Friday, January 25, 2019

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ





Image may contain: 2 people, people sitting, people standing, table and indoor
 နေပြည်တော် ဇန်န၀ါရီ ၂၄



စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဗဟိုကော်မတီအစည်း အဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ စာရင်း အင်းအချက်အလက် မှန်ကန်ရေး နှင့် အရည်အသွေးပြည့်ဝရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟို ကော်မတီ ဒုတိယဥက်္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာ သန်းမြင့်၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ် အေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက်္ကဋ္ဌ ဦးစိုးသိန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာ ဗျူဟာ အကောင်အထည်ဖော်ဆောင် နိုင်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ပြီးမြောက်အောင် ဆောင်ရွက်နိုင်
အစည်းအဝေးတွင် ဒုတိယသမ္မတက စာရင်းအင်းဥပဒေအရ ကော်မတီကို ၂၀၁၈ ခုနှစ်အတွင်း အဆင့်မြှင့်တင်ဖွဲ့စည်း နိုင်ခဲ့ပြီး စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ ရှေ့ လုပ်ငန်းစဉ်များ (National Strategy For Development of Statistics Action Plan-NSDS Action Plan)ကို ပြီးမြောက်အောင် ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တိုးတက်မှုများ ပိုမိုအရှိန် ရအောင် ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အသစ်ပြန်လည် အဆင့်မြှင့်တင်ဖွဲ့စည်းလိုက်သည့် စာရင်း အင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ အနေဖြင့် ယခုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက် အစည်းအဝေးဖြစ် ပါကြောင်း။
လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့ ဖွဲ့စည်း
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သည့် စာရင်းအင်းဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်မှစတင်၍ ဥပဒေ သက်ရောက်နေပြီဖြစ်ပါကြောင်း၊ စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသား အဆင့် မဟာဗျူဟာ (NSDS) ကို အကောင်အထည် ဖော်ဆောင်ရေး အတွက် စာရင်းအင်းကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့ ဖွဲ့စည်းထားပါ ကြောင်း။
သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ အနေဖြင့် NSDS Action Plan ကို Living Document အနေဖြင့် ထားရှိ အကောင်အထည် ဖော်ဆောင်လျက် ရှိနေကြသည်ကို သိရှိရပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် Clusters ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်ကို သိရှိရပါ ကြောင်း။
စာရင်းအင်းမှန်ကန်ရေး၊ စာရင်း အင်းယူနစ်များ သေချာစွာဖွဲ့စည်းဆောင် ရွက်ရေး၊ လိုအပ်သည့် Resource ခွဲဝေချထားရေးနှင့် သက်ဆိုင်ရာစာရင်းအင်းလုပ်ငန်းအဖွဲ့များထံ လမ်းညွှန် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ၏ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးများအား တိုက်တွန်းလိုပါကြောင်း။
ကျင်းပနိုင်ခဲ့
စာရင်းအင်းဆိုင်ရာ အချက်အလက် ထုတ်ပြန်သူများနှင့် အချက်အလက်သုံးစွဲ သူများအကြား ဆက်ဆံရေးကောင်းမွန် ရေး၊ လိုအပ်နေသည့် စာရင်းအင်းများ ဖြည့်ဆည်းရေးနှင့် အကျိုးသက်ဆိုင်သူ Stakeholdersများအကြား ပူးပေါင်း ဆောင်ရွက်ရန်ပြုလုပ်သည့် Platform တစ်ရပ်အဖြစ် မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၈) ကို ပထမအကြိမ် ကျင်းပနိုင်ခဲ့ သည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ အဆိုပါဖိုရမ်မှ Stakeholders များ အကြား ပူးပေါင်းဆောင်ရွက်ရန် Action Plan များ ပေါ်ပေါက်လာစေပါကြောင်း။
တစ်နှစ်တစ်ကြိမ် ဆောင်ရွက်သင့်
စာရင်းအင်းဆိုင်ရာ အသိပညာ(Statistical Literacy) နှင့် အချက် အလက်များကို အသုံးပြုသည့် အလေ့ အထ (Data Culture)ကို ဌာနဆိုင်ရာ များ၌သာမက အများပြည်သူနှင့် ပုဂ်္ဂလိက စီးပွားရေးအဖွဲ့အစည်းများ အကြား၌ပါ ပျံ့နှံ့အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ စာရင်းအင်းပညာ( Statistics Literacy)ကို မြှင့်တင်သည့်အနေဖြင့် စာရင်းအင်းနှင့်သက်ဆိုင်သည့် Stake holdersများအကြား ပူးပေါင်းဆောင် ရွက်ရန် Platform တစ်ခုအဖြစ် မြန်မာ စာရင်းအင်းဖိုရမ်ကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက်သင့်ပါကြောင်း။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ရေရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် Sustainable Development Goals (SDGs) များကို အကောင်အထည်ဖော်ဆောင် နေကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံ ကိန်း (Myanmar Sustainable Development Plan- MSDP)ကို အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း။
ပူးပေါင်းပါဝင်မှုသည် အရေးကြီး
MSDP ရေးဆွဲရေးအတွက် လက်ရှိအခြေအနေကို ထင်ဟပ်သည့် စာရင်းအင်းအချက်အလက်များ လိုအပ် ပါကြောင်း၊ MSDP ကို အကောင် အထည်ဖော်ဆောင်ရာတွင် အမျိုးသားညွှန်းကိန်းမူဘောင် (National Indicator Framework) သတ်မှတ် ဆောင်ရွက် တိုင်းတာမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်မှု များ ထိရောက်သော အောင်မြင်မှုရှိ၊ မရှိကို ညွှန်ကိန်းများဖြင့် စောင့်ကြည့် အကဲဖြတ်ရန် အကောင်အထည်ဖော် ဆောင်မှုလုပ်ငန်းစဉ် အသီးသီးတွင် ဒေတာအချက်အလက်များ စာရင်းဇယား များ မှတ်မှတ်သားသားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အမျိုးသားညွှန်းကိန်း မူဘောင် ပေါ်ပေါက်ရေး Data ရရှိနိုင်မှု၊ တွက်ချက် တိုင်းတာရေးကိစ်္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါ ကြောင်း။
အချိတ်အဆက်မိမိ တိုးချဲ့ဆောင်ရွက်
စာရင်းအင်းဥပဒေကို အကောင် အထည်ဖော်သည့်အနေဖြင့် နိုင်ငံဖွံ့ဖြိုး ရေးတွင် ခိုင်မာသည့် မြေပြင်စာရင်းအင်း အချက်အလက်အမှန်များ ဖြစ်စေရေးနှင့် အချိန်နှင့်တစ်ပြေးညီရှိရေး၊ ရှေ့နောက် ညီညွတ်မှုရှိရေး၊Stakeholder အားလုံး ပါဝင်ဆောင်ရွက်ရေး၊ ၀န်ကြီးဌာနများ အကြား၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအကြား စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု ယန္တရားကို အချိတ်အဆက်မိမိ အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်ကြ စေလိုပါကြောင်း။
ယနေ့ ကျင်းပပြုလုပ်သည့် စာရင်း အင်း အချက်အလက်များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ အစည်းအဝေးတွင် အသေးစိတ်ဆွေးနွေး အကြံပြုတင်ပြကြရန်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များအနေဖြင့်တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ကြရန်တိုက်တွန်းအပ်ပါကြောင်း။
မူဝါဒထည့်သွင်းစဉ်းစား
““စာရင်းအင်းအချက်အလက်များ အရည်အသွေးမြင့်လေဩ.လူမှုဘ၀ ပိုကောင်းလေ”” “Better Data, Better Statistics, Better Life” ဆိုသည့်အတိုင်း နိုင်ငံတစ်နိုင်ငံ၏ အမျိုး သားစာရင်းအင်းစနစ် အရည်အသွေး ပြည့်ဝမှသာလျှင် မူဝါဒချမှတ်သူ၊ စီမံကိန်း ရေးဆွဲသူ၊ ပုဂ်္ဂလိကလုပ်ငန်းရှင်၊ လူမှု-စီးပွားသုတေသန ဆောင်ရွက်သူ စသည် ဖြင့် အားလုံးအတွက် ချမှတ်သည့်ဖွံ့ဖြိုးမှု မူဝါဒများ၊ စီမံကိန်းများနှင့် စီးပွားရေး ၀န်းကျင်ကောင်းများကို ဖန်တီးနိုင်မည့် မူဝါဒထည့်သွင်းစဉ်းစားရန် အချက်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကောင်းမွန် သည့် အကျိုးဆက်များရရှိစေရေးအတွက် စာရင်းအင်းအချက်အလက်များ တိကျ မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူတို့၏ လူနေမှုဘ၀များကို မြှင့်တင်ပေးနိုင်ရန် အချက်ပြမည့် စာရင်းအင်းစနစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ်္ဂလိကကဏ္ဍ ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာကိုယ်စား လှယ်များနှင့်အတူ တိုးတက်မှုများ ဆက်လက် တည်တံ့စေရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြ ရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဗဟိုကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စာရင်းအင်းလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အရည် အသွေးပြည့်ဝသည့် စာရင်းအင်းကိန်း ဂဏန်းများ ထုတ်ပြန်နိုင်ရေး၊ စာရင်းအင်း ဆိုင်ရာ လွှမ်းခြုံမှုအားကောင်းစေရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်း ရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဝါ၀ါမောင်က စာရင်းအင်းအချက်အလက် မှန်ကန်ရေး နှင့် အရည်အသွေး ပြည့်ဝရေးကော်မတီ အစည်းအဝေးကျင်းပခဲ့မှုများ၊ စာရင်း အင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၁၈) ဆုံးဖြတ်ချက် များ၊ စာရင်းအင်းနည်းဥပဒေထုတ်ပြန်နိုင် ရေး ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့၏ အစည်းအဝေးကျင်းပဆောင် ရွက်ခဲ့မှုများ၊ စစ်တမ်းကောက်ယူမှုများ၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး ဆောင်ရွက်မှုများ၊ ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ဝေလျက်ရှိသည့် Publi - cation များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းဆွေးနွေးတင်ပြ
ထို့နောက် ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးဟန် ဇော်၊ ဒေါက်တာဝင်းမြတ်အေး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ က စာရင်းအင်းအချက်အလက်မှန်ကန် ရေး၊ အရည်အသွေးပြည့်ဝရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များက ကဏ္ဍအလိုက် စာရင်းအင်းလုပ်ငန်းဆောင်ရွက် ထားရှိမှုများ၊ တိရစ္ဆာန်ကောင်ရေ စာရင်းအင်းကောက်ယူမှု အခြေအနေ များနှင့် နှစ်လယ်သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အား ရှင်းလင်းတင်ပြကြသည်။
ပြန်လည်ဆန်းစစ်
ထို့နောက် စာရင်းအင်းအချက် အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ်္မတဦးဟင်နရီဗန်ထီးယူက ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံ တစ်နိုင်ငံ၏ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး သည် အဆိုပါနိုင်ငံ၏ ပုံရိပ်တစ်ခုဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပုံရိပ် ကောင်းမွန်ရေးအတွက် နိုင်ငံ၏ စာရင်းအင်းအချက်အလက်များသည်မှန်ကန် ပြီးအရည်အသွေးပြည့်ဝရန် လိုအပ်ပါ ကြောင်း၊ စာရင်းအင်းအချက်အလက်များ နှင့် ပတ်သက်၍Data Base Centre အား အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်း လိုကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်ဆောက် ရာတွင် စာရင်းအင်း အချက်အလက်များ ဖြင့် စီမံကိန်းများကို ရေးဆွဲရပါကြောင်း၊ အလားတူစီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်လည်း စာရင်းအင်း အချက်အလက်များဖြင့် ပြန်လည်ဆန်းစစ်ရပါကြောင်း၊ ထို့ကြောင့် စာရင်းအင်းအချက်အလက်များမှန်ကန် စွာရရှိရေးသည် နိုင်ငံအတွက် အရေးကြီး သည့် ကိစ်္စရပ်ဖြစ်သည့်အတွက် အားလုံး ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
တွန်းအားပေး ဆောင်ရွက်
စာရင်းအင်းအရည်အသွေး ပြည့်ဝ ရေးလုပ်ငန်းရပ်များသည် ကာလတို အတွင်း ချက်ချင်းလက်ငင်းဆောင်ရွက်၍ မရဘဲ ရေရှည်ဆောင်ရွက်သွားကြရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ပထမ အနေဖြင့် စာရင်းအင်းမှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးဖြစ်ပြီး ဒုတိယမှာ ရရှိပြီးစာရင်းအင်းအချက် အလက်များကို လက်တွေ့အသုံးချနိုင်ရန် တွန်းအားပေး ဆောင်ရွက်စေလိုပါ ကြောင်း၊ နှစ်လယ်သန်းခေါင်စာရင်းနှင့် စိုက်ပျိုးရေးသန်းခေါင်စာရင်း ကောက်ယူ နိုင်ရေး ပြင်ဆင်မှုများတွင်လည်း ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ စာရင်းအင်းအချက်အလက်များ မှန်ကန် မှသာ လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေးအခြေအနေများကို ထင်ဟပ်စေ နိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ မူဝါဒ များကို လိုအပ်သလိုပြုပြင်ပြောင်းလဲ ခြင်း၊ စီမံကိန်းနှင့် ဘတ်ဂျက်ခွဲဝေဆောင် ရွက်နိုင်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment