Wednesday, April 24, 2019

ထာ၀ရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး၊ နယ်စပ်နှင့်တောင်တန်းဒေသများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် နေပြည်တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် တည်ဆောက်ရေးတို့အတွက် အလှူငွေများလှူဒါန်း





Image may contain: 7 people, people smiling, people standing and indoor
ရန်ကုန် ဧပြီ ၂၃


 

ထာ၀ရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရေး၊ နယ်စပ်နှင့် တောင်တန်းဒေသများတွင် သာသနာပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် နေပြည်တော်ရှိ ဓမ္မသာလာ နှစ်ထပ် ဆောင် တည်ဆောက်ရေးတို့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင် ဦးဇော်မိုးခိုင် + ဒေါက်တာစောနေနွယ် (AA Medical Product Ltd. နှင့် Pacific AA Foundation) မိသားစု က ထာ၀ရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် ငွေကျပ်ကျပ် သိန်း ၂၀၀၀ ၊ နယ်စပ်နှင့် တောင်တန်း ဒေသများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ် သိန်း ၄၀၀ နှင့် နေပြည်တော်ရှိ ဓမ္မသာလာ နှစ်ထပ်ဆောင် တည်ဆောက်ရေး အတွက် ငွေကျပ်သိန်း ၁၀၀ ၊ ဦးဝင်းဖေ+ ဒေါ်ရွှေချော၊ သမီး မနီလာ၊ သီဟသုဓမ္မ သိင်္ဂီ မနန်းဝါ မိသားစုက ထာ၀ရငြိမ်းချမ်း ရေး စေတီတော်တည်ထားကိုးကွယ်ရေး အတွက် ငွေကျပ်ကျပ် သိန်း ၁၀၀၀ ၊ နေပြည် တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် တည်ဆောက်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ၊ ဦးသိန်းဝင်းဇော် + သီဟသုဓမ္မသိင်္ဂီ ဒေါ်တင်လတ်မင်း၊ သား မောင်ဝင်းပိုင် ကျော် ၊ သမီး မသိမ့်ဝင်းထက် (ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်) မိသားစုက ထာ၀ရ ငြိမ်းချမ်းရေးစေတီတော် တည်ထား ကိုးကွယ်ရေး၊ နယ်စပ်နှင့်တောင်တန်း ဒေသများတွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် နေပြည်တော်ရှိ ဓမ္မသာလာနှစ်ထပ်ဆောင် တည်ဆောက် ရေးတို့အတွက် ငွေကျပ်သိန်း ၁၀၀ စီနှင့် ရန်ကုန်မြို့ သာသနာရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ လျှပ်စစ်မီးတပ်ဆင်ရေး အတွက် ငွေကျပ်ကျပ် သိန်း ၂၀ တို့ကို ပေးအပ် လှူဒါန်းကြရာ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် သာသနာရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးတို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လှူဒါန်းမှုတို့အတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြား သည်။ သတင်းစဉ်

No comments:

Post a Comment