Friday, January 18, 2019

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပုံမှန်သတင်းထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပ
Image may contain: one or more people and people on stage
နေပြည်တော် ဇန်နဝါရီ ၁၇
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပုံမှန်သတင်းထုတ်ပြန်ခြင်း(၁/၂၀၁၉) အခမ်းအနားကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ရုံးအမှတ်(၂၇) နေပြည်တော်၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ဗို့အားပြည့်ဝသုံးနိုင်ရေး
အခမ်းအနားတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ် များအတွင်း ဖြတ်သန်း၍ ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အား လိုင်း ၄၀ ဒသမ ၄၈ မိုင် ၆၆/၃၃/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံနှင့် မော်လမြိုင် ဓာတ်အားခွဲရုံ Switch Bay Extension လုပ်ငန်းဆောင် ရွက်ခဲ့မှု နှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှု၊ ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသများရှိ ပြည်သူများ လူမှုဘ၀တိုးတက်ရေးအတွက် လိုအပ် သော လျှပ်စစ် ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်မှ ရရှိသုံးစွဲနိုင်ရန် ၆၆ ကေဗွီ ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၉ ဒသမ ၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် မှုအခြေအနေ၊ ဧရာဝတီတိုင်း ဒေသကြီး ငရုပ်ကောင်း တောင် မြို့နယ်နှင့် ငရုပ်ကောင်းမြို့နယ်များ ရှိ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၅ ဒသမ ၅၄ မိုင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ငွေဆောင် မြို့နယ်များရှိ ဒေသနေပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားကို ရရှိသုံးစွဲနိုင် ရေးနှင့် ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရေးတို့ အတွက် ၆၆ ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း ၁၄ ဒသမ ၉၂ မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှု၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည် နယ်တို့တွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု အခြေအနေ၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် အတွင်း မြိုင်ပေနက်ရှာဖွေရေး အစမ်း တွင်းအမှတ်(၁) တူးဖော်မည့်အခြေ အနေ၊ ပုဂ္ဂလိကစက်သုံးဆီ သိုလှောင် ကန်စခန်းများနှင့် အရောင်း ဆိုင်များ မှ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီများ သတ်မှတ် အရည်အသွေးနှင့် အခြင် အတွယ် မှန်ကန်ပြည့်ဝမှု ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးအရေးယူ ဆောင်ရွက်မှုများ ယခုထက်ပို၍ တိုးမြှင့်ပြုလုပ် ဆောင်ရွက်သွားမည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ် တောက်မှု လျော့နည်း စေရေးနှင့် ဗို့အားပြည့်မီစွာ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ကြီးဌာန မူဝါဒအရ ဓာတ်အားလိုင်းများ ကြိုတင်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ဆောင် ရွက်ပြီးစီး မှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့သည်။
တက်ရောက်
အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment