Monday, March 25, 2019

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကျောင်းသုံးစာအုပ်များ အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်နိုင်ရေးနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကပုံနှိပ်တိုက်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၊ ပုဂ္ဂလိကပုံနှိပ်တိုက်များအား ကြည့်ရှုစစ်ဆေး


Image may contain: 9 people, people smiling, people standing



ရန်ကုန် မတ် ၂၄
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျောင်းသုံးစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ပုဂ္ဂလိကပုံနှိပ်တိုက်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။


တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တစ်နိုင်ငံလုံး အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းသုံးစာအုပ်များ အချိန်မီ ပုံနှိပ်၊ ထုတ်လုပ်ပြီးစီးနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေး ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် အပတ်က မ္တလေးမြို့ရှိ ပုံနှိပ်စက်ရုံများကို သွားရောက်စစ်ဆေးရာ လုပ်ငန်းအတော် အသင့်ပြီးစီးနေသည်ကို တွေ့ရကြောင်း၊ ကျောင်းဖွင့်ချိန်အမီ အရည်အသွေး ပြည့်မီသည့် ကျောင်းသုံးစာအုပ်များ ကျောင်းသားများ လက်ဝယ်ရောက်ရှိရန် အရေးကြီးပါကြောင်း၊ ယနေ့တွင် ရန်ကုန် မြို့ရှိ နိုင်ငံပိုင်ပုံနှိပ်စက်ရုံများနှင့် ပုဂ္ဂလိက ပုံနှိပ်တိုက်များ၏ တိုးတက်မှု၊ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို သိရှိလို ကြောင်း ပြောကြားသည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင် မျိုးမြင့်နှင့် ဒုတိယòန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် အခြေခံပညာကျောင်းသုံးစာအုပ် များ ပုံနှိပ်၊ ထုတ်လုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။


ဆွေးနွေးတင်ပြ

ယင်းနောက် ပုဂ္ဂလိကပုံနှိပ်တိုက် များမှ တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြပြီး အစည်း အဝေးသို့ တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။
ပိုမိုကောင်းမွန်အောင်ဆောင်ရွက်
ထို့နောက် ဒုတိယဝန်ကြီးက ပုံနှိပ် စက်ရုံများ၏ သဘာဝဘေးအ္တရာယ်၊ မီးဘေးအန္တရာယ်ကို အထူးသတိပြုကြ ရန်၊ ကျောင်းသုံးစာအုပ်များ၏ အရည် အသွေးပိုင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် ကျောင်းသုံးစာအုပ် များ ပုံနှိပ်၊ ထုတ်လုပ်ရာ၌ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးကို ပူးပေါင်း၍ အားစိုက်ဆောင်ရွက်ကြရန် မှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် စက်မှုဇုန်(၁)ရှိ Royalပုံနှိပ်တိုက်၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် စက်မှုဇုန်ရှိ နှစ်သစ်ဦးပုံနှိပ် တိုက်နှင့် စိုးပုံနှိပ်တိုက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၁) ရှိ 7 Day ပုံနှိပ်တိုက်၊ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ်၊ စက်မှုဇုန် (၁)ရှိMPPA Bin-ding ၊ စတားအင်ပါယာပုံနှိပ်တိုက်နှင့် Intelligent Print Solutions Co., Ltd -IPS စက္ကူနှင့် ခရိုင်ပို့ဆောင် စာအုပ်သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေး သည်။


သတင်းစဉ်

No comments:

Post a Comment