Monday, January 28, 2019

ပြည်သူ့လွှတ်တော်ဥက်္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာ - ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင်စိုက်ပျိုး

Image may contain: 1 person

ရန်ကုန်    ဇန်န၀ါရီ      ၂၇
တတိယအကြိမ်မြောက်  မြန်မာ-ဂျပန်  ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း ကျင်းပသည်။
 ရှေးဦးစွာ နံနက် ၉ နာရီတွင် မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို  ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး၊    အမိမြန်မာပြည်ရုပ်တုခန်းမ၌ ကျင်းပရာ  ပြည်သှူလွှတ်တော်ဥက်္ကဋ္ဌ ဦးတီခွန်မြတ်က  အမှာ စကားပြောကြားရာ၌  တတိယအကြိမ်မြောက် မြန်မာ-ဂျပန် ချစ်ကြည်ရေးချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ကျင်းပနိုင်မှုအပေါ်  ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့    ချယ်ရီပန်းပင်         စိုက်ပျိုးပွဲတော်ကို  ကျင်းပခြင်းအားဖြင့်  မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအကြား  ရှိရင်းစွဲချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးသော သံတမန်ဆက်ဆံရေးကို   ပိုမိုခိုင်မာစေလျက် နှစ်နိုင်ငံအစိုးရ အချင်းချင်း၊ လွှတ်တော်အချင်းချင်းနှင့် ပြည်သူအချင်းချင်း       နီးကပ်စွာ  ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံရေး  ပိုမိုချောမွေ့လာမည်ဖြစ်ပါကြောင်း၊  ပထမ အကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပင်စိုက်ပျိုးပွဲတော်  ကို နေပြည်တော်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ်္ဂိုလ်    ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်       ချီးမြှင့်ပြီး  ဂျပန်နိုင်ငံမှ ပျိုးယူခဲ့သော  ချယ်ရီပင် ၁၀၀  အား နေပြည်တော်  ဇ၀နလမ်းအနီး   လွှတ်တော်သွားရာလမ်း တစ်လျှောက်တွင် ဂျပန်-မြန်မာ မိတ်ဆွေများနှင့် အတူတကွ       ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ပါကြောင်း။
ဒုတိယအကြိမ် မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်ကို   ၂၀၁၈   ခုနှစ် ဇန်န၀ါရီ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟို ဌာန - ၁ တွင် ကျင်းပခဲ့ပြီး ချယ်ရီပန်းပင် ၂၀၀ ကို မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ အနီးနှင့် လွှတ်တော် သို့သွားရာ ဇ၀နလမ်းတစ်လျှောက် ဗိုလ်ရှုသဘင်အဆောက် အအုံအနီးတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ဧည့်သည်တော်များ အတူတကွ   စိုက်ပျိုးခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှ ဖေဖော်ဝါရီလ အတွင်း      ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုရှိသည့်  ချင်းပြည်နယ်တွင် ချယ်ရီပင်  ၁၂၅၀၊ မိုးကုတ်၊ ပြင်ဦးလွင်နှင့် ကလော၊ အင်းလေးဒေသတို့တွင် ချယ်ရီ ပင်   ၈၀၀    စိုက်ပျိုးခဲ့သည်ကို    သိရှိရပါ ကြောင်း၊ ယခုတတိယအကြိမ်တွင်လည်း မြန်မာနိုင်ငံချယ်ရီဖောင်ဒေးရှင်းနှင့် ဂျပန် ယူကိုဆာကူယာ  ချစ်ကြည်ရေးအသင်း တို့မှ လှူဒါန်းပေးမည့် ချယ်ရီပင်များနှင့် နေပယ်ထရီး ၃၉၀၀ ကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန် မြို့နှင့် မိုးကုတ်မြို့တို့တွင် စိုက်ပျိုးသွား မည်ဖြစ်ပါကြောင်း။
မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသော မျိုးရိုးဗီဇပြုပြင်ထားသည့်  ဆာကူယာ ချယ်ရီပင်များဖြစ်ပြီး ယနေ့အချိန်အခါ တွင်   မြန်မာနိုင်ငံသို့   လာရောက်သော ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော ဒေသများအဖြစ်    ကြိုးပမ်းနေချိန်တွင်  တတိယအကြိမ် မြန်မာ-ဂျပန် ချစ်ကြည် ရေး ချယ်ရီပန်းပင်  စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံသည် ချယ်ရီ ပန်းပင်များဖြင့်     ဆွဲဆောင်မှုရှိသည်  ဟူသော သတင်းစကားကို ကမ္ဘာအရပ်ရပ် ရှိ ခရီးသွားဧည့်သည်တို့ထံ ဖြန့်ဝေနိုင်လိမ့် မည်ဟု ယုံကြည့်ပါကြောင်း၊ မြန်မာနိုင်ငံ သို့  က်္ဘာလှည့်ခရီးသည် ၀င်ထွက်မှုသည် အတော်အသင့်တိုးတက်မှု ရှိလာပြီဖြစ်ပြီး  ၂၀၁၇ ခုနှစ်တွင် က်္ဘာလှည့်ခရီးသည် ၀င်ရောက်မှုသည် ၃  ဒသမ ၄၄ သန်းရှိခဲ့၍  ၂၀၁၈    ခုနှစ်တွင်    ၃ ဒသမ ၅၅ သန်း ၀င်ရောက်ခဲ့ရာ          တိုးတက်မှုနှုန်းသည် ၃ ဒသမ ၁၅ ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း၊ ဧည့်သည်ပိုမိုဝင်ရောက်ရန် အာဆီယံနှင့်  အာဆီယံ+၃ နိုင်ငံများမှ ဧည့်သည်များ ကို    ပိုမိုဖိတ်ခေါ်နိုင်စေရန်    ရည်ရွယ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင် နှင့် မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ   နိုင်ငံသားများကို   ၂၀၁၈  ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍  နှစ်နှစ်စာ ကာလအတွက်     ဗီဇာကင်းလွတ်ခွင့်ကို ပြုခဲ့ပြီး လေကြောင်းခရီးမှ လာရောက် သော    တရုတ်နိုင်ငံသားများကိုလည်း ဆိုက်ရောက်ဗီဇာကို ခွင့်ပြုခဲ့ပါကြောင်း၊
ထို့ပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လေကြောင်းခရီးဖြင့် ရောက်ရှိ လာသော      အိန်္ဒိယနိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ      ထုတ်ပေးခြင်းဖြင့် ဖြေလျှော့မှုများ    ဆောင်ရွက်ခဲ့သည့် အပြင် အိန်္ဒိယ-မြန်မာ  နယ်စပ်ဒေသ အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်များ ဖွင့်လှစ်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ ပါကြောင်း၊  ၂၀၁၈ ခုနှစ်အတွင်း စတင် ခဲ့သော ဗီဇာဖြေလျှော့မှုတို့သည် ၂၀၁၉ ခုနှစ်တွင် စတင်အကျိုးခံစားရမည်ဖြစ် သည့်အပြင်  လာမည့်နှစ်များတွင် မြန်မာ နိုင်ငံကို လာရောက်လည်ပတ်မည့် ခရီး သည်အရေအတွက် ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အသည်း နှလုံးဟု တင်စားရသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏   အဓိက၀င်ပေါက်တစ်ခု ဖြစ်ပြီး က်္ဘာအရပ်ရပ်မှ ဧည့်သည်များ လေကြောင်း၊      ရေကြောင်းခရီးဖြင့် ၀င်ရောက်လည်ပတ်သော   မြို့တော်ဖြစ် ပါကြောင်း၊     ၂၀၁၈  ခုနှစ်   ခရီးသည် ၀င်ထွက်မှု ၃ ဒသမ ၅ သန်းသည် နယ်စပ် ဒေသမှ    မြန်မာနိုင်ငံအတွင်းဝင် ရောက် သော          ခရီးသည်အချို့အပါအ၀င် စုစုပေါင်း ၁ ဒသမ ၄ သန်းခန့် ၀င်ရောက် သည့်အတွက်    ခရီးသည်အားလုံး၏ ထက်ဝက်နီးပါးသည်     ရန်ကုန်မြို့ကို စတင်လာရောက်လည်ပတ်ကြောင်းနှင့် ယခုလို ရန်ကုန်မြို့တွင် ခရီးသွားမြှင့်တင် ရေးအစီအစဉ်များ       ပြုလုပ်ခြင်းသည် တစ်နိုင်ငံလုံးအတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ပေးခြင်းဖြစ်သည်ဟု ပြောကြား လိုပါကြောင်း။
ယနေ့တွင် ထူးခြားစွာ ရန်ကုန်မြို့ တွင် မြန်မာတို့၏ ညီနောင် တိုင်းရင်းသား မျိုးနွယ်စုများ၏      ရိုးရာဓလေ့များကို ဖော်ထုတ်မိတ်ဆက်ပြသသော သွေးချင်း တို့ရဲ့ ပွဲတော်နှင့် တိုက်ဆိုင်၍ အင်မတန်မှ ကောင်းမွန်ပြီး  တစ်ဆက်တည်းမှာပင် ဂျပန်နှင့် နိုင်ငံခြားခရီးသွားတို့ကို မြန်မာ ၏    ထူးခြားသော      တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတို့ကို ပြသခွင့်ရရှိမည် ဖြစ်ပါ ကြောင်း၊ မြန်မာနှင့် ဂျပန်သည် ကာလ ကြာရှည်စွာ ရင်းနှီးမှုတည်ရှိခဲ့ပြီးဖြစ်၍ ယခုကဲ့သို့  အမှတ်တရ ပူးပေါင်းဆောင် ရွက်မှုပွဲများ ကျင်းပပြီး အတူတကွပါဝင် ဆင်နွှဲခြင်းဖြင့် အနာဂတ်တွင် နှစ်နိုင်ငံ အကြား  ယဉ်ကျေးမှုများ   ဖလှယ်သော     အစီအစဉ်များ၊   ခရီးသွားမြှင့်တင်ရေး   အစီအစဉ်များကို ပိုမိုတိုးမြှင့်ဆောင်ရွက် သွားနိုင်မည်ဟု     ယုံကြည်ပါကြောင်း၊  ယနေ့ကျင်းပသော    တတိယအကြိမ် မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းပင် စိုက်ပျိုးပွဲတော်ကို အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်   ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊  ပုဂ်္ဂလိကအသင်းအဖွဲ့များ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံမှ    ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သူများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့်  နောင်လာ မည့်နှစ်များတွင် ကျင်းပမည့် ချယ်ရီပင် စိုက်ပျိုးပွဲတော်များကို      မြန်မာနိုင်ငံ၏      ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လှုပ်ရှားမှု တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါလို့     တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Japan Myanmar Parliamentary Friendship Asso-ciation ဥက္ကဋ္ဌ  Mr. Ichiro Aisa-wa ၊     ဟိုတယ်နှင့်   ခရီးသွားလာရေး ၀န်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊   ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်      ဦးဖြိုးမင်းသိန်းတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ပြည်သှူလွှတ်တော်ဥက္က်္ကဋ္ဌ  နှင့် တက်ရောက်လာကြသူများက၊စုပေါင်း မှတ်တမ်းတင်  ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက်     တက်ရောက်လာ ကြသော ဧည့်သည်တော်များအား မြန်မာ့ ရိုးရာမုန့်များဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက်     ချယ်ရီပန်းပင်များ စိုက်ပျိုးခြင်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး  ဂိတ်(၂)  မြက်ခင်းပြင်၌ ကျင်းပရာ ပြည်သှူလွှတ်တော်ဥက်္ကဋ္ဌနှင့် တက်ရောက်လာကြသူများက    ချယ်ရီ ပန်းပင်များ စိုက်ပျိုးပေးခဲ့ကြသည်။ 
သတင်းစဉ်

No comments:

Post a Comment