နေပြည်တော် ဖေဖော်ဝါရီ ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့နံနက် ၉ နာရီခွဲတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ asmine Ngapali Resort ဟိုတယ်၌ ကျင်းပသည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉ ) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) ဖွင့်ပွဲအခမ်း အနားကို ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ အား အလားအလာရှိသည့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း (JETRO) နှင့် Myanmar Survey Research Co., Ltd.(MSR)နှင့် ပုဂ္ဂလိကကဏ္ဍမှ ကုမ်္ပဏီများ၏ ပံ့ပိုး ကူညီမှုဖြင့် ကျင်းပခြင်းဖြစ်သည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးဝင်း ခိုင်၊ ဦးသောင်းထွန်းနှင့် ဦးအုန်းမောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၀န်ကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ၊ ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် သတင်း မီဒီယာများ တက်ရောက်ကြသည်။
အခွင့်အလမ်းများ အပြည့်ရှိနေ
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားရာ၌ တာဝန်ယူမှုရှိပြီး ကောင်းမွန်စွာအကောင် အထည်ဖော်ဆောင်ရွက်မည့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများက နိုင်ငံ၏ စီးပွားရေး အနာဂတ်အလားအလာ ဖော်ဆောင်ရာတွင် ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းဆီ တွန်း တင်ရန်အတွက် အရေးပါသည့် အခန်း ကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲက ရှာဖွေဖော်ထုတ်ခြင်း မပြုလုပ်ရသေး သော အခွင့်အလမ်းများ အပြည့်ရှိနေ သည့် ရခိုင်ပြည်နယ်ကို ဖော်ထုတ်ပြသ ပေးသွားမည်ဖြစ်ပါကြောင်း၊ ခင်မင် ရင်းနှီးဖော်ရွေပြီး ၎င်းင်းတို့ဒေသ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် စိတ်အားထက်သန် နေသည့် ပြည်သူများက ရင်းနှီးမြှုပ်နှံသူ များကို ကြိုဆိုလျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပုဂ်္ဂလိကကဏ္ဍမှ အသုံးပြုလိုက်သည့် ငွေကြေးတိုင်းသည် ရခိုင်ပြည်နယ်၏ ရခိုင်ပြည်သူ ပြည်သားများအတွက် ပြန်လည်ထူထောင်ရေးကို အထောက် အကူဖြစ်စေပါကြောင်း။
စီမံကိန်းအသစ်များကို မျှဝေခဲ့
ပြီးခဲ့သည့်လက နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ် ၁၆၀၀ ခန့် တက်ရောက်ခဲ့သည့် Invest Myanmar Summit 2019 တွင် လမ်း၊ လေဆိပ်၊ တည်ဆောက်ရေးစီမံကိန်း များမှ စက်မှုဇုန်များနှင့် မြို့သစ်များ တည်ဆောက်ရေး စီမံကိန်းများအထိ ပါဝင်သော ရခိုင်ပြည်နယ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း အသစ် များကို မျှဝေခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်းများသည် စီမံကိန်းဘဏ်တွင် ပါဝင်ပြီး ယင်းစီမံကိန်းများ စတင်သည့် အခါ တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်၏ မိန့်ခွန်းအား စာမျက်နှာ ၃ တွင် သီးခြား ဖော်ပြထားပါသည်။)
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဖွင့်ပွဲအထိမ်းအမှတ် ပန်းချီကားနှင့် ပန်းစည်းတို့ကို ပေးအပ်သည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ်္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဟိုတယ်အတွင်း ခင်းကျင်းပြသထားသည့် ၀န်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ်္ပဏီ များ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ဆိုင်ရာပြခန်းများ၊ ရခိုင်တိုင်းရင်းသား ရိုးရာ အထည်ရက်လုပ်မှုပြခန်းနှင့် ရိုးရာယဉ်ကျေးမှုပြခန်းတို့ကို လှည့်လည် ကြည့်ရှုအားပေးသည်။
အထောက်အပံ့တစ်ခုဖြစ်
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ သည် ပြည်နယ်အတွင်းရှိ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်းကျင်အခြေအနေကို မြှင့်တင်ပေးနိုင်မည့်အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သတင်းအချက် အလက်များကို မျှဝေနိုင်မည်ဖြစ်သဖြင့် ရခိုင်ပြည်နယ်သို့ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည့် အထောက်အပံ့တစ်ခုဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment