Friday, December 28, 2018

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Image may contain: 2 people, people sitting and indoor


နေပြည်တော် ဒီဇင်ဘာ ၂၇
လယ်မြေကိုအခြားနည်းအသုံးပြုခြင်းကို ခွင့်ပြုသည့်လုပ်ငန်း ဆောင်ရွက်သည့်ကိစ္စအတွက် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအထောက်အကူဖြစ်စေသော အခြေခံအဆောက်အအုံများ တိုးပွားလာစေရေးနှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် လယ်ယာမြေများ မလျော့ပါးရေးဟူသော အချက်နှစ်ချက်တို့ ညီညွတ်မျှတစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၇)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
အပြီးအပြတ်ဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးက လယ်ယာမြေအငြင်းပွားမှုအပေါ် တာဝန်ယူဖြေရှင်းပေးလျက်ရှိသည့် ခရိုင်၊ မြို့နယ်၊ ရပ်-ကျေး အဆင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့်လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်စွာသတ်မှတ်ရက်အတွင်း အပြီးအပြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ သက်ဆိုင် သူများအနေဖြင့် စိုက်ရေးပျိုးရေးလုပ်ငန်းများကို အချိန်မီ ဆက်လက်လုပ်ကိုင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။
ယခုအခါ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ (၂ဝ၁၈) နှင့်အညီ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို နိုင်ငံသား များအတွက် ဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက်နိုင်ရေးကို ဌာနအားလုံးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် နည်းတူ ယခင်ခွင့်ပြုပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လယ်မြေ အဖြစ် သတ်မှတ်ပေးရန် တင်ပြလာခြင်းဆိုင်ရာ ကိစ္စရပ် များကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြား သည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စရပ်များ၊ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တင်ပြလာသည့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရခွင့်ပြုမိန့်အား ပယ်ဖျက်ပေးပါရန်ကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်ထောက်ခံတင်ပြပေးပို့ လာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲ ၁၁ဝ တွဲနှင့် ယခင် ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေဥပဒေပုဒ်မ ၃၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲ နှစ်တွဲနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်
ထို့နောက် တက်ရောက်လာကြသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက နစ်နာကြေး၊ လျော်ကြေးပေးချေရန် နှင့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတွဲများ နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ကြသည်။
လယ်ယာမြေကို စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းစား ကြခြင်းကြောင့် စိုက်ပျိုးမြေများ အလျင်အမြန် လျော့နည်းလာ ခြင်းမရှိစေရန် ဥပဒေ၏ အာဏာသက်ရောက်မှုရှိစေရေး အတွက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်လိုအပ်လျက်ရှိပြီး ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန်အသုံးပြုနေမှုများကို ပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကို ဝန်ကြီးဌာနမှ ခန့်အပ် တာဝန်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်

No comments:

Post a Comment