Monday, February 25, 2019

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး


Image may contain: 3 people, people sitting, table and indoor 


နေပြည်တော် ဖေဖော်ဝါရီ ၂၄


အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက အိန္ဒိယ သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏Logistic Divi- sion မှ Special Secretary, Shri N. Sivasailam နှင့် အဖွဲ့ကို တွေ့ဆုံပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်စည်၊ ဝန်ဆောင်မှုနှင့် လူပုဂ္ဂိုလ် ဖြတ်သန်းသွားလာရေးအတွက် အုပ်ချုပ် မှုကိစ္စရပ်များ လျင်မြန်ချောမွေ့စေရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ တွေ့ဆုံဆွေးနွေးသည်။


ထို့ပြင် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှဥက္ကဋ္ဌ ဦးထွန်းလွင် တို့ပါဝင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်က အိန္ဒိယ သမ္မတနိုင်ငံ နယူးဒေလီမြို့ရှိMinistry of Consumer Affairs, Food and Public Distribution မှ Senior Economic Advisor, Shri Rohit Kumar Parmar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာ နိုင်ငံ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့အပါ အဝင် ပဲမျိုးစုံအား အိန္ဒိယနိုင်ငံသို့ တင်ပို့ နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ပဲတင်သွင်းမှု မူဝါဒပိုင်းဆိုင်ရာ ဖြေလျှော့ ပေးစေလိုသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ပူးပေါင်း၍ မြန်မာနိုင်ငံမှ ပဲမျိုးစုံတိုးမြှင့် တင်ပို့နိုင်ရေးနှင့် နောင်လာမည့်နှစ်များ တွင်လည်း မြန်မာနိုင်ငံမှ ပဲများ အိန္ဒိယ နိုင်ငံသို့ ဆက်လက်တိုးမြှင့်တင်ပို့နိုင် ရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။


ဆက်လက်၍ သံအမတ်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတ နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန အာဆီယံဌာနခွဲမှJoint Secretary, Shri Rajneesh နှင့် အဖွဲ့ ကို တွေ့ဆုံကာ မြန်မာနိုင်ငံမှ ပဲမျိုးစုံအား အိန္ဒိယနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး နည်းလမ်းများနှင့် ပူးပေါင်းဆောင်ရွက် လိုသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment