Sunday, December 30, 2018

တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး၏ သက်တော် ၉ဝ ပြည့်၊ ဝါတော် ၇ဝ ပြည့် ဝိဇာတပူဇာမွေးနေ့မင်္ဂလာ ကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇအဂ္ဂ မဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိသက်တော် ၉ဝ ပြည့်၊ ဝါတော် ၇ဝ ပြည့် ဝိဇာတပူဇာမွေးနေ့ မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်း သားပြည်သူများ တက်ရောက်ကြသည်။
လှူဖွယ်ပစ္စည်းများ လောင်းလှူ
အခမ်းအနားတွင် နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်၊ နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ၊ သီလ ဓမ္မကုန်းသာတောရ ကျောင်းတိုက်(ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တဝိမလနှင့် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်နှင့် ဇနီး၊ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများက ကျိုင်းယင်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ၊ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ ဆရီကွမ် ထောင်း ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် Thong Siri Mong-klom Thera ၊ မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တဉာဏသံဝရ အမှူးပြုသော ဆရာတော်၊ သံဃာတော်အပါး ၃ဝဝ နှင့် သီလရှင်ဆရာလေး အပါး ၅ဝ တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
ပရိတ်တရားတော်များအား နာယူ
ထို့နောက် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီး၏ သက်တော် ၉ဝ ပြည့်၊ ဝါတော် ၇ဝ ပြည့် ဝိဇာတပူဇာမွေးနေ့ အခမ်းအနားအား ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများက သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များအား နာယူကြသည်။
ရေစက်သွန်းချအမျှပေးဝေ
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဇနီးတို့က နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက ဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် ဓမ္မလက်ဆောင်များ ပြန်လည် ပေးအပ်သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက ဆရာတော် သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါး နှစ်ကောင် ကျောင်းတိုက်ဆရာတော် ကြီးနှင့် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်း တိုက်သို့ ရောက်ရှိကြပြီး ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိအား ဖူးမြော်ကြည်ညို ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီးတို့က ဆရာတော်ကြီးအား နဝကမ္မအလှူငွေများကို လည်းကောင်း၊ တပ်မတော်အရာရှိကြီးများက လှူဖွယ် ပစ္စည်းများကို လည်းကောင်း ဆက်ကပ် လှူဒါန်းကြကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment