Wednesday, April 3, 2019

ဧရာ၀တီတိုင်းဒေသကြီးအတွင်း ကြိုးတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ကြည့်ရှုစစ်ဆေး




နေပြည်တော် ဧပြီ ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည်  ယနေ့နံနက်ပိုင်းတွင် ပုသိမ်-ကံကုန်း- မြင်းကဆိပ်-မြောင်းမြလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်ခင်း ရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အထူး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အားတံတား ဦးစီးဌာန  အင်ဂျင်နီယာချုပ် ဦးကျော်လင်းက အဆိုပါ လမ်းပေါ်ရှိပမ္မ၀တီတံတား(မြင်းကဆိပ်) ကြိုးတံတားကြံ့ခိုင် ရေးဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက    လိုအပ်ချက်များကို    မှာကြား သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မ-မရမ်းချောင်-မြောင်းမြလမ်းပေါ်တွင် တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂)က ယခင်ကြိုးတံတား အနီးတွင် တံတားသစ် တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ òန်ကြားရေးမှူး(မြို့ပြ)  ဦးဌေးဦးက   ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်ရေးမပြတ် တောက်စေရေး လက်ရှိ ကြိုးတံတားခံနိုင်ဝန်သတ်မှတ်ချက် အတိုင်း  မော်တော်ယာဉ်ငယ်များ   ဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ယာဉ်များကို ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းခွင့်ပြုရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်းပေါ်တွင် တံတား ဦးစီးဌာန တံတားအထူးအဖွဲ့ (၁၅)မှ ဝါးခယ်မ ကြိုးတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် စီမံကိန်း သို့ရောက်ရှိပြီး ဘိုးပိုင်လုပ်ငန်းဆောင်ရွက်ရန်  ကြိုတင် ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယခုအခါ ဝါးခယ်မတံတားမှ ပင်မတံတားကြိုးဆိုင်း များနှင့်ကြမ်းခင်းဘေလီများ        ဖြုတ်သိမ်းပြီးဖြစ်ပါ၍ ရေလယ်ဘိုးပိုင်လုပ်ငန်းများ    ဆောင်ရွက်ရန်အတွက် သံဆင်ခြင်း၊  Stand  Pipe များချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်းပေါ်ရှိ ရွှေလောင်း တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့   ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက ဧရာ၀တီတိုင်းဒေသကြီး မြစ်၀ကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုးတိုးတက်မှုစီမံ ကိန်းတွင်     ပါဝင်သော  တည်ဆောက်ပြီးတံတားများ၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေသည့်တံတား များနှင့် ဆက်လက်ဆောင်ရွက်မည့်တံတားများ၊ သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရန်အတွက် ဆောင်ရွက်ထား ရှိသည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ်   ပြည်ထောင်စုဝန်ကြီးက ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက် နေစဉ်   ခရီးသွားပြည်သူများ   လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက်       ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment