နေပြည်တော် ဖေဖော်ဝါရီ ၂၆
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ
(၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ
Hotel Max ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ
တက်ရောက်အဖွင့်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေး သည် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၄/၂၀၁၉)ဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည့် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ပထမဆုံးအကြိမ်အစည်းအဝေး ဖြစ်ပါကြောင်း၊ ယခင်က ဗဟိုကော်မတီဖွဲ့စည်းပုံတွင် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်း ကိုယ်စားပြုအဖွဲ့ဝင်နှင့်
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းကိုယ်စားပြုအဖွဲ့ဝင် စုစုပေါင်း နှစ်ဦးသာပါရှိခဲ့ပါကြောင်း၊ ယခုဗဟိုကော်မတီသစ်တွင် တတ်သိ ပညာရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်း ကိုယ်စားလှယ် စုစုပေါင်းခြောက်ဦး ထည့် သွင်းဖွဲ့စည်းထားပါကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အတွေ့အကြုံများနှင့် အကြံ ဉာဏ်များကို ရယူနိုင်မည်ဖြစ်ပြီး ယခင်က ထက် ပိုမိုပြီးလက်တွေ့ဆန်သည့် လုပ်ငန်း စဉ်များ ချမှတ်နိုင်ရေးကို အထောက် အကူပြုမည်ဟု မျှော်လင့်ပါကြောင်း။
ပွင့်လင်းမြင်သာမှုရှိစွာ ညှိနှိုင်း
ထို့ပြင် ခရီးသွားလုပ်ငန်းကော်မတီ နှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအသီးသီးတွင်လည်း အလားတူ တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းမည်ဖြစ် သည့်အတွက် လုပ်ငန်းရပ်များကို ပိုမို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ညှိနှိုင်း ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း။
ဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်း
၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ၂၅ နှစ်ခန့်ကျင့်သုံးခဲ့သည့် ဥပဒေအဟောင်း သည် ထိုအချိန် ကာလ၏အခြေအနေ တောင်းဆိုမှုအရ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို အစိုးရအဖွဲ့ကသာစီမံခန့်ခွဲ ဆောင်ရွက်နေရာမှ ပုဂ္ဂလိကကဏ္ဍကို လုပ်ငန်းလုပ်ကိုင်ခွင့်များ ခွင့်ပြုရန် ဆိုသည့် အဓိကဦးတည်ချက်ဖြင့် ရေးဆွဲခဲ့ သည့်ဥပဒေဖြစ်ပါကြောင်း၊ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ တိုးတက် ပြောင်းလဲလာသည့် ကမ္ဘာ့ခရီးသွား လုပ်ငန်းအခြေအနေနှင့် Decentrali- zation စနစ်အရ ပြည်ထောင်စု၏ စီမံ ခန့်ခွဲမှုကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များကို Power Sharingအရ ခွဲဝေစီမံ ခန့်ခွဲမှုပြုနိုင်ရန် အဓိကဦးတည်ပြီး ယခု ဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါကြောင်း။
ယခုဥပဒေအသစ်တွင် မူဝါဒများ နှင့် စီမံကိန်းလုပ်ငန်းလမ်းညွှန်ချက်များ ညှိနှိုင်း ချမှတ်ရန်အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ခရီးစဉ်ဒေသများဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ခရီးသွား လုပ်ငန်းကော်မတီကိုလည်းကောင်း၊ ယခင်ကဝန်ကြီးဌာနကသာ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းလိုင်စင် ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်ဒေသ အလိုက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ အစိုးရဌာနများ၊ ပုဂ္ဂလိကခရီး သွားလုပ်ငန်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ဒေသအလိုက်ခရီး သည်များ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထားဆောင်ရွက် နိုင်ရန် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီကိုလည်းကောင်း ကော်မတီ (၃) ရပ် ဖွဲ့စည်းဆောင်ရွက် သွားရန်ပါရှိ ပါကြောင်း။
အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်
ထို့ကြောင့် ယင်းဥပဒေသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကထက်ညှိနှိုင်းပူးပေါင်းဆောင် ရွက်မှုပိုမိုရရှိလာစေမည်ဖြစ်ပြီး မိမိတို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် ခရီးသွား လုပ်ငန်း ဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီဝင်များဖြစ် သည့် ပြည်ထောင်စုဝန်ကြီးများ၊ဝန်ကြီးချုပ်များအနေဖြင့် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍကို ယခင်ကထက်ပိုပြီး ထဲထဲဝင်ဝင် သိရှိကာ မိမိလုပ်ငန်းနယ်ပယ်နှင့် မိမိ ဒေသအလိုက် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဥစ္စာရင်လို ဥစ္စာ ရင်ခဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။
ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လို
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ပုဂ္ဂလိကဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်မှုများအား ကြီးကြပ်ကွပ်ကဲစီမံခန့်ခွဲသည့် ကိစ္စရပ် များကို ခွဲဝေပေးလိုက်သော်လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၏ အရည်အသွေးအဆင့်အတန်းများကို နိုင်ငံတကာအဆင့်မီအောင်လိုအပ်သည့် စံနှုန်းများ၊ လုပ်ငန်းလိုအပ်ချက်များ ချမှတ်ရေး၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီချမှတ်နိုင် ရေး၊ မြန်မာနိုင်ငံခရီးစဉ်ဒေသကို ကမ္ဘာ ပေါ်တွင် ပိုမိုထင်ရှား ပေါ်လွင်သိရှိအောင် မြှင့်တင်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းစသည်တို့ကို ပိုမိုအလေးထား လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ သတိပေးလိုသည်မှာ ယခုဥပဒေအသစ် အရ လုပ်ငန်းများကိုလွှဲပြောင်းပေးနေ သည့် ကနဦးကာလနှင့် နည်းဥပဒေ၊ အမိန့်များရေးဆွဲထုတ်ပြန်ရန် ဆောင်ရွက် နေသည့် ကာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိဒေသကော်မတီများက လုံးလုံးလျားလျား မဆောင်ရွက်နိုင်သေး သည့် ကာလအတွင်းလိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ပံ့ပိုးကူညီဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် ဒေသ ဆိုင်ရာခရီးသွား ကော်မတီများက လျင်မြန်စွာ တာဝန်ယူဆောင်ရွက်နိုင် ရေးကိုဦးတည်ပြီး လိုအပ်သည့် အမိန့်များ၊ နည်းဥပဒေများ၊ ရေးဆွဲထုတ်ပြန်နိုင်ရေး အတွက် တင်ပြကြမည်ဟု သိရပါကြောင်း၊ ထို့ကြောင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေမူဘောင်နှင့်အညီ ဆက်လက်ဦးစား ပေးဆောင်ရွက်ကြမည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ဆွေးနွေးကြစေလိုပါကြောင်း။
မြန်မာနိုင်ငံသည် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါ က ခရီးသွား အရင်းအမြစ်အလွန်ပေါများ သော်လည်း အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်အရေအတွက်သည် မျှော်မှန်းထားသည့် အရေအတွက်ထက် နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်ပိုမိုရောက်ရှိရန်အတွက် Look East မူဝါဒချမှတ်ပြီး အာဆီယံနှင့် ဆွေးနွေးဖက်အာရှနိုင်ငံများမှ ခရီးသည် များပိုမိုဖိတ်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ဗီဇာ ဖြေလျှော့ပေးသည့် အစီအစဉ်များကို စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း။
ခရီးသည် ဝင်ရောက်မှု
ကနဦးအနေဖြင့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဟောင်ကောင်နှင့် မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ မှ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင် သူ ခရီးသွားဧည့်သည်များကို ဗီဇာ ကင်းလွတ်ခွင့် (Visa Exemption)နှင့် လေကြောင်းမှ လာရောက်သည့် တရုတ် နှင့်အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည် များကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ခွင့်ပြုပေးခြင်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယင်းအစီ အစဉ်သည် အထောက်အပံ့တစ်ခုဖြစ်ခဲ့ပြီး ယင်းနိုင်ငံများက ခရီးသည်များ တိုးတက် လာရောက်ခဲ့ကာ စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်တွင် တစ်နှစ်လုံးအနေဖြင့် က္ဘာလှည့်ခရီးသည်စုစုပေါင်း ၃ ဒသမ ၅၅ သန်းဝင်ရောက်ခဲ့ပါကြောင်း၊ ယခင်၂၀၁၇ ခုနှစ်က ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ၃ ဒသမ ၄၄ သန်း နှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၁၅ ရာခိုင်နှုန်းတိုးတက်လာသည် ကို တွေ့ရပါကြောင်း၊ ထိုသို့ ဆက်လက်ပြီး ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရန် နှင့် ခရီးသည်များ ပိုမိုလာရောက်ရေး အတွက် လိုအပ်သည့် နည်းဗျူဟာများ ရှာကြံတွေးဆချမှတ်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။
ရိုးရာပွဲတော်များ ရှာဖွေဖော်ထုတ်
ယနေ့အချိန်အခါတွင် ဆောင်ရွက် နေဆဲဖြစ်သည့် Tourism Resources များကွဲပြားခြားနားစွာရှိကြသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူ လူထုပါဝင်ဆောင်ရွက်နိုင်သည့် Comm- unity Based Tourism ကဲ့သို့သော ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ခြင်း၊ ထင်ရှားကျော်စောပြီးသည့် ခရီးစဉ် ဒေသများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ် မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများပိုမို ဖိတ်ခေါ်ခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံ များနှင့် ရိုးရာပွဲတော်များရှာဖွေဖော်ထုတ် ပြီး တစ်နှစ်တာလုံးလည်ပတ်နိုင်သည့် ခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ခြင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆောင် ရွက်နေကြသည့် ခေတ်နှင့်အညီ နည်း ပညာသုံးစွဲပြီးထိရောက်သည့် ဈေးကွက် မြှင့်တင်ရေးနည်းဗျူဟာများကို ချမှတ် အကောင်အထည်ဖော်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိက၏ ပူးပေါင်းဆောင်ရွက်မှုပိုမို မြှင့်တင်ခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းပါကြောင်း ပြော ကြားသည်။
ဥပဒေအသစ်ပြဋ္ဌာန်းပြီးဖြစ်
ထို့နောက် ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်း မောင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေအသစ်ပြဋ္ဌာန်းပြီးဖြစ်၍ နည်း ဥပဒေ ဆက်လက်ရေးဆွဲဆောင်ရွက်နေမှု၊ Infrastructure များဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ တည်းခိုနေထိုင် မှု အဆင့်အတန်းမြင့်မားရေး၊ လုပ်ငန်း လိုင်စင်များလွယ်ကူအဆင်ပြေစွာခွင့်ပြု ရေး၊ ခရီးစဉ်ဒေသများသန့်ရှင်းသာယာ လှပရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီး မပျောက်ပျက် စေရန်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ ရိုးရာအစား အသောက်များ မြှင့်တင်ကြော်ငြာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေး ကိစ္စရပ်များ အလေးထားဆောင်ရွက် ရေးကိုဆွေးနွေးတင်ပြသည်။
အတည်ပြုချက်ရယူ
ယင်းနောက် ဗဟိုကော်မတီအတွင်း ရေးမှူးက ဗဟိုကော်မတီ၏ (၁/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားမှုအခြေအနေ၊ ကော်မတီများ ဖွဲ့စည်းခွင့်နှင့် အမိန့်ထုတ် ပြန်ချက်များကို ဗဟိုကော်မတီသို့ တင်ပြ ပြီး အတည်ပြုချက်ရယူသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေနှင့် ဒေါက်တာမြင့်ထွေးတို့က ကမ္ဘာ့လှည့်ခရီးသွားများ၏ လုံခြုံရေး ဆောင်ရွက်ပေးနေမှု၊ ခရီးစဉ်ဒေသများသို့ လေကြောင်းလိုင်းများတိုက်ရိုက်ပျံသန်းနိုင်ရေး၊ ဗီဇာခွင့်ပြုပေးနေမှု၊ အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ဝင်/ထွက်ပေါက် ဖွင့်လှစ်ဆောင်ရွက်နေမှု၊ နယ်စပ်ဖြတ် သန်းခွင့် လက်မှတ်များအဆင့်မြှင့်တင် ဆောင်ရွက်နေမှု၊ နယ်စပ် ဝင်/ထွက် ပေါက်များမှ ဗီဇာကင်းလွတ်ခွင့်နှင့် အပြန် အလှန် ဝင်ရောက်ခွင့်ပြုနိုင်ရေးညှိနှိုင်း ဆောင်ရွက်နေမှု၊ ဗီဇာစစ်ဆေးရေးကိစ္စ များကို ဖြေလျှော့ဆောင်ရွက်သွားမည့်အစီအစဉ်၊ ကမ္ဘာ့လှည့်ခရီးသွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုနှင့် ဝန်ကြီးဌာနအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင် များ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး များ၊ နေပြည်တော်ကောင်စီဝင်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရီးသွားလုပ်ငန်းပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများ ထိန်းသိမ်းထားရှိမှုနှင့် လာရောက်လေ့လာမှု၊ ခရီးသွားများ ပိုမိုစိတ်ဝင်စားမှု ရှိလာစေရေး၊ လျှပ်စစ် မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ ခရီး စဉ်လေ့လာစရာနေရာများဖော်ထုတ် ဆောင်ရွက်နေမှု၊ ဖြေလျှော့ပေးရမည့် ကိစ္စရပ်များနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေး ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြသည်။
အကျိုးရှိအောင် အကောင်အထည်ဖော်
တင်ပြချက်များနှင့် စပ်လျဉ်းပြီး ဒုတိယသမ္မတက သုံးသပ်ဆွေးနွေးရာ ပြည်ထောင်စု၏ စီမံခန့်ခွဲမှုကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို Power Sharingအရခွဲဝေစီမံခန့်ခွဲမှု ပြုနိုင်ရန် အဓိကဦးတည်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေသစ်ကို ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းဥပဒေကို လက်တွေ့ကျင့်သုံးပြီး အကျိုးရှိအောင် အကောင်အထည်ဖော်သွားရန် လိုအပ်ပါ ကြောင်း။
စနစ်တကျ ရေးဆွဲဆောင်ရွက်
မိမိတို့နိုင်ငံတွင် ရှိပြီးသား ခရီးသွား လုပ်ငန်းအရင်းအမြစ်များကို ထိထိ ရောက်ရောက် အကျိုးရှိရှိသုံးစွဲနိုင်ရန် မှာလည်း အရေးကြီးပါကြောင်း၊ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး^ပြည်နယ်အစိုးရနှင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါ ကြောင်း၊ အားလုံးတက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် မျှော်လင့်ထားသည့်အတိုင်း အောင်မြင်မှု ရရှိမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ကိုလည်းစနစ်တကျ ရေးဆွဲဆောင် ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြား သည်။ သတင်းစဉ်

No comments:
Post a Comment