Monday, December 31, 2018

ခေတ်မီဆက်သွယ်ရေးနည်းပညာသုံး ဓာတ်မှန်စက်(Tele-radiology)ဖွင့်ပွဲအခမ်းအနား ကျင်းပ


Image may contain: 2 people, people standing

ကျိုက်မရော ဒီဇင်ဘာ ၃ဝ
ခေတ်မီဆက်သွယ်ရေးနည်းပညာသုံး ဓာတ်မှန်စက် (Tele-radiology) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သှူဆေးရုံ ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်တွင် ယာဉ်မတော်တဆ မှုများအပါအဝင် မတော်တဆထိခိုက် မှုများနှင့် အရေးပေါ်အခြေအနေများ ကြောင့် မသန်မစွမ်းဖြစ်မှုနှင့် သေဆုံးမှု များပြားလျက်ရှိရာ ယခုကဲ့သို့ ခေတ်မီ ဆက်သွယ်ရေးနည်းပညာသုံး ဓာတ်မှန် စက်ကိုအသုံးပြုပြီး အချိန်တိုအတွင်း စစ်ဆေးအဖြေရှာ၍ ထိရောက်စွာကုသ မှုပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပထမဆုံးအဖြစ် မွန်ပြည်နယ်၌ ခေတ်မီဆက်သွယ်ရေး နည်းပညာသုံးဓာတ်မှန်စက် (Tele-radiology)အသုံးပြုဆောင်ရွက်နိုင် ခြင်းသည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပြီး ဝိုင်းဝန်းဆောင်ရွက် ခဲ့ကြသူများကို ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုဓာတ်မှန်စက်ကို အသုံးပြု၍ ဓာတ်မှန်ဆရာဝန်မရှိသည့် နေရာမှ ရိုက်ကူးထားသည့် ဓာတ်မှန်ကို အဝေး တစ်နေရာရှိ ဓာတ်မှန်ပါရဂူ၊ ပါမောက္ခ ကြီးတစ်ဦးက ရောဂါအဖြေရှာစစ်ဆေး ပေးနိုင်ပြီး ပိုမိုအရည်အသွေးပြည့်ဝ သော ကုသမှုမျိုးကို ပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူများနှင့် အထူးသဖြင့် သွားလာရ ခက်ခဲသော နေရာဒေသများတွင် နေထိုင် ကြသူများအတွက် လွန်စွာအကျိုးရှိ မည် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနမှ ကျိုက်မရော၊ ဘီးလင်း နှင့် ချောင်းဆုံမြို့နယ်များတွင် အသုံးပြု ရန်Digital ဓာတ်မှန်စက်များနှင့် ဆက်စပ်ပစ္စည်းများအတွက် ဘဏ္ဍာငွေ$ ကျပ်သိန်း ၄၂ဝဝ ခန့် ကျခံသုံးစွဲခဲ့ပါ ကြောင်း၊ မွန်ပြည်နယ်တွင် ခေတ်မီ ဆက်သွယ်ရေးနည်းပညာသုံး ဓာတ်မှန် စက် အသုံးပြုဆောင်ရွက်မှုများကို ဆန်းစစ်သုံးသပ်ပြီး အတွေ့အကြုံများ ကို အခြေခံ၍ သွားလာရခက်ခဲသော ကချင်၊ ချင်းနှင့် ကယားပြည်နယ်များ ကို ဦးစားပေးသတ်မှတ်ကာ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ခေတ်မီဆက်သွယ် ရေးနည်းပညာကို ကျန်းမာရေးကဏ္ဍ တွင် ပိုမိုထိရောက်ကျယ်ပြန့်စွာ အသုံး ပြုခြင်းဖြင့် နိုင်ငံတစ်ဝန်းတစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် စနစ်ကို ပိုမိုအားကောင်းလာမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ရွှေဇနက အများနှင့် သက်ဆိုင်သောကုမ္ပဏီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ကျော်မြင့်နိုင်က ခေတ်မီ ဆက်သွယ်ရေးနည်းပညာသုံး ဓာတ်မှန် စက်အသုံးပြုဆောင်ရွက်နိုင်ရန် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ခေတ်မီဆက်သွယ် ရေးနည်းပညာသုံး ဓာတ်မှန်စက်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်ထံ လွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင် ကြည်က ကျေးဇူးတင်စကားပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပါမောက္ခ ဒေါက်တာ ကျော်မြင့်နိုင်တို့က ခေတ်မီဆက်သွယ်ရေး နည်းပညာသုံးဓာတ်မှန်စက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီးဓာတ်မှန် စက် အသုံးပြုဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။ သတင်းစဉ်

No comments:

Post a Comment