Wednesday, January 2, 2019

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိ

Image may contain: mountain, cloud, sky, outdoor and nature
စစ်တွေ ဇန်နဝါရီ ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်-စစ်တွေ ကားလမ်း၌ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပြီး ကျောက်ဖြူမြို့နယ်မှ စစ်တွေမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ညနေ ၄ နာရီခွဲ ခန့်တွင် ရန်ကုန်-မင်းဘူး-အမ်း-စစ်တွေကားလမ်း မြောက်ဦးမြို့အနီး နန်းကျားနှင့် ပေါင်းတုတ် ကျေးရွာအကြား တံတားအမှတ် (၁/၁ဝ၆) ထိပ်သို့အရောက် ဒေသန္တရလုပ် အဝေးထိန်းမိုင်း သုံးလုံးဖြင့် တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာဉ်တစ်စီးရှေ့မှန်ကွဲပြီး အခြားယာဉ်တစ်စီး တွင် ဘေးမှန်တစ်ချပ်ကွဲသွားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment