Tuesday, November 6, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး

Image may contain: 6 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအဖွဲ့ကြီး၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာ ခရစ်ရှ်နန်အား ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာသေးမီက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် သဘောတူညီခဲ့သည်နှင့်အညီ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ လလယ်တွင် စတင်ရန်ရှိသည့် စိစစ်ပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူ များ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ပြင်ဆင်ထားရှိသည့် လုပ်ငန်းစဉ်များအပါအဝင် ရခိုင် ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်များနှင့်ပတ်သက်၍ စင်ကာပူ နိုင်ငံမှလည်းကောင်း၊ အာဆီယံအဖွဲ့မှ လည်းကောင်း မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် နည်း လမ်းများကိုလည်း ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးအား နေပြည်တော်ရှိ Park Royal Hotel တွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် ¤င်း၏ တစ်ရက်တာ မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်သည့် ခရီးစဉ်ပြီးဆုံးပြီးနောက် ညနေပိုင်း တွင် လေကြောင်းခရီးဖြင့် နေပြည်တော် မှ စင်ကာပူသို့ ပြန်လည်ထွက်ခွာသွား သည်။
သတင်းစဉ်

No comments:

Post a Comment