ပုသိမ် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ လေးကျွန်းရန်အောင်ဖောင်တော်ဦး စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် များ အသစ်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်ဝင်းအတွင်း၌ ကျင်းပ သည်။
အခမ်းအနားတွင် တက်ရောက် လာသည့် ဧည့်ပရိသတ်များက နိုင်ငံ တော် ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒန္တ ဝိသုတ၊ ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင် သာဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ပြီး၊ ဆရာတော်၊ သံဃာ တော်အရှင်သူမြတ်များထံမှ မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဇောတိကဓဇ ဘဒ္တ စန္ဒိမာဘိဝံသ သန်လျင်မြို့ မင်း ကျောင်း ပထမပြန်စာသင်တိုက်ဆရာ တော်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒန္တသောဘိတ ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက် ဆရာတော်ကြီး တို့ထံမှ ဩဝါဒကထာများ နာယူကြသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် တိုင်းဒေသကြီး
ဦးလှမိုးအောင်တို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်များအား ဆရာတော်၊ သံဃာတော်မြတ်များထံ ဆက်ကပ်ကြသည်။ ထို့နောက် ဦးဇေသီဟ နှင့် အကယ်ဒမီ နန္ဒာလှိုင် (ဇေကမ္ဘာမိသား စု) တို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပွဲအခမ်းအနား အတွက် အလှူတော်ငွေကျပ်သိန်း (၅၀၀) နှင့် လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော်မြတ်ကြီး အဝင်လမ်းမကြီးခင်းရန်အတွက် အလှူ တော်ငွေကျပ်သိန်း (၄၀၀) ကို ပေးအပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ ဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ဦးခင်ရွှေတို့က သာသနာရေးဆိုင်ရာ ကိစ္စများ လျှောက်ထားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် အလှူရှင်မိသားစုများ၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော် ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မော်ကျွန်းဆရာတော် ဒေါက်တာ ဘဒန္တ စိန္တိတာလင်္ကာရ အရှင် သူမြတ်ထံမှ အနုမောဒနာတရား နာကြား ပြီး ဒုတိယကျိုက်ထီးဆောင်းဆရာတော် အရှင်သူမြတ်က လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလှူရှင် ဇေကမ္ဘာမိသားစုအမှူးပြုသော ဘုရား ဒါယကာ၊ ဒါယိကာမများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်များကို ဒေဝါဝင်း၊ ရာဇာဝင်း ခြံရံလျက် ပင့်ဆောင်ကာ စေတီတော် မြတ်ကြီးအား လင်္ကျာရစ် တစ်ပတ် လှည့်လည်အပူဇော်ခံပြီး စေတီတော် အထွတ်သို့ တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment