နေပြည်တော် မတ် ၂၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ဂျပန်နိုင်ငံ
တရားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E. Mr. Hiroyuki Tsuji
နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ၊ မြန်မာနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့်ပညာရေး၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ဂျပန်နိုင်ငံအနေဖြင့် အစဉ်တစိုက် အားပေးကူညီဆောင်ရွက်လျက် ရှိသည့်ကိစ်္စ၊ နှစ်နိုင်ငံလွှတ်တော်များ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြု ရေး၊ တရားစီရင်ရေးဆိုင်ရာကိစ်္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင် ၀င်း၊ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉဏစိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment