Friday, January 25, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting and indoor
နေပြည်တော် ဇန်နဝါရီ ၂၄
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကိုရီးယားသမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လီတဲဟို အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာ အစိုးရ ၏ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ကိုရီးယားသမ္မတနိုင်ငံမှ အကူအညီများ တိုးမြှင့်ပေးသွား မည့်ကိစ္စ၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများဖွံ့ဖြိုးတိုး တက်ရေးအတွက် ကိုရီးယား သမ္မတနိုင်ငံမှ Samuel Undong စီမံကိန်းဖြင့် အကူအညီပေးနေသည့်ကိစ္စ၊ ၂၀၁၉ ခုနှစ်အတွင်း အာဆီယံ-ကိုရီးယားဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်း အဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေးများကျင်းပရေးကိစ္စများနှင့် မြန်မာ နိုင်ငံ အသွင်ကူးပြောင်းဆဲကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကျော်လွှားရေးအတွက် ကူညီပံ့ပိုးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment