Friday, March 1, 2019

ဝါရှင်တန်-ပြုံယမ်း ထိပ်သီးအစည်းအဝေး ရလဒ်ထွက်ပေါ်မှုမရှိဘဲ အဆုံးသတ်
Image may contain: 3 people, people sitting
ဟနွိုင်း ဖေဖော်ဝါရီ ၂၈
အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲ သဘောတူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့ရ ကြောင်း ယနေ့ အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရ သည်။
အစည်းအဝေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များက မြောက်ကိုရီးယားနိုင်ငံအား စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် မျှော်လင့်ချက်ဖြင့် ကြိုးပမ်း ခဲ့ကြသော်လည်း နှစ်ဖက်သဘောတူညီမှုရရှိခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရသည်။
ပြုံယမ်းအနေဖြင့် ၄င်းအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပေးစေလိုသည်။ ဝါရှင်တန်အနေဖြင့် ယင်းကဲ့သို့ ဖြေလျှော့ပေးရန် ဆန္ဒမရှိ သေးပေ။ အဆိုပါအချက်သည် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး အကြား ကွဲလွဲသည့် ထင်မြင်ယူဆချက်ပင်ဖြစ်သည်။ သို့သော် မတူကွဲပြားသည့် သဘောထားများကို အပြန် အလှန်နားလည်နိုင်စေရန် ပိုမိုကြိုးစားကာ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရမည်ဖြစ်သည်ဟု သမ္မတထရန့်က ဆိုသည်။
ယခုအချိန်တွင် သမ္မတထရန့်နှင့် ခေါင်းဆောင်ကင်တို့ အကြား မတူကွဲပြားသည့်သဘောထားများရှိသည်။ သို့သော် အဆိုပါမတူကွဲပြားမှုများကို ကြိုးစားညှိယူနိုင် မည်ဟု မျှော်လင့်ပါကြောင်း သမ္မတထရန့်က ဝါရှင်တန် မြို့သို့ ပြန်လည်မထွက်ခွာမီ မီဒီယာသို့ ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ ညောင်ဗြုံးမြို့ရှိ နျူကလီးယား လက်နက်ပစ်လွှတ်ရာနေရာများကို ပြုံယမ်းက အပြီးတိုင် ဖျက်သိမ်းရန် ဆန္ဒရှိပြီး အပြန်အလှန်အားဖြင့် ဝါရှင်တန် ဘက်ကလည်း ပြုံယမ်းအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ခေါင်းဆောင်ကင်က တောင်းဆိုထားသည်ဟု သမ္မတထရန့်က ဆိုသည်။
ထို့ပြင် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပစ်လွှတ်စမ်းသပ်မှုများကို ထပ်မံလုပ်ဆောင် မည်မဟုတ်ကြောင်း ခေါင်းဆောင်ကင်က ကတိပြုခဲ့သည် ဟု သမ္မတ ထရန့်က ပြောကြားခဲ့သည်။
သို့သော် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို နောက် တစ်ကြိမ် ကျင်းပရန် အစီအစဉ်မရှိသေးပါကြောင်း သမ္မတထရန့်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲပြီးနောက် သမ္မတ ထရန့်က ဝါရှင်တန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ခေါင်းဆောင်ကင်က ဟနွိုင်းမြို့တွင် ရက်အနည်းငယ်ခန့် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment