကြောင့် ၂၀၁၂ ခုနှစ်တွင် ယူရို ၁၈၉ ဘီလီယံခန့် ကုန်ကျခဲ့ရသည်ဟု သိရှိရပါကြောင်း။
အရေးယူဖြေရှင်း
Organization for Economic Co-operation and Development (OECD) ၏ လေ့လာတွေ့ရှိချက်တွင်လည်း ပြင်ပလေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင် ခင် သေဆုံးမှုများအတွက် တစ်က္ဘာလုံး အတိုင်းအတာအနေဖြင့် နှစ်စဉ်ကုန်ကျစရိတ် သည် ၂၀၆၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ထရီလီယံမှ ၂၅ ထရီလီယံအထိ ရှိလာနိုင် သည်ဟု သိရှိရပါကြောင်း၊ မိမိတို့အားလုံး အသက်ရှင်နေထိုင်နိုင်ရန်အတွက် သန့်ရှင်း သည့်လေကို နေ့စဉ်ရှူရှိုက်ခွင့်ရရှိနေရန် အလွန်ပင်အရေးကြီးလှပါကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပ ခဲ့သည့် စတုတ္ထအကြိမ်မြောက် က္ဘာ့ကုလ သမဂ္ဂ ပတ်ဝန်းကျင်ညီလာခံတွင် လေထု ညစ်ညမ်းမှုပြဿနာကို အလျင်အမြန် အရေးယူဖြေရှင်းဆောင်ရွက်ရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်ဟု သိရှိရပါကြောင်း။
မကြာသေးမီကာလအထိ မြန်မာနိုင်ငံ အနေဖြင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ စက်မှုလုပ်ငန်းများစွာ မရှိသေးသည့် အတွက် မြို့ပြဒေသများတွင် လေထုညစ်ညမ်းမှုသည် ဆိုးရွားပြင်းထန်သည့် အခြေအနေလောက် အထိ မဖြစ်ပေါ်သေးပါကြောင်း၊ သို့သော် လည်း ယခုနောက်ပိုင်းကာလများတွင် စက်မှု ဇုန်၊ အထူးစီးပွား ရေးဇုန်များနှင့် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ၊ မြို့ပြ၊ ပို့ဆောင်ရေး၊ အဆောက်အအုံနှင့် မော်တော်ယာဉ် အသုံးပြု မှု များပြားလာမှုများသည် ဘေးအ္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်း များနှင့် အခိုးအငွေ့ထုတ်လွှတ်မှုများ များပြား လာမှုကြောင့် ပတ်ဝန်းကျင်နှင့် လေထု ညစ်ညမ်းမှုပြဿနာများ ဖြစ်ပေါ်လာနိုင်သည့် အတွက် စွန့်ပစ်ပစ္စည်းနှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအမံများကို ကဏ္ဍအသီးသီး တွင် အလေးထား ပေါင်းစပ်နိုင်ရန်အတွက် စနစ်တကျ ကြိုတင်စီမံဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း။
စောင့်ကြည့်လေ့လာ
မိမိတို့၏ ပတ်ဝန်းကျင်တွင် သန့်ရှင်းသည့် လေထုအရည်အသွေးကို ရရှိခံစားနိုင်ရန် လက်တွေ့ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ကို ပြန်ကြည့်မည်ဆိုပါက ပတ်ဝန်းကျင် အထောက်အကူပြုနည်းပညာများ တိုးမြှင့် ဆောင်ရွက်ခြင်း၊ လေထုညစ်ညမ်းမှုနည်းစေ သည့် သန့်စင်သည့် စွမ်းအင်အရင်းအမြစ် များကို ပြောင်းလဲအသုံးပြုခြင်း၊ ရေရှည်တွင် နေရောင်ခြည်၊ လေ၊ ရေ စွမ်းအင်ကဲ့သို့သော ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းမှု မရှိစေ သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဲ့သို့သော အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အများပြည်သူ ပို့ဆောင်ရေးစနစ် ပိုမိုတိုးမြှင့်ပြီး မော်တော် ယာဉ်များ၏ ထုတ်လွှတ်အခိုးအငွေ့အပါအဝင် လေထုအရည်အသွေး စံချိန်စံòန်းများ ချမှတ်ပြီး စနစ်တကျကြပ် မတ်ဆောင် ရွက်ခြင်း၊ စွန့်ပစ်အမှိုက်များကို ဟင်းလင်းပြင်တွင် မီးရှို့ သည့်နည်းကို မသုံးဘဲ စွန့်ပစ်အမှိုက်များကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ အသစ် တစ်ဖန် ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ အသုံးပြုခြင်း၊ အိမ်တွင်း ချက်ပြုတ်မှုများ အတွက် လောင်စာသက်သာပြီး အပူစွမ်းအင် ပိုကောင်းသည့် မီးဖိုများကို ကျေးလက်ဒေသ များတွင် ကျယ်ပြန့်စွာဖြန့်ဝေပေးခြင်း၊ ပတ်ဝန်းကျင် ဆန်းစစ်မှုနှင့် စောင့်ကြည့် လေ့လာခြင်း ဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းများနှင့်အတူ လူတစ်ဦးတစ် ယောက်ချင်းစီ၏ ခံယူချက်၊ လုပ်ဆောင်ချက်များကစပြီး အခြေခံကျကျ ပြုပြင်ပြောင်းလဲသွားရမည် ဖြစ်ပါကြောင်း။
အဆိုပါ လုပ်ငန်းစဉ်များအတွက် ရေရှည် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ တစ်ချိန်တည်းတွင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ကြရန် လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။
ယခုနှစ် နွေရာသီ မတ်လနှင့် ဧပြီလ အတွင်း မြန်မာ-ထိုင်းနယ်စပ်၌ တောမီး လောင်ကျွမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများနှင့် ကြုံတွေ့ခဲ့ရပါ ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘော တူညီချက် uf(ASEAN Agreement on Transboundary Haze Pollution) အရ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု မရှိစေရန် ကာကွယ်ခြင်းနှင့် စောင့်ကြည့် တိုင်းတာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများက နိုင်ငံအတွင်း မီးထိန်းချုပ်ရေး အစီအမံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံများ၊
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပိုမိုအားကောင်းလာ အောင် ညှိနှိုင်း ဆောင်ရွက်သွားရန်လည်း တိုက်တွန်းလိုပါကြောင်း။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု (Myanmar Sustainable Development Plan- MSDP ၏ လမ်းòန်ချက်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်ဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြုပြီးဖြစ်သည့် မြန်မာနိုင်ငံအမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာ ဗျူဟာနှင့် ပင်မအစီအစဉ်များကို ယနေ့ ဖြန့်ဝေထား ပြီးဖြစ်ပါကြောင်း။
လက်တွေ့ကျကျ ပေါင်းစပ်
နိုင်ငံတော်အနေဖြင့် အဆိုပါမူဝါဒများ ထုတ်ပြန်နိုင်ခြင်းအပေါ် များစွာဂုဏ်ယူမိ ပါကြောင်း၊ တစ်ဆက် တည်းတွင် ယင်းမဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ရေတိုရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစသည့် ကဏ္ဍ အသီးသီးတွင် လက်တွေ့ကျကျ ပေါင်းစပ်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက်ထား ပြောကြားလိုပါကြောင်း။
လေထုညစ်ညမ်းမှုသည် ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည့်အတွက် လေထုညစ်ညမ်းမှုကို လျော့နည်းအောင် ပြုလုပ်ခြင်း အားဖြင့် အခြား တစ်ဖက်တွင်လည်း ကမ္ဘာကြီးပူနွေးလာမှု ကြောင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော မှန်လုံ အိမ်အာနိသင်ရှိသည့် ဓာတ်ငွေ့များ လျော့ပါးရေးကို အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့မိတ်ဆက် ဖြန့်ဝေထားပြီးဖြစ်သည့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း စဉ် အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးကို တင်ပြလာသည့် အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လေထု ညစ်ညမ်းမှုကို ကာကွယ်နိုင်မည်ဟု ယုံကြည် ပါကြောင်း။
လက်ရှိထုတ်ပြန် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် လမ်းòန်ချက်များ၊ စည်းမျဉ်း စည်းကမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ မြို့ပြအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ကျောင်းသူ ကျောင်းသားများ၊ ပြည်သူများအနေဖြင့် သိရှိနားလည်ရန်၊ မိမိတို့၏ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ နှင့် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းအသီးသီးတွင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို မဖြစ်မနေ ထည့်သွင်းပေါင်းစပ်ပြီး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာတွင် အောင်မြင်နေသည့် နည်းပညာ၊ အတွေ့အကြုံ များအပေါ် အခြေခံပြီး သဘာဝဂေဟစနစ်နှင့် သယံဇာတများ ရေရှည်တည်တံ့ရေး၊ မှန်လုံ အိမ်ဓာတ် ငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်း မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက် သွားခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ဟန်ချက်ညီသည့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက် ရရှိနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည် ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
ယခုကဲ့သို့ မူဝါဒ၊ မဟာဗျူဟာ၊ ပင်မ လုပ်ငန်းစဉ်များ ထုတ်ပြန်နိုင်ရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း များအတွက် နည်းပညာ၊ ငွေကြေးအထောက် အပံ့ပေးနေသည့် (European Union) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme-UNDP) ၊ ကုလသမဂ္ဂ အခြေချနေထိုင်မှုအစီအစဉ် (UN-Habitat)၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environmental ProgrammeUNEP) ၊ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB)၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations-FAO)၊ ဂျပန်နိုင်ငံ အခြေစိုက် က္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ မဟာ ဗျူဟာအဖွဲ့ (Institute for Global Environmental Strategies-IGES) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (Japan International Cooperation Agency-JICA) ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency- KOICA) ၊ နော်ဝေပတ်ဝန်းကျင်အေဂျင်စီ pfD(Norwegian Environment Agency-NEA) ၊ က္ဘာ့ သဘာဝ၀န်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ (World Wide Fund for NatureWWF) ၊ က္ဘာ့အစိမ်းရောင်ဖွံ့ဖြိုးရေးအဖွဲ့ (Global Green Growth Institute GGGI) စသည့် နိုင်ငံတကာအဖွဲ့အစည်းများ ကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မူဝါဒ ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပါကြောင်း။
လေထုညစ်ညမ်းမှုကို တိုက်ဖျက်
လူသားအားလုံး အသက်ရှင်နေထိုင်နိုင် ရေးအတွက် သန့်ရှင်းသော လေနှင့် ရေသည် မရှိမဖြစ်လိုအပ်သောကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့်လည်း လေထုနှင့် ရေထုညစ်ညမ်းမှု များ ဖြစ်ပေါ်စေနိုင်သည့် ကိစ္စအဝ၀ကို ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ရှောင်ကြဉ်ကြရန် လိုအပ်ပါကြောင်း၊ ပျက်စီး ယိုယွင်းလာသည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကမ္ဘာ့နိုင်ငံများအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာလျှင် အချိန်မီထိန်းသိမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာသူ၊ ကမ္ဘာသားများကလည်း အသိတရား ရှိရှိဖြင့် ပံ့ပိုးကူညီကြမှသာလျှင် ကမ္ဘာ့ ပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။
ခြုံငုံပြီးပြောရမည်ဆိုပါက မိမိတို့၏ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒရေရှည် မျှော်မှန်းချက်ဖြစ်သည့် "မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်နေကြသူအားလုံး၏ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင် ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်း နိုင်ရန်"၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၏ ရည်မှန်းချက်ဖြစ်သည့် "လက်ရှိနှင့် အနာဂတ် မျိုးဆက်များ ချမ်းသာသုခ ရရှိစေရေး အတွက် ရေရှည်တည်တံ့ပြီး ကြွယ်ဝချမ်းသာမှု ရှိကာ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသည့် လူမှု အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်"၊ အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာ နှင့် ပင်မအစီအစဉ်၏ မျှော်မှန်းချက်ဖြစ်သည့် "မြန်မာနိုင်ငံ၏ တောက်ပသောအနာဂတ်ကို ရည်မှန်း၍ ထာဝစဉ်စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားရန်" စသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို အထိမ်းအမှတ်ဆောင်ပုဒ် နှင့်အညီ လေထုညစ် ညမ်းမှုကို တိုက်ဖျက် နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ချမှတ် ထားပြီးဖြစ်ပါကြောင်း။
ဖွံ့ဖြိုးတိုးတက်
ယနေ့အခမ်းအနားကို တက်ရောက် လာကြသည့် ဧည့်သည်တော်များ အပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက် အကူဖြစ်စေသည့် မိမိတို့၏ နေ့စဉ်ပြုမူ နေထိုင်မှုပုံစံများကို ပြုပြင်ပြောင်းလဲပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr.Peter Batchelor က ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်၏သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂပတ်ဝန်း ကျင် အစီအစဉ်(UNEP) အမှုဆောင် òန်ကြားရေးမှူးတို့၏ သဝဏ်လွှာဗီဒီယိုဖိုင် များကို ပြသပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၁၈)နှင့် (၄/၂၀၁၉)တို့၏ အတည်ပြုချက်အရ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒနှင့် မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ မူဝါဒ၊ မဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တို့ကို အတည်ပြုထုတ်ပြန်ပြီး ဖြစ်ကြောင်း အသိပေးကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ၂၀၁၉ ခုနှစ် က္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပ ခဲ့သည့် အလွတ်တမ်း ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဦးနေဦးလွင် (မောင်နေဦး-မြို့ပြ)၊ ဒုတိယဆုရရှိခဲ့သည့် ဒေါ်ညိုညိုအောင် (ညိုညိုအောင်-စိုက်ပျိုးရေး)နှင့် တတိယဆု ရရှိခဲ့သည့် ဦးကျော်ဆွေဦး (ကျော်ဆွေဦး) တို့ထံ ဂုဏ်ပြုဆုတံဆိပ်များကို လည်းကောင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရရှိကြသည့် အခြေခံပညာအထက်တန်း ကျောင်း- ရေနံသာမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆန်းဥ၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း-စမ်းချောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်း၊ အခြေခံ ပညာမူလတန်းကျောင်း-သရက်ပင်ကံဆွယ်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရို့စ်မေရီမင်းနှင့် အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်း-ပင်းတယမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိမိ တို့ထံ ဂုဏ်ပြုဆုတံဆိပ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ် က္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် အလွတ်တမ်းစာစီစာကုံးပြိုင်ပွဲ တွင် ပထမဆုရရှိခဲ့သည့် ဦးဝေယံမိုး၊ ဒုတိယ ဆုရရှိခဲ့သည့် ဦးဝင်းထွန်းနှင့် တတိယဆုရရှိခဲ့ သည့် ဦးနေဇော်အောင်တို့ထံ ဂုဏ်ပြုဆု တံဆိပ်များ ကိုလည်းကောင်း၊ Video clip ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဒေါ်မေဇော် ထွန်း၊ ဒုတိယဆုရရှိခဲ့သည့် ဒေါ်နှင်းအိဝင်း၊ တတိယဆုရရှိခဲ့သည့် ဒေါ်ခင်သ္တာမျိုးနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့် ဦးမင်းစိုးသူရတို့ထံ ဂုဏ်ပြုဆုတံဆိပ်များ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ၂၀၁၉ ခုနှစ် Video clipပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် "သန့်စင် သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့"အသိပညာပေး ဗီဒီယိုဖိုင်ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော် များ၊ ဆုရရှိကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ အတွင်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ ခင်းကျင်းပြ သထား သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုပြကွက်များကို လှည့်လည် ကြည့်ရှုသည်။
သတင်းစဉ်

No comments:

Post a Comment