ရန်ကုန် အောက်တိုဘာ ၃
ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ များ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
''အမွေအနှစ်အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်း ဖို့ဆိုရင် ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲဆိုတာ ပညာပေးနေ တာတွေ ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့က အကြံပေးတဲ့ လုပ်ငန်းပေါင်းစီမံကိန်း ၁ဝဝ ကျော်ရှိပါတယ်။ သုတေသန တွေလည်း လုပ်ပါတယ်။ ရန်ကုန်မှာ ဘယ်လိုနေရာမျိုးမှာ တော့ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်သင့်တယ်၊ ဘယ်လိုနေရာ မျိုးမှာတော့ နဂိုအတိုင်းထားသင့်တယ်၊ သမိုင်းကြောင်း ဆိုင်ရာတွေ ပိုပြီးသိလာအောင် သမိုင်းသုတေသနတွေ လုပ်ပါတယ်''ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ စီမံကိန်းအရာရှိ ဦးသူရိန်အောင် က ပြောသည်။
အဆိုပါ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း များနှင့် စနစ်တကျရှိလာစေရန် အစိုးရအဖွဲ့နှင့် တိုင်ပင် ဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ လက်တွေ့ လုပ်မယ့် လက်သမားတွေ၊ ပန်းရန်သမားတွေက မူလလက်ရာမပျက်အောင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုနည်းပညာတွေသုံးရမလဲဆိုတဲ့ အသိပညာပိုင်း၊ အတတ်ပညာပိုင်း ဆိုင်ရာတွေကိုလည်း ကျွန်တော်တို့ သင်တန်းပို့ချပေးတယ်'' ဟု ဦးသူရိန်အောင်က ပြောသည်။
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ရန်ကုန်မြို့လယ်တွင် ရှေးဟောင်းအမွေ အနှစ်စာရင်းကောက်ယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မြေပုံ ပေါ်တင်ခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပြီးစီး၍ ဗဟန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ပြီးစီးသလောက်ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-စောသိန်းဝင်း
No comments:
Post a Comment