Sunday, January 27, 2019

ဒုတိယသမ်္မတ ဦးမြင့်ဆွေ ကော့သောင်းခရိုင်အတွင်း ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတို့အား လှည့်လည်ကြည့်ရှု

Image may contain: 3 people, people standing, tree, outdoor and nature



မြိတ်   ဇန်န၀ါရီ   ၂၆
တနင်္သာရီတိုင်းဒေသကြီး၌ ရောက်ရှိနေသည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက်္ကဋ္ဌ၊   ဒုတိယသမ်္မတ ဦးမြင့်ဆွေသည် ယနေ့တွင် ကော့သောင်းခရိုင်အတွင်း   ပင်လယ်ကမ်းရိုးတန်း  သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ      ကိစ်္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ကော့သောင်းနယ်စပ်ကုန်သွယ် ရေးစခန်းတို့အား  လှည့်လည် ကြည့်ရှုသည်။
၊ဂေဟစနစ်များ ထိန်းသိမ်းမှု လှည့်လည်ကြည့်ရှု
ဒုတိယသမ္မတ    ဦးမြင့်ဆွေသည်   အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ကော့သောင်းခရိုင်   ဘုတ်ပြင်းမြို့နယ် ဇာဒက်ကြီးကျေးရွာအုပ်စု ညောင်ဦးဖီးကျွန်းရှိ Victoria Cliff Hotel & Resort   မှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု     အခြေအနေ၊   သဘာဝပတ်ဝန်းကျင်နှင့်   ဂေဟစနစ်များအား ထိန်းသိမ်းထားရှိမှုအခြေအနေ၊ ခရီးသွားလုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေနှင့်   ကမ်းခြေသန့်ရှင်းသာယာလှပရေး  ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာရာ မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်ဝင်းက   လိုက်လံ ရှင်းလင်းပြသသည်။
ယင်းနောက်    ဒုတိယသမ်္မတနှင့်   အဖွဲ့ဝင်များသည် ဇာဒက်ကြီးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးခန်း၌ အဆိုပါကျေးရွာရှိ ဆလုံတိုင်းရင်း သားလူမျိုးများနှင့် တွေ့ဆုံသည်။
စားသောက်ဖွယ်ရာများ ထောက်ပံ့
တွေ့ဆုံစဉ် ဒုတိယသမ်္မတက မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများစာရင်းတွင် လူဦးရေအနည်းဆုံးစာရင်း၌ ပါဝင်သည့်  ဆလုံတိုင်းရင်းသားများနှင့် ယခုလို တွေ့ဆုံခွင့်ရသည့်အတွက်    များစွာ ၀မ်းမြောက်ပါကြောင်း၊ ဆလုံတိုင်းရင်းသားများအနေဖြင့် မိမိတို့၏မျိုးနွယ်စု    တည်တံ့ခိုင်မြဲရန်ထိန်းသိမ်းရေး၊   ရိုးရာ ယဉ်ကျေးမှု     ဓလေ့ထုံးစံများကို      မပျောက်ပျက်အောင်   စောင့်ရှောက်ကြရန်နှင့် လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်ရန် အတွက်   စာပေပညာရပ်များကိုလည်း ကြိုးစားသင်ယူသွားကြရန် မှာကြားပြီး   ဆလုံတိုင်းရင်းသား   သက်ကြီးရွယ်အိုများအား       စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ပြခန်းများ ကြည့်ရှုလေ့လာ
ထို့နောက်    ဒုတိယသမ်္မတသည် အဆိုပါကျေးရွာရှိ   ဆလုံတိုင်းရင်းသား များ၏ အဏ္ဏ၀ါပြခန်းသို့   ရောက်ရှိပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ဆလုံရိုးရာနေအိမ်၊    ရိုးရာလှေများနှင့် ပင်လယ်မှရရှိသည့် ခရုခွံအမျိုးမျိုး၊ သ်္တာ ကျောက်အမျိုးမျိုးတို့ကို     လှည့်လည် ကြည့်ရှုလေ့လာပြီး ပြခန်း၌ ဆလုံလူမျိုး များ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့ ထုံးစံ မှတ်တမ်းဓာတ်ပုံများနှင့် ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် ဆလုံတိုင်းရင်းသား ပုဂ်္ဂိုလ်များ၏ မှတ်တမ်းနှင့်  ဓာတ်ပုံများ ပြသနိုင်ရေးကို   စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။  
ဂေဟစနစ် စီမံဆောင်ရွက်ထားမှုကြည့်ရှု
ဆက်လက်၍    ဒုတိယသမ်္မတနှင့် အဖွဲ့ဝင်များသည် ရေယာဉ်ဖြင့် သူဌေး ကျွန်းသို့ရောက်ရှိပြီး ငှက်ပျောပင်၊ နွားနို့၊ ကြက်ဥနှင့် သကြားတို့ကို အဓိကအသုံး ပြု၍    သဘာဝမြေသြဇာထုတ်လုပ်မှု နည်းစနစ်၊ အဆိုပါသဘာဝမြေသြဇာ များကို အသုံးပြု၍   ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ် မှုအခြေအနေ၊ ခေတ်မီနည်းပညာများ အသုံးပြု၍ ရေငန်ပုစွန်များမွေးမြူထားရှိ မှု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ     မပျက်စီးအောင်  စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာရာGrand Andaman  Hotel   &   Resort   ပိုင်ရှင် ဦးကျော်လွင်က  လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင် များသည်  ကော့သောင်းမြို့ရှိ    နယ်စပ် ကုန်သွယ်ရေးစခန်းသို့     ရောက်ရှိရာ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယဩန်ကြား ရေးမှူးချုပ် ဦးမင်းမင်းက  ကုန်သွယ်ရေး စခန်းဆိုင်ရာ အချက်အလက်များ၊ ပို့ကုန်၊ သွင်းကုန်အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက်           ဒုတိယ၀န်ကြီး ဦးအောင်ထူးက ကော့သောင်းကုန်သွယ် ရေးစခန်း   စနစ်တကျဆောင်ရွက်ထား ရှိမှု အခြေအနေများနှင့်     စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
  ပို့ကုန်တန်ဖိုး ပိုမိုတိုးမြှင့်ရန်ကြိုးပမ်း
ဒုတိယသမ္မတက ကုန်သွယ်မှုတန်ဖိုး ကို လက်ရှိအခြေအနေထက်  တိုးတက် အောင် ဆောင်ရွက်သွားရန်နှင့် အထူး သဖြင့် သွင်းကုန်တန်ဖိုးထက်    ပို့ကုန် တန်ဖိုး ပိုမိုတိုးမြှင့်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် နယ်စပ်ဒေသများမှ        တရားမ၀င် ကုန်ပစ်္စည်းများ ၀င်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ     ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့်  တရားမ၀င်ကုန် ပစ်္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန် ဖွဲ့စည်းထားသည့်      တိုင်းဒေသကြီး အထူးအဖွဲ့ဖြင့် ထိရောက်စွာ   ဖမ်းဆီး အရေးယူရေး     အလေးထားဆောင်ရွက် ရန်လိုကြောင်း၊    တိုးတက်မှုအခြေအနေ များကို   လစဉ်မပျက်မကွက်တင်ပြရန်   မှာကြားသည်။
ဘုရင့်နောင်အငူသို့ သွားရောက်လေ့လာ
ယင်းနောက် ဒုတိယသမ်္မတသည် အဖွဲ့ဝင်များနှင့်အတူ ဘုရင့်နောင်အငူသို့ သွားရောက်လေ့လာကြည့်ရှုသည်။

လန်ပိအဏ္ဏ၀ါအမျိုးသားဥယျာဉ်လေ့လာ
ဒုတိယသမ်္မတနှင့်     အဖွဲ့ဝင်များ သည် ဇန်န၀ါရီ ၂၅  ရက်    မွန်းလွဲပိုင်းတွင် ရေယာဉ်များဖြင့်      ၀အလယ်ကျွန်းသို့ ရောက်ရှိပြီးWa Ale Island Resortအခြေအနေနှင့် လန်ပိအ်္ဏ၀ါအမျိုးသား ဥယျာဉ်အား     လှည့်လည်ကြည့်ရှုရာ Wa Ale Island Resort မှ  CEO ဖြစ်သူ Mr. Christopher Kingsleyက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် များကို    ထိန်းသိမ်းဆောင်ရွက်သည့် Wa Ale Island Resort အခြေအနေ များကိုလည်းကောင်း၊   သစ်တောဦးစီး ဌာန ဩန်ကြားရေးမှူးချုပ်  ဒေါက်တာ ညီညီကျော်က လန်ပိအ်္ဏ၀ါအမျိုးသား ဥယျာဉ်တည်ထောင်ထားရှိမှု၊  အဏ္ဏ၀ါ အမျိုးသားဥယျာဉ်ဆိုင်ရာ    အချက် အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းဆောင်ရွက် နေမှုအခြေအနေများကို လည်းကောင်းPower Point ဖြင့် ရှင်းလင်းတင်ပြ သည်။
စံနမူနာကောင်းများဖြစ်
ဒုတိယသမ်္မတကWa Ale Island Resort ၏   သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ် ဆောင်ရွက်ထားရှိမှုများသည်  စံနမူနာ ကောင်းများဖြစ်ပါကြောင်း၊   ထိုဆောင် ရွက်ချက်များကို   နမူနာယူ၍    အခြားIsland Resort များတွင်လည်း ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်ခုတည်း သော လန်ပိအ်္ဏ၀ါအမျိုးသားဥယျာဉ် တွင်    အမြဲစိမ်းတော၊       ဒီရေတော၊ သဲသောင်ခုံတောများနှင့်   ဂေဟစနစ် များ      တည်ရှိနေသဖြင့်         သဘာဝ   ပတ်ဝန်းကျင်နှင့်ဂေဟစနစ်များကို ရေရှည် တည်တံ့အောင်   ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန်နှင့်   နောက်ထပ် အမျိုးသားဥယျာဉ်များ     ပေါ်ထွန်းရေး ကြိုးပမ်းဆောင်ရွက်ရန်       လိုအပ်ပါ ကြောင်း၊ ထို့ပြင်  ပလတ်စတစ်စသည့် အမှိုက်သရိုက်များ စည်းကမ်းမဲ့စွန့်ပစ် မှုများ မရှိစေရေးကိုလည်း   စနစ်တကျ ဆောင်ရွက်ကြရန်နှင့်  တားမြစ်ငါးဖမ်း နည်းလမ်းများဖြစ်သည့် အဆိပ်ချခြင်း၊ မိုင်းခွဲခြင်း၊   ဘက်ထရီရှော့တိုက်ခြင်း၊ ပိုက်ကွက်စိပ်များအသုံးပြုခြင်း၊ Baby Trawl  ဖြင့် ငါးဖမ်းနည်းများ မရှိစေရေး ကြပ်မတ်ထိန်းသိမ်းရန် မှာကြားသည်။ ယင်းနောက်  ရေယာဉ်များဖြင့်  လန်ပိ အ်္ဏ၀ါအမျိုးသားဥယျာဉ်         ဧရိယာ အတွင်းရှိ ကမ်းခြေများ၊   သစ်တောများ နှင့် ဂေဟစနစ်များ ထိန်းသိမ်းဆောင်ရွက် ထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှု လေ့လာကြသည်။
လန်ပိအဏ္ဏ၀ါအမျိုးသားဥယျာဉ် သည်        တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်   ဘုတ်ပြင်းမြို့နယ် အတွင်းတည်ရှိပြီး တနင်္သာရီကမ်းရိုးတန်း နှင့် ၁၂ မိုင်ခန့်အကွာတွင် ရှိကြောင်း၊ အကျယ်အ၀န်းသည်   လန်ပိကျွန်းနှင့် အရံကျွန်းငယ်များအပါအ၀င် ၅၀၅၂၈ ဒသမ ၇၃ ဧက  ကျယ်ဝန်းပြီး    လန်ပိ အ်္ဏ၀ါအမျိုးသားဥယျာဉ်ကို ကုန်းပိုင်း နှင့်  အ်္ဏ၀ါပိုင်းဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ များနှင့်  ၎င်းင်းတို့၏      ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရန်၊   လန်ပိကျွန်းစု ဒေသရှိ     ဒီရေတောဂေဟစနစ်နှင့် ကမ်းခြေရေတိမ်ဒေသ ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရန်၊ ပတ်ဝန်းကျင် မပျက်စီးစေသောနည်းစနစ်ဖြင့် ပြည်သူ များ     အပန်းဖြေအနားယူနိုင်ရန်နှင့် အ်္ဏ၀ါဇီဝဆိုင်ရာ သုတေသနလုပ်ငန်း များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက် များချမှတ်၍ ထိန်းသိမ်းကာကွယ်ထား ရှိကြောင်း သိရသည်။
ယင်းနောက်    ဒုတိယသမ်္မတနှင့် အဖွဲ့ဝင်များသည်         ရေယာဉ်ဖြင့် ကော့သောင်းခရိုင်   ဘုတ်ပြင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စုရှိ  (၁၁၅)ကျွန်းသို့ ရောက်ရှိရာ Co Coon Hotel Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးစိုးမိုး အေးက Island 115 Resortစီမံကိန်း ဆိုင်ရာ အချက်အလက်များ၊    သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ လုပ်ငန်းပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြရာ  ဒုတိယ သမ်္မတက    သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်တည်တံ့ ရေးအတွက် လန်ပိအဏ္ဏ၀ါအမျိုးသား ဥယျာဉ်ရှိ ၀အလယ်ကျွန်းတွင် ဆောင် ရွက်နေမှု အခြေအနေများကို စံနမူနာ ယူ၍ ဆောင်ရွက်ရန်၊ ကျွန်းပတ်ဝန်းကျင် တွင် ပလတ်စတစ်စသည့်      အမှိုက်များ စည်းကမ်းမဲ့စွန့်ပြစ်မှုများ   မရှိစေရေး အတွက် ပညာပေးလုပ်ငန်းများဆောင် ရွက်ရန်နှင့် ဒေသခံပြည်သူများအတွက် သက်မွေးပညာသင်တန်းများ  ဖွင့်လှစ် သင်ကြားပေးရေး   ဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းပြီးစီးမှုအခြေအနေ များကို   လှည့်လည်ကြည့်ရှုလေ့လာခဲ့ ကြသည်။
ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယသမ်္မတ နှင့် အဖွဲ့ဝင်များသည် လေကြောင်းခရီး ဖြင့် ကော့သောင်းမြို့မှ   ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။  သတင်းစဉ်

No comments:

Post a Comment