Monday, April 8, 2019

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

Image may contain: 2 people, people sitting, flower, table and indoor

နေပြည်တော် ဧပြီ ၇

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော်သတင်းစာတိုက် ဘိုး၀ဇီရခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်      ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  ဖေမြင့်က  အဖွင့်အမှာ စကားပြောကြားရာတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ   ထုတ်ဝေနေ သည့်    သတင်းစာသုံးစောင်သည် တိုင်းပြည်အတွက်   တန်ဖိုးရှိသော၊ အများပြည်သူကို   သတင်းအချက် အလက်ပေးသော   တာဝန်များကို ထမ်းဆောင်နေပါကြောင်း၊    ထိုသို့ သတင်းအချက်အလက်ပေးရာတွင် အစိုးရမှ     ဆောင်ရွက်နေသည့် အကြောင်းအရာများကို  ပြည်သူထံ အစီရင်ခံတင်ပြခြင်းနှင့် အရပ်ရပ်မှ ဖြစ်ပေါ်နေသည့်    သတင်းများကို အများပြည်သူထံ  အသိပေးခြင်းဟူ သော တာဝန်နှစ်ခုကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း။

လိုက်ပါပြောင်းလဲရမည်ဖြစ်

နိုင်ငံပိုင်သတင်းစာများအနေဖြင့် သတင်းစာဖတ်ပရိသတ်များ   အသိ ပညာ၊ ဗဟုသုတများရရှိစေပြီး အများ ပြည်သူ၏ဆန္ဒနှင့်  တစ်သားတည်း ရှိသည့်   သတင်းစာများဖြစ်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာတွင် ပုံနှိပ်သတင်းစာ များ  ဖတ်ရှုမှု  လျော့နည်းကျဆင်းလာ ပါကြောင်း၊ ပုံနှိပ်သတင်းစာများအစား အီလက်ထရွန်နစ်  စာအုပ်စာစောင် များ၊  သတင်းများကိုသာ  ဖတ်ရှုမှု များလာပါကြောင်း၊      နည်းပညာ ပြောင်းလဲလာသည့်အတွက် သတင်း များကို အွန်လိုင်းမှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ နေရာပေါင်း မြောက်မြား စွာကို ပေးပို့နိုင်ပြီး သတင်းဖြန့်ချိမှု ပုံစံပြောင်းလဲနေပြီ ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့်   အနေအထား တွင်    မိမိတို့သည်လည်း   လိုက်ပါ ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ ထို့သို့ ပြောင်းလဲနိုင်ရန်အတွက်   လိုအပ် သည်များကို    ပြုပြင်ပြောင်းလဲ လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။

မဖြစ်မနေလိုအပ်လာ
သတင်းနှင့်   စာနယ်ဇင်းလုပ်ငန်း အနေဖြင့် သတင်းများ မှန်ကန်ရန်၊ မြန်ဆန်ရန်နှင့် မျှတရန်တို့အတွက် အချိန်နှင့်တစ်ပြေးညီ  လုပ်ဆောင်ကြ သည့်အခါ   ခေတ်၏တောင်းဆိုချက် အရ  ဒစ်ဂျစ်တယ်သတင်းကဏ္ဍသည် မဖြစ်မနေ    လိုအပ်လာပါကြောင်း၊ ပုံနှိပ်သတင်းစာများသည်   တစ်နိုင်ငံ လုံး၊   တစ်က္ဘာလုံးပျံ့နှံ့ရန်   အကန့် အသတ်ရှိသည့်အတွက်   ယင်းကို ဒစ်ဂျစ်တယ်နည်းပညာနှင့် ကျော်လွှား ရမည်ဖြစ်ပါကြောင်း။

ဒစ်ဂျစ်တယ်    နည်းပညာနှင့် ဆောင်ရွက်မှသာ  ထိရောက်မည်ဖြစ် သည့်အတွက် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက      သတင်းပိုင်းဆိုင်ရာ ဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ယခုအခါ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအနေဖြင့်   Myanmar Digital   News  (MDN) ဒစ်ဂျစ်တယ်သတင်းစာကို    စတင် မိတ်ဆက်ပေးထားပြီးဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်သတင်းစာကို   အသစ် အသစ်သော  နည်းပညာများအပေါ် တွင်အခြေခံပြီး   လိုက်ပါပြောင်းလဲ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ နည်းပညာအသစ် အသုံးပြုနိုင်ရန် အတွက်   လုပ်ငန်းစဉ်များကိုလည်း ပြောင်းလဲဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

အနှစ်သာရပြည့်၀စေရေးလိုအပ်

ထို့ပြင် လက်ရှိအချိန်တွင် ပုံနှိပ် ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံ    သတင်းစာနှစ်စောင်နှင့်  The Global  New  Light of  Myanmar  သတင်းစာများကိုလည်း အသွင်သ္ဌာန်၊  အနှစ်သာရ  ပိုမို ပြည့်၀စေရေး လုပ်ဆောင်ရန် လိုအပ် ပါကြောင်း၊     သတင်းများကိုလည်း မတူညီသော ရှုထောင့်အမြင်များဖြင့် ချဉ်းကပ်ရေးသားသည့်ပုံစံဖြင့် ပြုပြင် ပြောင်းလဲဖော်ပြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ သို့မှသာ အသွင်သ္ဌာန် ကွဲပြားသည့် သတင်းစာများ ဖြစ်လာ မည်ဖြစ်ပါကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က မြန်မာ့အလင်းသတင်းစာတိုက်မှ ပေးအပ်သည့်  သတင်းထူးချွန်ဆုရရှိသူ   ပိန်းဇလုပ်သိန်းညွန့် ၊  ရဲခေါင်ညွန့်နှင့်  ဇင်ဦး (မြန်မာ့အလင်း)  တို့အား  ဆု များ ပေးအပ်ချီးမြှင့်သည်။

ဆုများပေးအပ်ချီးမြှင့်

ဆက်လက်၍    ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကြေးမုံသတင်း စာတိုက်မှပေးအပ်သည့်   သတင်း ထူးချွန်ဆုရရှိသူ ဇော်ကြီး(ပဏီတ)၊  ဝင်းနိုင်(ကချင်မြေ)နှင့်     ဝင်းဦး (ဇေယျာတိုင်း)တို့ကို  ဆုများပေးအပ် ချီးမြှင့်သည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကြေးမုံသတင်းစာ တိုက်မှ ပေးအပ်သည့် ဓာတ်ပုံထူးချွန် ဆု ရရှိသူ   စိုးညွန့် ၊  မောင်ယဉ်ကျေးနှင့်  အောင်မင်း(မြောင်းမြ)တို့အား  ဆု များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက်    မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က မြန်မာ့အလင်း   သတင်းစာတိုက်မှ ပေးအပ်သည့်    သတင်းဆောင်းပါး ထူးချွန်ဆုရရှိသူ  မင်းထက်အောင် (မန်းကိုယ်ပွား)နှင့်   ရှင်မင်းတို့ကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ်က မြန်မာ့အလင်းသတင်းစာ တိုက်မှပေးအပ်သည့်  သတင်းဆောင်း ပါးထူးချွန်ဆုရသူ     သန်းထိုက် (လှိုင်သာယာ)နှင့် ကြေးမုံသတင်းစာ တိုက်မှပေးအပ်သည့်    ဆောင်းပါး ထူးချွန်ဆုရရှိသူ     ကိုရင်ဩတို့အား လည်းကောင်း၊  ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က မြန်မာအလင်း   သတင်းစာတိုက်မှ ပေးအပ်သည့် သတင်းဓာတ်ပုံ ထူးချွန် ဆုရရှိသူ   ချမ်းသာ(မိတ္ထီလာ) နှင့် သန်းဇော်မင်း (ပြန်/ဆက်)တို့အား လည်းကောင်း  ဆုများပေးအပ်ချီးမြှင့် ကြသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ထို့နောက် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း  ခေတ္တဦးဆောင်òန်ကြား ရေးမှူးက  ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူများ၊  သင်တန်းထူးချွန် ဆုနှင့် ကြော်ငြာအများဆုံး ထည့်သွင်း သည့်   ကုမ္ပဏီများအား   ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက် ဦးဆောင်ညွှန်ကြား ရေးမှူး(ငြိမ်း)   ဦးသန်းမောင်၊ ဟံသာ ၀တီ ဦးအုန်းကြိုင်၊   ဦးကျော်ကျော် လှိုင်(Smart)နှင့် ကြေးမုံသတင်းစာ တိုက်   စာတည်းမှူးချုပ်   (ငြိမ်း) ဦးမြင့်ဆွေတို့က     မုဒိတာစကား ပြောကြားကြသည်။

ထို့နောက်    ပြည်သူ့အကျိုးပြု နိုင်ငံ့သတင်းစာ ဗီဒီယိုမှတ်တမ်းကို ပြသပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဗလာမပါကံစမ်းမဲ   ဖောက်ပေးသည့် အစီအစဉ်ကို ကျင်းပရာ  ကံစမ်းမဲဆု ကြီးများ ကံထူးသည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်     အမြဲတမ်းအတွင်းဝန်တို့က ဆုများပေးအပ်ကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင်  ပြည်ထောင်စု ဝန်ကြီး၊      ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများ၊ ဆုရရှိသူ များနှင့်အတူ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်း နှင့် စာနယ်ဇင်းလုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင်  သတင်းနှင့်  စာနယ်ဇင်း ကော်ပိုရေးရှင်းအဖြစ်  စတင်သန္ဓေ တည်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဧပြီ ၁ ရက် တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အဖြစ် ပြောင်းလဲဖွဲ့စည်း ဖြစ်တည်လာ ခဲ့ရာ ယခုဆိုလျှင် ၂၁ နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment