Saturday, May 4, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ



Image may contain: 1 person, standing, table, food and indoor
ထားဝယ် မေ  ၃

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ် ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာရာ  တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား   တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်   ဦးမြင့်မောင်၊  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ    ဦးခင်မောင်အေး၊ တိုင်းဒေသကြီးတရားလွှတ်တော်     တရားသူကြီးချုပ် ဦးတင်အောင်၊   တိုင်းဒေသကြီးဥပဒေချုပ်   ဦးစိုးမြင့်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊        လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ   တာဝန်ရှိသူများ၊   ဒေသခံများနှင့် ယဉ်ကျေးမှုအဖွဲ့များက   ထားဝယ်လေဆိပ်၌   ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက်   နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့်သည် ထားဝယ်မြို့တော်ခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်နှင့်   တိုင်းဒေသကြီး၊   ခရိုင်၊   မြို့နယ် များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်၍ လမ်းòန်အမှာစကားပြောကြား သည်။

သန္နိဋ္ဌာန်ချထား

နိုင်ငံတော်သမ္မတက      လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံကို   ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်    တည်ဆောက်ရန် အားလုံးက သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်    တည်ဆောက်သည့်ခရီး အောင်မြင်ချောမွေ့စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် သည့်အခါ ယင်းပြုပြင်ပြောင်းလဲမှုများကို တာဝန်ရှိပုဂ္ဂိုလ် များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်သည် နိုင်ငံသူနိုင်ငံသားများအတွက် လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုပေးသည့်  စနစ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထား သည့်အတွက်       တိုင်းရင်းသားလူမျိုးများမပါဘဲနှင့် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်၍ မရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ၎င်းတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက် စေရန် အားပေးကြရမည်ဖြစ်ပါကြောင်း။

မြန်မြန်ဆန်ဆန်တိုးတက်အောင်မြင်

မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံးရပ်တွင်ပါဝင်သည့်  ဌာန ဆိုင်ရာအဖွဲ့အစည်း အသီးသီးရှိ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး ပြုပြင်ပြောင်းလဲမှုတွင် လိုက်ပါဆောင်ရွက်နိုင်မှ အောင် မြင်မည်ဖြစ်ပါကြောင်း၊ CSO များ၊ NGO များ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့်      မီဒီယာများကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရမည်ဖြစ်ပါကြောင်း၊  သို့မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း။

ယနေ့  Globalization ခေတ်ကြီးတွင် ပြုပြင် ပြောင်းလဲမှုမလုပ်ဘဲ နိုင်ငံတော်တိုးတက်၊ တည်ငြိမ်အေး ချမ်း၊ သာယာ၀ပြောနိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုသည် မိမိတို့အားလုံး မဖြစ်မနေ အသိ စိတ်ဓာတ်ရှိရှိဖြင့်   လုပ်ကြရမည့်  တာဝန်တစ်ခုဖြစ်ပါ ကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာကိစ္စ မဟုတ်ပါ ကြောင်း၊ နိုင်ငံသူနိုင်ငံသားများအတွက်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်အတွက် အခွင့်အခါကောင်း ဖြစ်ပါကြောင်း၊ ဒီမိုကရက်တစ်   အုပ်ချုပ်မှုစနစ်ဖြစ်မှသာ   တိုင်းပြည် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မည်   ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးမှ တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊   ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒီမိုကရေစီ ပန်းတိုင်ကို   ချီတက်ခြင်းဖြစ်ပါကြောင်း၊    အလားတူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှ    မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ လှူအခွင့် အရေး အသီးအပွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် များ၊ တောင်ပေါ် မြေပြန့် မခွဲခြားဘဲ အားလုံးတန်းတူညီမျှ ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မြန်တိုးတက်ရန်၊ အောင်မြင်ရန်အတွက်ဆိုလျှင် အားလုံးက ဝိုင်းဝန်းကူညီ ပံ့ပိုးပြီး    တက်ညီလက်ညီလုပ်နိုင်မှ    မြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်မည်ဖြစ်ပါကြောင်း။

တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေ

မိမိတို့သွားချင်သည့် အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေး တရားမျှတ မှုရှိသည့် အုပ်ချုပ်ရေးစနစ် ဖြစ်ပါကြောင်း၊ တရားမျှတ မှုသည် လူတိုင်းနှင့် သက်ဆိုင်ပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှ ဒီမိုကရေစီစနစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ လူသားတိုင်းကို တရားမျှတမှု ပေးနိုင်မှ လူမှုအဖွဲ့အစည်း ခိုင်မာတောင့်တင်းမည်ဖြစ်ပါကြောင်း၊   ဒီမိုကရေစီစနစ်တွင်  အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊  ဥပဒေအရ ညီမျှမှုရှိရမည်ဖြစ်ပါ ကြောင်း၊    တရားဥပဒေစိုးမိုးမှ   ဒီမိုကရေစီခိုင်မြဲမည်၊ လူ့အခွင့်အရေးတောင့်တင်းမည်ဖြစ်ပါကြောင်း၊ တရား ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီအရေး၊ လှူအခွင့်အရေးတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုမရှိလျှင် ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးကို မဖြစ် မနေ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ အုပ်ချုပ်မှု စနစ်သည် တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ် သည့် အုပ်ချုပ်ရေးယန္တရားဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ အုပ်ချုပ်ရေးယန္တရားသည် လှူအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ယ္တရားဖြစ်ရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း။

ပြည်သူကိုအလုပ်အကျွေးပြု

ဒီမိုကရေစီစနစ်တွင် ပြည်သူသာလျှင်အမိ၊ ပြည်သူ သာလျှင်အဖဖြစ်ပါကြောင်း၊ ပြည်သူက တာဝန်ပေးသည့် အတွက် မိမိတို့အားလုံး တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်သည် ပြည်သူကို ဗဟို ပြုရမည်၊ အလုပ်အကျွေးပြုရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဝန်ဆောင်မှုသည်   ပြည်သူကိုအလုပ်အကျွေးပြုသည့် ဝန်ဆောင်မှုသာဖြစ်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူကပေး သည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန် လိုအပ် ပါကြောင်း။

နိုင်ငံတော်၏ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိ အောင်လည်း ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ဝေဖန် ထောက်ပြခြင်းသည် အစိုးရကို တိုက်ခိုက်ခြင်း၊ ပုတ်ခတ် ခြင်းမဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွင် အခြေခံ Mindset များကိုလည်း ပြောင်းလဲပစ်ရမည် ဖြစ်ပါကြောင်း၊     အားလုံးလိုက်ပါ    မပြောင်းလဲပါက အောင်မြင်နိုင်မည်မဟုတ်ပါကြောင်း၊ အစိုးရအဖွဲ့တစ်ဖွဲ့ အပေါ်ပိုင်းပြောင်းရုံနှင့် ပြုပြင်ပြောင်းလဲပြီဟု ပြော၍မရပါ ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် မူဝါဒချခြင်း၊ လုပ်ငန်းလမ်းညွှန်ခြင်းတို့ကိုသာ ဆောင်ရွက်ပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ကြရသည်မှာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အစိုးရများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရများသည်   ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို   အကောင်အထည်ဖော်ရန်   တာဝန်ရှိပါ ကြောင်း၊    တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက အကောင်အထည်မဖော်နိုင်ပါက ပြုပြင်ပြောင်းလဲရေးမှာ ခရီးမရောက်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများ၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်မှန်ကန်မှု၊ မြန်ဆန်မှုတို့အပေါ် မူတည်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း။

မိမိတို့ တာဝန်ပေးလိုက်သည့် လုပ်ငန်းတစ်ခု မည်မျှ ပြီးပြီ၊ မည်သည့်နေရာသို့ ရောက်နေသည်၊ မည်မျှအချိန် ကြာသည်၊ မပြီးသေးဘူးဆိုပါကလည်း မည်သည့်အတွက် ကြောင့် ကြန့်ကြာနေသည်၊ မည်သူ့တွင် တာဝန်ရှိသည်ဆို သည်ကို Follow up လိုက်ရမည်ဖြစ်ပါကြောင်း၊ လိုအပ် ပါက အဆင့်ဆင့် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ လုပ်ငန်းများ လျင်မြန် စွာပြီးပြတ်မည်ဖြစ်ပါကြောင်း။      

ပြုပြင်ပြောင်းလဲမှု အောင်မြင်အောင် တိုက်တွန်းနေ ရခြင်းမှာ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ ကမ္ဘာ့အလယ်တွင် တင့်တယ်စေလိုသည့်အတွက်ကြောင့်   ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ အနေဖြင့် မိမိတို့၏ လက်အောက်ငယ်သားများကို ၎င်းတို့ ၏ စိတ်ခံယူချက်များကို ပြောင်းလဲအောင် ညွှန်ပြပေးရန် လိုအပ်ပါကြောင်း၊  ထို့ပြင် ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ လက်အောက်ငယ်သားများနှင့် သဟဇာတဖြစ်စွာ ပြောဆိုဆက်ဆံရန်လည်းလိုအပ်ပါကြောင်း၊   သို့မှသာ မိမိတို့၏ ပြုပြင်ပြောင်းလဲမှုခရီးသည် အောင်မြင်ချောမွေ့ ပြီး မြန်မြန်ခရီးရောက်မည်ဖြစ်ပါကြောင်း၊   ဒီမိုကရေစီ အခြေခံအုတ်မြစ် တောင့်တင်းခိုင်မာပြီး   အချုပ်အခြာ အာဏာသည် ပြည်သူ၏လက်ဝယ်တွင်သာ  ရှိစေလိုပါ ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က   တနင်္သာရီတိုင်းဒေသကြီး   အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း       ဆောင်ရွက်နေမှုများကို လည်းကောင်း၊      တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက     လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်း၊    တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်  ဦးတင်အောင်က  တရား လွှတ်တော်ရေးရာလုပ်ငန်းများ      ဆောင်ရွက်မှုကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ်       နိုင်ငံတော်သမ္မတက             သိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်ပြီး နိုင်ငံတော် က  ချမှတ်ထားသည့်  မူဝါဒများရှိပါကြောင်း၊ ယင်းမူဝါဒ များနှင့်အညီ  သိမ်းဆည်းလယ်ယာမြေကိစ္စများကို မှန်မှန် ကန်ကန်   စိစစ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊  စွန့်လွှတ်သည့်မြေများကို      မူလပိုင်ရှင်များလက်ဝယ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

ကြပ်မတ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သဘာ၀ပတ်ဝန်းကျင် မပျက်စီးအောင်၊  သန္တာကျောက်တန်းများ  မပျက်စီး အောင် သတိပြု၍ ဂရုတစိုက် ဆောင်ရွက်သင့်ကြောင်း၊ ထို့ပြင် ကျွန်းများတွင် အမှိုက်များ၊ ပလတ်စတစ်စွန့်ပစ်ခြင်း များမရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျွန်းစု များသည် နိုင်ငံတော်ပိုင်ဖြစ်ပါကြောင်း၊  ယင်းအပေါ်တွင် လုပ်ငန်းလုပ်ပိုင်ခွင့်ပေးထားခြင်းသာ   ဖြစ်ပါကြောင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မဖြစ်စေလိုပါကြောင်း၊  တိုင်း ဒေသကြီးအတွင်းရှိ သယံဇာတများသည် တိုင်းဒေသကြီး နှင့် နိုင်ငံတော်အတွက်သာ ဖြစ်စေရမည်ဖြစ်ပါကြောင်း၊ ငါးသယံဇာတများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သယံဇာတများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေး၊ နယ်စပ်ဂိတ် များ လူဝင်/လူထွက်  စနစ်တကျစိစစ်ရေး၊  နယ်ဘက် အုပ်ချုပ်ရေးကိစ္စရပ်များ စနစ်တကျရှိစေရေးတို့ကိုလည်း ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

ဥပဒေပြုသူများအနေဖြင့်လည်း   တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  ဥပဒေပြုရေး၊  အပြန် အလှန်ထိန်းကျောင်းရေးလုပ်ငန်းများကို ဘောင်မကျော်ဘဲ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တရားရေး ကဏ္ဍတွင်လည်း လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေး ရမည် ဖြစ်ပါကြောင်း၊ တရားသူကြီးများအနေဖြင့် ရဲစခန်း အချုပ်၊ ရဲအချုပ်၊ ရဲဘက်စခန်းတို့တွင် လူ့အခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး စစ်ဆေးကြပ်မတ်ပေးစေလိုပါကြောင်း၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးဖြစ်ရန်လိုကြောင်း၊ သက်သေခံပစ္စည်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဘဏ္ဍာငွေ  ဆုံးရှုံးမှုမရှိစေရေး အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲဆောင်ရွက် စေလိုပါကြောင်း။

အားကြိုးမာန်တက် တက်ညီလက်ညီ

မိမိတို့ ပခုံးပေါ်ကျရောက်လာသည့် သမိုင်းပေးတာဝန် တစ်ခုကို  ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အားကြိုးမာန်တက်  တက်ညီလက်ညီ  စည်းစည်းလုံးလုံး  ညီညီ ညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲ သို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့  ရောက်ရှိရာ  ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောင်အသစ်၌  ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင် အဆောက်အဦ ဆောက်လုပ်နေမှု၊  ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ရရှိမှု၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက်  နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ငါးထပ်ဆောင် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထောက်ပံ့ငွေများ ပေးအပ်

ယင်းနောက်  နိုင်ငံတော်သမ္မတသည်  ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင်   တက်ရောက်ကုသမှုခံယူနေကြ သည့် လူနာများကို  လိုက်လံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက်  နိုင်ငံတော်သမ္မတသည်  ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ နှစ်လမ်းသွား ကားလမ်းဖောက်လုပ်မည့် စီမံကိန်းလမ်းပိုင်းအား မော်တော် ယာဉ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အလေးထားဆောင်ရွက်

နိုင်ငံတော်သမ္မတအား မေတ္တာ-ထီးခီးလမ်း ခမောင်း သွယ်တံတားထိပ်  ရှင်းလင်းဆောင်၌  ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမြင့်ဟန် က ထားဝယ်အထူးစီးပွားရေးဇုန်နှင့်  ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ဆက်သွယ်သည့် နှစ်လမ်းသွားကားလမ်း အဆင့် မြှင့်တင်ခြင်း  စီမံကိန်းဆိုင်ရာ  အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တိုင်း ဒေသကြီးနှင့် ပြည်နယ်များ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး နှင့် နိုင်ငံတော်ဘတ်ဂျက်ငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  နယ်မြေဒေသများ ဖွံ့ဖြိုးမှ  တည်ငြိမ်အေးချမ်းမှုရရှိမည်ဖြစ်ပြီး  တည်ငြိမ် အေးချမ်းမှုရှိမှသာ ငြိမ်းချမ်းသာယာမည်ဖြစ်သည့်အတွက် နယ်မြေဒေသ  ဖွံ့ဖြိုးရေးလုပ်ငန်းများကို  အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

သတင်းစဉ်


No comments:

Post a Comment