Thursday, November 8, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယ်သာလန်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 5 people, people sitting
နေပြည်တော် နိုဝင်ဘာ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E Mrs. SigeidKaagနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးH.E Mr. Wouter Jurgens အား ယနေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့ သက်ကြီးရွယ်အို များ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည် လက်ခံမည့်အစီအစဉ်များ၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင် ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များရရှိရေးတို့အတွက် ဝန်ကြီးဌာနနှင့် UEHRD စီမံကိန်းတို့မှ ဆောင်ရွက် ထားရှိမှု၊IDP စခန်းများ ပိတ်သိမ်း နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ ချမှတ်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ မျှတ ဖြစ်ထွန်းရေးအတွက် ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားခဲ့ရာ နယ်သာလန်နိုင်ငံအနေဖြင့် ၎င်းတို့၏ သဘောထားများ၊ အကြံပြုချက်များကို ရှင်းလင်းတင်ပြပြီး ပူးပေါင်းဆောင် ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment