Thursday, December 27, 2018

''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော်ကျင်းပရေးအတွက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းသို့ Inner Monogolia Kincaid Industrial Group မှ အလှူငွေပေးအပ်





 နေပြည်တော် ဒီဇင်ဘာ ၂၆


 

''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော် ကျင်းပရေးအတွက် မြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်းသို့ အလှူငွေ ငွေကျပ်သိန်းနှစ်ထောင် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ တိုင်း ရင်းသားလုပ်ငန်းရှင်များအသင်း ဂုဏ်ထူး ဆောင်နာယက တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော် ဦး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်နှင့်အဖွဲ့ဝင်များ၊ အလှူရှင် Inner Monogolia Kincaid Industrial Group rS Mr.Zhang rui နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ယခုကျင်းပမည့် ''သွေး ချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော်ကို မြန်မာ နိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး ဝိုင်းဝန်းပံ့ပိုးကူညီ ပေးသောကြောင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးယောဆက်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဒေါက်တာ အောင်ရဲ ဇော်က ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော် ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးInner Monogolia Kincaid Industrial Group မှ Mr.Zhang rui က ပွဲတော်ကျင်းပရေး အတွက် အလှူငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Mr.Zhang rui နှင့် Mr.Aimin တို့က အလှူငွေ ငွေကျပ် သိန်းနှစ်ထောင်ကို ပေးအပ်လှူဒါန်းရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က လက်ခံရယူပြီး (ဝဲပုံ) ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' ပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးမင်းဗညားစန်းက ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် Inner Monogolia Kincaid Industrial Group တို့က ပြသထားသည့် ပြခန်းများ အား လှည့်လည်ကြည့်ရှုကြသည်။
သတင်းစဉ်

No comments:

Post a Comment