Saturday, November 3, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒိန်းမတ်သံအမတ်ကြီးနှင့် သီရိလင်္ကာသံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

Image may contain: 1 person, standing

နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H. E. Mr. John Nielsen အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ ကို ဆွေးနွေးအမြင်ချင်းဖလှယ်ကြ သည်။
အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. Nandimithra Ekanayake အား ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေး ကြသည်။
သတင်းစဉ်

No comments:

Post a Comment