Monday, April 1, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အဖွဲ့ နီပေါရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ၂၀၁၉ သို့ တက်ရောက်




နေပြည်တော် မတ် ၃၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ   ဦးသောင်းထွန်းသည်  နီပေါနိုင်ငံ       ကတ္တမန္ဒူးမြို့တွင်  မတ် ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သော "နီပေါရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ၂၀၁၉" သို့ တက်ရောက်ခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးကို  နီပေါနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဘုတ်အဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှု၊ စီးပွား ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနတို့က နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရန် ပူးတွဲကျင်းပခြင်းဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေး သို့ ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ပကိုယ်စားလှယ်များအပါအဝင် နိုင်ငံ ပေါင်း ၄၀ တို့မှ စုစုပေါင်းကိုယ်စားလှယ် ၁၃၀၀ ကျော်  တက်ရောက်ခဲ့ကြသည်။
ထိပ်သီးအစည်းအဝေး  ဖွင့်ပွဲအခမ်းအနားတွင် နီပေါနိုင်ငံ ဝန်ကြီးချုပ် Mr. K.P. Sharma Oli
 ၊ နီပေါ ဘဏ္ဍာရေးဝန်ကြီး Dr. Yuba Raj Khatiwada နှင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့က အမှာစကား ပြောကြားသည်။  နီပေါဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှု        ဆွဲဆောင်ရာတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးတို့သည်    အရေးပါကြောင်း        ပြောကြားခဲ့ပြီး   ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့ကဲ့သို့ နိုင်ငံများအနေဖြင့် စားနပ်ရိက္ခာဖူလုံ ရေးမှာ အရေးကြီးသဖြင့် စိုက်ပျိုးရေးကို အခြေခံသော စက်မှုကဏ္ဍကို အားပေးမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်လိုအပ်ကြောင်း အကြံပြုပြောကြားသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နီပေါ နိုင်ငံ သမ္မတ H.E. Mrs. Bidya Devi Bhandari
အား နီပေါသမ္မတအိမ်တော်သို့သွားရောက်ဂါရ၀ပြု တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် နီပေါဝန်ကြီးချုပ် H.E. Mr. K.P. Sharma Oli
နှင့် လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Pradeep Kumar Gyawali ၊ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Yuba Raj Khatiwada  နှင့်လည်းကောင်း ၊ စွမ်းအင်၊ ရေအရင်းအမြစ်နှင့် ဆည် မြောင်းဝန်ကြီးဌာနဝန်ကြီး H.E. Mr. Barsaman Pun Ananta နှင့်လည်းကောင်း၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Raghubir Mahaseth
နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး ခရီးသွားလာ ရေးဆိုင်ရာ ကိစ္စရပ်များ၊ လေကြောင်းဆက်သွယ်ရေး အပါအဝင် ဒေသတွင်းနိုင်ငံများအကြား   ချိတ်ဆက် ဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါထိပ်သီးအစည်း အဝေးသို့ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့မှ တက်ရောက် လာကြသော လုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံပွဲသို့ တက်ရောက်၍   မြန်မာနှင့်နီပေါ   နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြား ပြီး       ဒေသခံ ရုပ်/ သံမီဒီယာအချို့နှင့်    တွေ့ဆုံခဲ့      သည်။
ထိပ်သီးအစည်းအဝေးကာလအတွင်း နီပေါနိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပေါင်း ၁၅ ခု တို့ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက် ၁၇ ခု တို့ကို လက်ခံရရှိကြောင်းလည်း  သိရှိရသည်။ မြန်မာနိုင်ငံ        လိုင်စင်ရကန်ထရိုက်တာများအသင်းနှင့်   နီပေါနိုင်ငံ ကန်ထရိုက်တာများ အသင်းချုပ် (Federation of Contractors’ Associations of Nepal) တို့သည် လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန် လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိပ်သီးအစည်းအဝေးသို့   တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။                                          
သတင်းစဉ်



No comments:

Post a Comment