Tuesday, February 5, 2019

အလာဗက်ကို သုံးဂိုးပြတ်နိုင်ပြီး ရီးယဲလ်မက်ဒရစ်အသင်း ဘာစီလိုနာနဲ့ ရမှတ်တူရန် ရှစ်မှတ်ကွာ အနေအထားကို ရောက်ရှိလာ
Image may contain: 2 people, people playing sports, stadium and outdoor
ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ် ၂၂ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အလာဗက်အသင်းနဲ့ ပွဲစဉ်မှာ သုံးဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန်မိနစ် ၃၀ မှာ ဘင်ဇီမာ၊ မိနစ် ၈၀ မှာ ဗင်နီစီယပ်ဂျူနီယာ နဲ့ မိနစ် ၉၀ မှာ မာရီယာနိုတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အခုနိုင်ပွဲ ကြောင့် အမှတ်ပေးဇယားတတိယနေရာမှာ ရမှတ် ၄၂ မှတ်နဲ့ ထိပ်ဆုံး က ဘာစီလိုနာအသင်းရဲ့ရမှတ်နဲ့ တူညီဖို့ ရှစ်မှတ်ကွာအနေအထား ကို ရောက်ရှိလာပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းက ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယားဒုတိယနေရာ က အက်သလက် တီကိုမက်ဒရစ် အသင်းနဲ့ နှစ်မှတ်ကွာနေပြီး အက် သလက်တီကိုမက်ဒရစ်အသင်းကတော့ ရီးယဲလ်ဘက် တစ်အသင်း ကို ရှုံးခဲ့တာကြောင့် ဘာစီလိုနာအသင်းကို လိုက်မီဖို့ ခြောက်မှတ်လိုအပ် နေတာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပွဲကျပ်ကာလလို့ဆိုရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်မှာ ဘာစီလို နာအသင်းနဲ့ စပိန်ကိုပါဒယ်ရေး ဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်၊ ဖေဖော်ဝါရီ ၉ ရက်မှာ အက်သလက် တီကိုမက်ဒရစ်အသင်းနဲ့ စပိန်လာလီဂါပွဲစဉ်ကစားရမှာဖြစ်သလို ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း အေဂျက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။ငွေကြယ် - ရေးသားသည်

No comments:

Post a Comment