နေပြည်တော် ဖေဖော်ဝါရီ ၂၅
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ထုံးဘိုရှိ တပ်မတော် အကြီးစားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံ အတွင်း မော်တော်ယာဉ်အတွက် လိုအပ် သည့် အစိတ်အပိုင်းများ ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ထားရှိမှု၊ Machine Shop နှင့် Diesel Engine Manufacturing Plant အတွင်း လိုင်းများအတွင်းရှိ အင်ဂျင် ထုတ်လုပ်သည့် လိုင်းများရှိ စက်ပစ္စည်း များအား လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် စက်ရုံဝန်ထမ်းများအား တွေ့ဆုံ၍ ၂၀၁၆ ခုနှစ်တွင် စက်ရုံအား တပ်မတော်မှ လွှဲပြောင်းရယူပြီးချိန်၌ ရပ်တန့်နေသော မော်တော်ယာဉ်နှင့် အင်ဂျင်အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ပြန်လည်ထုတ်လုပ်နိုင်ရန် ဆောင်ရွက် ခဲ့ပြီး ယခုအခါမော်တော်ယာဉ်များ စတင် ထုတ်လုပ်နိုင်နေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပထမဆုံးကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ်များအား စတင်ထုတ် လုပ်နိုင်ခဲ့ပြီဖြစ်ရာ အစီး ၁၀၀ မြောက် ထုတ်လုပ်ပြီးစီးနိုင်၍ ဂုဏ်ပြုပါကြောင်း ပြောကြားကာ စက်ရုံဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ တပ်မတော်အကြီးစား စက်ရုံ(ထုံးဘို)သည် ယခင်က အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင် ရွက်၍ Mazada Jeep ၊ B -600၊ T-2000 ၊ မော်တော်ယာဉ်များထုတ်လုပ် ခဲ့ကာ ၂၀၁၆ ခုနှစ်တွင် တပ်မတော်မှ လွှဲပြောင်းရယူခဲ့ပြီး ယခုအခါ မော်တော် ယာဉ်များအား ဆက်လက်တပ်ဆင် ထုတ်လုပ်လျက်ရှိသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်မြို့ သရေခေတ္တရာ မြို့ဟောင်း အတွင်း၌ရှိသည့် လေယာဉ်ကွင်းသို့ ရောက်ရှိပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ လေယာဉ်ကွင်းအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
No comments:
Post a Comment