နေပြည်တော် နိုဝင်ဘာ ၂၉
ထိုင်းနိုင်ငံ အမျိုးသားနေ့အကြိုအထိမ်းအမှတ် အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိHilton Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ - ထိုင်း နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဂုဏ်ပြုဖွင့်လှစ် အလေးပြုကြသည်။
ဂုဏ်ပြုအမှာစကားပြော
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Mr. Narong Boonsatheanwong တို့က ထိုင်းနိုင်ငံအမျိုးသားနေ့အကြို အထိမ်းအမှတ် ဂုဏ်ပြု အမှာစကား ပြောကြားကြသည်။
ယင်းနောက် ထိုင်းနိုင်ငံ အမျိုးသားနေ့အကြိုအထိမ်းအမှတ် တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ဖျော်ဖြေတင်ဆက်
ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ တင်ဆက်သည်။
တက်ရောက်
ထိုင်းနိုင်ငံ အမျိုးသားနေ့အကြိုအထိမ်းအမှတ် အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် နိုင်သက်လွင်နှင့် ၄င်းတို့၏ ဇနီးများ၊ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဒေါက်တာထွန်းနိုင်နှင့် ¤င်းတို့၏ ဇနီးများ၊ တပ်မတော်အရာရှိ ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံMr. Narong Boonsatheanwong ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ စစ်သံမှူးများနှင့် ¤င်းတို့၏ ဇနီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်
No comments:
Post a Comment