Tuesday, April 16, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အင်ဒိုနီးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲ လေ့လာရန် ရန်ကုန်မြို့မှ ထွက်ခွာ




Image may contain: 7 people, people smiling, people standing, suit and indoor
နေပြည်တော် ဧပြီ ၁၅



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာရန်အတွက် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွား သည်။
ပို့ဆောင်နှုတ်ဆက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အ¸ခွဲတို့မှ တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
တာဝန်ရှိသူများလိုက်ပါ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment