Thursday, May 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Image may contain: 4 people, indoor



နေပြည်တော် မေ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr. Heuangseng Khamdalavong အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ-လာအို ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေး ကိစ္စရပ်များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်၌ အပြန်အလှန် ထောက်ခံ ပေးသွားရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment