Saturday, January 26, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှော်ဘီနှင့် လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ပညာသင်ကြား သင်ယူနေမှုများ ကြည့်ရှုအားပေး


Image may contain: 6 people, people smiling


ရန်ကုန် ဇန်န၀ါရီ ၂၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် ကုလားကုန်းကျေးရွာအုပ်စုရှိ မူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြား သင်ယူနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အဖွဲ့ဝင်များအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည်ွု တန်းမှ ကျောင်းသား ကျောင်းသူလေး များ၏ ပညာသင်ကြား သင်ယူနေမှု၊ ကျောင်းသင်ခန်းစာ စာအုပ်တွင် ၎င်းင်းတို့နှစ်သက်ရာပန်းချီများ ရေးဆွဲထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများကိုယ်တိုင် ဆန်းသစ်တီထွင် ဖန်တီးထားသည့် စက်္ကူချိုးအရုပ်ကားချပ်များကို ကြည့်ရှု အားပေးသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် သတ်္တမတန်း၊ ဆဋ္ဌမတန်း၊ ပဉ်္စမတန်း၊ စတုတ်္ထတန်း၊ တတိယတန်း၊ ဒုတိယတန်းစာသင်ခန်း တို့တွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးပြီး အနာဂတ်တွင် ကျန်းမာ ကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးအတွက် အာဟာရ ပြည့်ဝစွာ စားသုံးကြရေး၊ အစားအစာကို လေလွင့်မှုမရှိစေရန် စနစ်တကျ စား သောက်ကြရေးနှင့် စာကိုကြိုးစားသင်ယူ ရေးတို့ကို မှာကြားကာ ကျောင်း၏ လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေး
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ကျောင်း စာကြည့်တိုက်တွင် မိဘဆရာအသင်းမှ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာ ကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံပြီး ကျောင်း၏ လိုအပ်ချက်များကို မေးမြန်း ကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် မှော်ဘီမြို့ရှိ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ မှော်ဘီမြို့နယ် ကုလားကုန်း ကျေးရွာအုပ်စုရှိ မူလတန်းလွန်ကျောင်း တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄၉ ဦးတို့ ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
ထို့မှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် အဖွဲ့ဝင်များနှင့် အတူ လှိုင်သာယာမြို့နယ် တပင်ရွှေထီး လမ်း (၂)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ သွား ရောက်ပြီး အဋ္ဌမတန်း၊ သတ်္တမတန်း နှင့် ဆဋ္ဌမတန်းစာသင်ခန်းတို့တွင် ကျောင်းသား ကျောင်းသူလေးများ၏ ပညာသင်ကြားသင်ယူနေမှုနှင့် ကျောင်း ပရ၀ဏ်အတွင်း ကျောင်းသား၊ ကျောင်းသူ များကိုယ်တိုင် စိုက်ပျိုးထားသည့် သစ်ခွ ခြံကို ကြည့်ရှုအားပေးသည်။
လိုအပ်သည်များ ဖြည့်ဆည်းပေး
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် ကျောင်းခန်းမ၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံပြီး ကျောင်း၏ လိုအပ်ချက်များ ကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင် လက်ရှိ ကျောင်းသား ကျောင်းသူစုစုပေါင်း ၂၈၈၉ ဦး ပညာ သင်ကြားလျက်ရှိပြီး တက်္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ၁၄ ဒသမ ၉၉ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်တွင် ၁၉ ဒသမ ၂၉ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ၁၉ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရ သည်။
ကြည့်ရှုအားပေး
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် အဖွဲ့ဝင်များနှင့် အတူ လှိုင်သာယာမြို့နယ် အမှတ်(၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မြ၀တီလမ်းဆုံ ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၅) အခြေခံပညာအလယ်တန်း ကျောင်းသို့ သွားရောက်ပြီးKG တန်း၊ ဒုတိယတန်းနှင့် စတုတ်္ထတန်းစာသင်ခန်း တို့တွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးကာ ကျောင်းလိုအပ်ချက်များ ကို မေးမြန်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အခြေခံပညာအထက်တန်းကျောင်း ခွဲ၊ အမှတ် (၅) အခြေခံပညာအလယ် တန်းကျောင်းတွင်KG တန်းမှ ဒသမ တန်းအထိ လက်ရှိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၁၀၀ ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ လှိုင်သာယာမြို့နယ် (၂)ရပ်ကွက် ဗထူး (၈)လမ်းရှိ အမှတ်(၁၉) အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက် ပြီး KG တန်းနှင့် ပထမတန်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားသင်ယူနေမှုနှင့် ၎င်းင်းတို့ ကိုယ်တိုင် ဆန်းသစ်တီထွင် ဖန်တီးထား သည့် စက်္ကူချိုး အရုပ်ကားချပ်များကို လည်းကောင်း၊ မူလတန်းနှင့် အလယ် တန်းအဆင့် ကျောင်းပြင်ပပညာရေး သင်ကြားပေးနေမှုကို လည်းကောင်း ကြည့်ရှုအားပေးသည်။
ထိုသို့ လှည့်လည်ကြည့်ရှုအားပေး ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က ကျောင်းသား၊ ကျောင်းသူများ၏ ၀ါသနာ နှင့် အနာဂတ်ပန်းတိုင် ရည်မှန်းချက် များနှင့် ပညာရည် ပိုမိုတိုးတက်မြင့်မား ရေးအတွက် လိုအပ်ချက်များကို မေးမြန်း ကာ ကျောင်းစာကြည့်တိုက်တွင် စာပေ ဗဟုသုတ ရှာမှီးဖတ်ရှုလေ့လာရေး၊ ဉဏစွမ်းရည်သာမက ကာယစွမ်းရည် ပါ တိုးတက်မြင့်မားစေရေးအတွက် အားကစားကို အချိန်ပေးလေ့ကျင့်နိုင်စေ ရေး၊ စာကို ကြိုးစားသင်ယူရုံသာမက မြန်မာစာပေကဗျာများ၏ အနှစ်သာရ နှင့် အတွေးအခေါ်အယူအဆများကို နားလည်သဘောပေါက်အောင် ကြိုးပမ်း သင်ယူရေး၊ အနာဂတ်မြန်မာ့ပညာရေး လောကတွင် ကျောင်းဆရာ၊ ကျောင်း ဆရာမ အချိုးအစားမျှတစေရေးအတွက် ကျောင်းသားများအနေဖြင့် နိုင်ငံတော် ကို များစွာအကျိုးပြုနိုင်ပြီး ပညာဝေငှ ပေးနိုင်သည့် ကျောင်းဆရာအလုပ်ကိုပါ အနာဂတ်ပန်းတိုင် ရည်မှန်းချက်အဖြစ် ထည့်သွင်းမျှော်မှန်း ထားရှိရေးတို့ကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်သည် အဖွဲ့ဝင်များနှင့် အတူ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြသည်။ သတင်းစဉ်

No comments:

Post a Comment