Monday, October 1, 2018

သူ့ဘက်ကိုယ့်ဘက် ချိန်စက်ရှုမြင် ကုလတစ်ခွင်

Image may contain: one or more people, crowd and indoor

ကိုရင်သြ
နှစ်စဉ် စက်တင်ဘာလရောက်တိုင်း ကမ္ဘာ့
ခေါင်းဆောင်များသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်သို့ စုဝေးရောက်ရှိလာ ကြကာ မျက်မှောက်ကာလ ကျွန်ုပ်တို့၏ ကမ္ဘာကြီး ရင်ဆိုင်နေရသော ပြဿနာရပ် များနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး လာမည့် တစ်နှစ်တာကာလအတွက် ကမ္ဘာကြီး လှုပ်ရှားဆောင်ရွက်သင့်သည့် အစီအစဉ်ကို ဖော်ဆောင်ကြလေ့ရှိသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ စင်မြင့်
ပေါ်တွင် ဆွေးနွေးငြင်းခုံစရာ ကိစ္စရပ်များ မှာ လွန်စွာမှပင် များပြားလှပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတု
ပြောင်းလဲမှု ထိန်းညှိရေး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး၊ လူ့အခွင့်အရေး၊ ပြည်သူ့ ကျန်းမာရေးနှင့် ကျားနှင့်မ သာတူညီမျှမှု ရှိရေးတို့ အပါအဝင် နိုင်ငံတကာ ရေးရာ များကို ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင် အသီးသီးက ပါဝင်ဆွေးနွေးခွင့်ရရှိကြ သည်။
တက်ရောက်
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့အစီအစဉ်ကို စက်တင်
ဘာ ၂၅ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၏ အထွေ
ထွေ ညီလာခံခန်းမဆောင်ကြီး၌ ကျင်းပခဲ့ရာ ကုလသမဂ္ဂ အဖွဲ့ဝင်
နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအကြီးအကဲ
နှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ် အဖွဲ့များ၊ ကုလသမဂ္ဂအတွင်းရေး
မှူးချုပ်အန်သော်နျူးဂူတာရက်စ်နှင့် (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ
အထွေထွေညီလာခံ သဘာပတိ မာရီယာဖာနန်ဒါအက်စ်ပင်နိုဆာ
ဂါဆက်တို့ တက်ရောက်ခဲ့ကြသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အချက်အချာကျသော ဆွေး
နွေးပွဲမှာ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ
ချင်းစီမှ ကိုယ်စားလှယ်တစ်ဦးစီက ပါဝင်ဆွေးနွေးခွင့်ရှိသည်။
ယခုနှစ် အထွေထွေ မူဝါဒရေးရာ ဆွေးနွေးပွဲ၏ ဦးတည်ချက်ဆောင်ပုဒ်မှာ ''လူတိုင်းနှင့် သက်ဆိုင်မှုရှိသော ကုလ
သမဂ္ဂအဖြစ် ရပ်တည်ရေး၊ ငြိမ်းချမ်းသော၊ အားလုံးတန်းတူညီမျှမှုရှိသော၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းများ
ဖြစ်ပေါ်ရေးအတွက် ကမ္ဘာ့ဦးဆောင်မှုနှင့်
မျှဝေတာဝန်ယူမှု'' ဟူ၍ ဖြစ်သည်။
အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁ ရက်အထိ ကျင်းပ သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့များက အလေး
အနက်ပြုကြရသည့် ကိစ္စရပ်များနှင့် ပြဿနာ
ရပ်များနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးကြလေ့ရှိသည်။
ကမ္ဘာ့အခြေအနေနှင့် ပတ်သက်၍ ဂရု ဓမ္မပြုကြရမည့် အချက်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထောက်ပြပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် တစ်နိုင်ငံနှင့်
တစ်နိုင်ငံ အယုံအကြည်ပျက်ပြားနေမှုကို ဂူတာရက်စ်က အလေးအနက်ပြုပြောကြား ခဲ့ပြီး တစ်ကိုယ်တော်ဝါဒကို ဆန့်ကျင်ကြရန်
လည်းကောင်း၊ ကုလသမဂ္ဂ၏ အခြေခံ အုတ်မြစ်ဖြစ်သော နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို အလေးပေးကြရန်လည်း ကောင်း သူက တိုက်တွန်းခဲ့သည်။
အစ္စရေးနှင့် ပါလက်စတိုင်း ပဋိပက္ခ
အတွက် ဖြေရှင်းချက်အဖြစ် နှစ်နိုင်ငံ
ယှဉ်တွဲနေထိုင်ရေး အယူအဆမှာ 'ကြာလေ
ဝေးလေ' ဖြစ်လာနေကြောင်း၊ အဏုမြူ ခြိမ်းခြောက်မှုကလည်း လျော့ပါးသွားခြင်း မရှိကြောင်း ဂူတာရက်စ်က သတိပေး သည်။
ရာသီဥတု ပြောင်းလဲမှု ပြဿနာကို သူက
တပ်လှန့်ခဲ့ပြီး ကမ္ဘာကြီးပူးနွေးလာမှုကို ထိန်းညှိနိုင်ရေးအတွက် ယခုပင်လျှင် ကြိုးပမ်းကြရန် အချိန်တန်ပြီဟု တိုက်တွန်း
ခဲ့သည်။
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီ သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်း အကောင်အထည်ဖော်ရန်လည်း ဂူတာရက်စ်က အလေးအနက်ပြု ပြောကြား
ခဲ့သည်။ ဂူတာရက်စ်သည် လာမည့်နှစ် နွေရာသီတွင် ရာသီဥတုဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲတစ်ရပ်ကျင်းပရန် စီစဉ်ထား သည်။
ပေါ်ပြူလစ် (ဝါ) ဒီမိုကရက်တစ် အခြေခံ
မူများဘက်မှ အားပေးထောက်ခံသူ ကမ္ဘာ့ ခေါင်းဆောင်များအဖြစ် သိရှိကြသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ပိုလန်သမ္မတ အင်ဒရေဒူးဒါး၊ အီတလီ ဝန်ကြီးချုပ် ဂူဆက်ပေကွန်တဲတို့နှင့်အတူ ဟန်ဂေရီနှင့် သြစတြီးယား နိုင်ငံခြားရေး ဝန်ကြီးများက အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
ကုလသမဂ္ဂ ''ငြိမ်းချမ်းရေး ထိပ်သီး ညီလာခံ'' ကို စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့ရာတွင် တရုတ်နိုင်ငံခြားရေး
ဝန်ကြီး ဝမ်ယီ မိန့်ခွန်းပြောကြားခဲ့သည်။ တောင်အာဖရိက၏ လူမျိုးအသားအရောင် ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ နယ်လ်ဆင်မင်ဒဲလား၏ ရာပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေး ထိပ်သီး
ညီလာခံကို ကျင်းပခြင်းဖြစ်သည်။
သတိပေး
တစ်ကိုယ်တော်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒတို့ ခေါင်းထောင်လာနေ ပုံကို ဝန်ကြီး ဝမ်ယီက သတိပေးပြောကြား ခဲ့သည်။ ဝန်ကြီး ဝမ်ယီ၏ တရုတ်နိုင်ငံနှင့် သမ္မတ ဒေါ်နယ်ထရန့်၏ အမေရိကန်
ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေး
အရ စစ်ခင်းနေဆဲကာလအတွင်း ယင်းသို့ သတိပေးခြင်းဖြစ်သည်။
ခုနစ်နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော ဆီးရီးယားပဋိပက္ခနှင့် သုံးနှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သော ယီမင်ပြည်တွင်းစစ်တို့သည်
ကမ္ဘာ့အဆိုးရွားဆုံး လူသားဘေးဒုက္ခ အဖြစ် သတ်မှတ်နိုင်ပြီး လစ်ဗျား၊ တောင် ဆူဒန်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ မာလီ နှင့် ကွန်ဂိုနိုင်ငံတို့အပါအဝင် အာဖရိက တိုက်ရှိ ဆီပူအိုးနေရာများနှင့်အတူ ဆီးရီး ယားနှင့် ယီမင်နိုင်ငံ၌ အငတ်ဘေးကြီး ဆိုက်လာနိုင်သည်ဟု ဆိုသည်။
အဏုမြူနှင့် ဒုံးပျံအစီအစဉ်များအပေါ် အကြောင်းပြု၍ အမေရိကန်၏ စွပ်စွဲမှုများ
ခံနေရသော အီရန်သမ္မတ ဟာဆန်ရူယာ နီက ယင်းစွပ်စွဲမှုများကို ကုလသမဂ္ဂ စင်မြင့်
ပေါ်တွင် အတိအလင်း ငြင်းဆိုသွားခဲ့သည်။
သူ၏ နိုင်ငံသည် နိုင်ငံတကာ အကြမ်းဖက်မှု
ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုမရှိဟု လည်း ဆိုသည်။
စက်တင်ဘာလအတွက် ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌ
နေရာကို ရယူသော အမေရိကန်
ပြည်ထောင်စုသည် လုံခြုံရေးကောင်စီ အစည်းအဝေးနှစ်ရပ်ကို ကျင်းပပေးခဲ့
သည်။ စက်တင်ဘာ ၂၆ ရက်က ပြုလုပ် သော အစည်းအဝေးတွင် သမ္မတထရန့်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ကနဦးတွင် အီရန်အရေးကို အဓိကဆွေးနွေး
ကြရန် ရည်မှန်းခဲ့သော်လည်း ဆွေးနွေး
မည့်အကြောင်းရပ်ကို အဏုမြူ၊ ဓာတု နှင့် ဇီဝလက်နက်များ မပြန့်ပွားရေးအထိ တိုးချဲ့ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော ဒုတိယအစည်းအဝေးတွင်မူ နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက သဘာပတိအဖြစ်
ဆောင်ရွက်ကာ မြောက်ကိုရီးယားအရေး နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
မြောက်ကိုရီးယား အဏုမြူအစီအစဉ် နှင့် ပတ်သက်၍ ထိန်းချုပ်နိုင်ရန် ယင်း နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု တိုးမြှင့် ပြုလုပ်ရေးဘက်မှ ထောက်ခံဆွေးနွေးခဲ့ ကြသည်။ သို့ရာတွင် ကိုရီးယားကျွန်းဆွယ် ၌ အဏုမြူလက်နက်ကင်းရှင်းရေးဇုန် ထူထောင်ရေးကိစ္စက သာလွန်အရေးကြီး လာချိန်တွင် အရေးယူပိတ်ဆို့မှု၏ ဘေး ထွက်ဆိုးကျိုးများကိုလည်း ချိန်ဆရန်ရှိလာ ပေသည်။
သမ္မတထရန့်သည် ကုလသမဂ္ဂစင်မြင့် ပေါ်တွင် စက်တင်ဘာ ၂၅ ရက်က မိန့်ခွန်း
ြေ>ွခခဲ့ရာတွင် သူ၏လက်ထက် အမေရိကန် အစိုးရအဖွဲ့၏ အောင်မြင်မှုများကိုြ<ွကား
လုံးထုတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၏ အချုပ်အခြာအာဏာ ထိပါးမခံရရေး၊ မျိုးချစ်စိတ်ဓာတ်ရှိရေးတို့ကို ဝိတ္ထာရချဲ့ ပြောဆိုခဲ့ကာ ကမ္ဘာနှင့်ချီဆောင်ရွက်ရေး ဝါဒကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) သည် တရားဥပဒေနှင့်အညီ တရားဝင် စီရင်ပိုင်ခွင့်မရှိသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ပြီး တရားစီရင်မှု၏ အခြေခံမူများအား လုံးကို ချိုးဖောက်လျက်ရှိသည်ဟု သမ္မတ ထရန့်က ဝေဖန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ စိုးရိမ်ပူပန်
မှုအပေါ် အခြေခံ၍ အလေးအနက်ပြု ပြောဆိုရမည်ဆိုရလျှင် အိုင်စီစီသည် တရားဥပဒေနှင့်အညီ တရားဝင်စီရင်ပိုင်
ခွင့် မရှိ၊ ဥပဒေအရ အဆုံးအဖြတ်ပေးပိုင် ခွင့်မရှိ၊ အခွင့်အာဏာမရှိသည့် အဖွဲ့ အစည်းဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်
က ကမ္ဘာ့တရားရုံးဖြစ်သော အိုင်စီစီနှင့် ပတ်သက်၍ ဝေဖန်ပြောကြားသည်။
အိုင်စီစီသည် ကမ္ဘာ့နိုင်ငံတိုင်းရှိ နိုင်ငံ သားတိုင်းအပေါ် တရားဥပဒေအရ စီရင် ဆုံးဖြတ်ခွင့်ရှိသည်ဟုဆိုခြင်းမှာ တရားစီ ရင်မှု၊ သမာသမတ်ရှိမှုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာမခံထားသော အခွင့်အရေး များအပေါ် အခြေခံသည့် တရားစီရင်မှုတို့ ၏ အခြေခံမူများအားလုံးကို ချိုးဖောက်ရာ ရောက်ကြောင်း၊ မိမိတို့သည် ရွေးကောက် တင်မြှောက်ထားခြင်းမရှိသော၊ တာဝန်ယူ မှု၊ တာဝန်ခံမှုမရှိသော ကမ္ဘာ့ဗျူရိုကရေစီ ယန္တရားဖြစ်သည့် အိုင်စီစီအား အမေရိ ကန်ပြည်ထောင်စု၏ အချုပ်အခြာအာဏာပိုင်စိုးမှုအတွက် မည်သည့်အခါတွင်မျှ
အညံ့ခံမည်မဟုတ်ကြောင်း သမ္မတထရန့်က
ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် နိုင်ငံ တကာရာဇဝတ်မှုခုံရုံးအား ထောက်ခံ အားပေးမည်မဟုတ်သည့်အပြင် အသိ
အမှတ်ပြုမည်လည်း မဟုတ်ကြောင်း
သမ္မတထရန့်က ဆိုသည်။
အစ္စလာမ္မစ်နိုင်ငံတော် ထူ
ထောင်ရေးအဖွဲ့ ကျဆုံးလာနေပုံ၊
ဆီးရီးယား ပြည်တွင်းစစ်နှင့်
ပတ်သက်၍ အမေရိကန်၏
ရပ်တည်ချက်၊ အီရန် အဏုမြူ အစီ
အစဉ်အား ထိန်းချုပ်ရန် ရည်ရွယ်
သော သဘောတူညီချက်မှ အမေရိ
ကန် နုတ်ထွက်ခဲ့ရသည့် အခြေ
အနေ၊ ရေနံသူဌေးနိုင်ငံ ဗင်နီဇွဲလား
၏ ဆိုရှယ်လစ်စနစ် ဒေဝါလီခံ
လိုက်ရသည် ဆိုခြင်း၊ အိုပက်အဖွဲ့
က ရေနံဈေးနှုန်း မြှင့်တင်နေမှု၊
ဥပဒေမဲ့ ရွှေ့ပြောင်းအခြေစိုက် နေထိုင်မှု ထိန်းချုပ်ရေး၊ ကုန်သွယ်
ရေးအရ မမျှမတမှုကို ဖန်တီးနေ
သည်ဟုဆိုသော နိုင်ငံတကာ
သဘောတူညီချက်များ၊ တရုတ်
နိုင်ငံနှင့် ကုန်သွယ်ရာတွင် အမေရိ
ကန်ဘက်မှ လိုငွေပြေနေမှု၊ အမေရိ
ကန်ကို ထိပါးနှောင့်ယှက်လာ
သည်ဟုဆိုသော ကုလသမဂ္ဂ လူ့
အခွင့်အရေးကောင်စီ စသည့်
အကြောင်းခြင်းရာများနှင့် ပတ်သက်၍
လည်း သမ္မတထရန့်၏ မိန့်ခွန်းတွင် ဖော်ပြ
ထားသည်ကို တွေ့ရှိရသည်။
မဟာမိတ်ပြု
ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားသူ ခေါင်းဆောင် အတော်များများက ကမ္ဘာ့ နိုင်ငံများ မဟာမိတ်ပြု လှုပ်ရှားရေး အယူဝါဒဘက်မှ တိုက်တွန်းပြောကြားခဲ့ကြ သည်။
ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ရည်မှန်းချက်ဖြင့် ဖွဲ့စည်းခဲ့ သော ကုလသမဂ္ဂ၏ ပုံရိပ်ကို ရှုမြင်မိရင်း ''သူ့ဘက် ကိုယ့်ဘက် ချိန်စက်ရှုမြင် ကုလ တစ်ခွင်'' ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။

No comments:

Post a Comment