Sunday, January 20, 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ




Image may contain: 9 people, people standing, wedding and indoor
 နေပြည်တော် ဇန်နဝါရီ ၁၉


 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီ အစဉ် (UNDP)တို့ ပူးပေါင်း၍ ပြည် ထောင်စုဝန်ကြီးဌာနများတွင် ရှေ့ပြေး စီမံကိန်းအဖြစ် ဝန်ကြီးဌာန ၁၃ ခု၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit–CPU)များ ဖွဲ့စည်းရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဌာန ၁၃ ခုမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကော်မရှင် ရုံးဝန်ထမ်းများ တက်ရောက် သည်။
အဂတိလိုက်စားမှု တားဆီး ကာကွယ်ခြင်းအပေါ် ဆွေးနွေး
အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာ စကားပြောကြားပြီး ကော်မရှင်အတွင်း ရေးမှူး ဦးစန်းဝင်းက CPU အဖွဲ့များ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ဥပဒေ ရှုထောင့်မှ ဆွေးနွေးခြင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက CPU ဖွဲ့စည်းမှု နှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးက အဂတိလိုက်စားမှုဖြစ်နိုင်ခြေအ္တရာယ် ဆန်းစစ်လေ့လာသုံးသပ်ခြင်း၊ UNDP မှ ကျွမ်းကျင်သူMr.Philliat Mat-sheza က အဂတိလိုက်စားမှုတားဆီး ကာကွယ်ခြင်းတို့အပေါ် ဆွေးနွေးကြ သည်။
အတည်ပြုဆုံးဖြတ်ချက်များ ချမှတ်
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုသောအချက်များကို မေးမြန်း ဆွေးနွေးကြရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး အလုပ်ရုံ ဆွေးနွေးပွဲတွင် အောက်ပါအတိုင်း အတည်ပြုဆုံးဖြတ်ချက်များ ချမှတ်ခဲ့ ကြောင်း သိရသည်။
ကော်မရှင်၏ကျင့်ဝတ်အား လိုက်နာရန်
ပြည်ထောင်စုဝန်ကြီးဌာနများတွင် CPU ဖွဲ့စည်းမှုကို ပြည်ထောင်စု ဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီး၏ စီမံခန့်ခွဲမှုဖြင့် ဖွဲ့စည်းဆောင်ရွက်ရန်၊ CPU ၏လုပ်ငန်း တာဝန်သုံးရပ်အဖြစ် (၁) အဂတိလိုက်စား မှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ (၂) အဂတိလိုက်စားမှုပြဿနာများကို ဖြေရှင်းရန်၊ (၃) နိုင်ငံ့ဝန်ထမ်းများ အဂတိ လိုက်စားမှု ဆက်လက်မဖြစ်ပွားရေး တားဆီးကာကွယ်ရန်၊ CPU တွင် တာဝန် ထမ်းဆောင်မည့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်၏ ကျင့်ဝတ်အား လိုက်နာ ဆောင်ရွက်ရန်၊ CPU တွင် တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုလျှင် လေးဦးမှ ၁ဝ ဦးအထိကို ဖေဖော်ဝါရီ ပထမပတ်တွင် သင်တန်းပေးသွားရန် တို့ဖြစ်သည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment