ဦးဟန်ညွန့်(ဥပဒေ)
နိဒါန်း
အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းအား နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂ဝ၁၇ ဖြင့် ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါ သည်။ အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်မည့်အချက်များအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ''ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်း လမ်းညွှန်ချက်''ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့နှင့် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တို့တွင် ဆက်လက်ထုတ်ပြန်ခဲ့ပါသည်။
ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ ၏တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်း ခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် တင်ဒါကော်မတီ၊ ကြမ်းခင်း ဈေး တွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက် ရမည်။
တင်ဒါကော်မတီဖွဲ့စည်းခြင်း
''တင်ဒါကော်မတီ''ဖွဲ့စည်းရာတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများအနေဖြင့် ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်က ''တင်ဒါကော်မတီ''ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ဝယ်ယူမည့်ဌာန၊ အဖွဲ့အစည်း၏ အကြီးအကဲများပါဝင်သော ''တင်ဒါကော်မတီ''ကို ဖွဲ့စည်းရမည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံ၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခေါ်ယူသည့် တင်ဒါများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးများက ''တင်ဒါကော်မတီ ''ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဝယ်ယူမည့် တိုင်းဒေသကြီး၊ ပြည်နယ် ဌာနအကြီးအကဲများနှင့် ပြည်ထောင်စုအဆင့် ဌာနများမှ ကိုယ်စားလှယ်များပါဝင်သော ''တင်ဒါကော်မတီ'' ကို ဖွဲ့စည်း ရမည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ကျခံ၍ တင်ဒါခေါ်ယူ ခြင်းများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ဝယ်ယူမည့်ဌာနနှင့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ် များ ပါဝင်သော ''တင်ဒါကော်မတီ'' ကို ဖွဲ့စည်းရမည်။
''တင်ဒါကော်မတီ '' အနေဖြင့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) ကျပ် ၁ဝ သန်းအောက် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့်ဝန်ဆောင်မှုရယူခြင်း လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရန်မလိုဘဲ ''တင်ဒါကော်မတီ''အနေဖြင့် ပစ္စည်းပေးသွင်းသူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်ပေးသူများအနက်မှ ယုံကြည်စိတ်ချရသော
အနည်းဆုံး ကုမ္ပဏီသုံးခုအား ဈေးနှုန်းအဆိုပြုလွှာ တောင်းခံပြီး ဈေးနှုန်းအနည်းဆုံးတင်သွင်းသူထံမှ ဝယ်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှုရယူခြင်း ဆောင်ရွက်နိုင်သည်။
အနည်းဆုံး ကုမ္ပဏီသုံးခုအား ဈေးနှုန်းအဆိုပြုလွှာ တောင်းခံပြီး ဈေးနှုန်းအနည်းဆုံးတင်သွင်းသူထံမှ ဝယ်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှုရယူခြင်း ဆောင်ရွက်နိုင်သည်။
(ခ) ကျပ် ၁ဝ သန်းမှ ကျပ်သန်း ၁ဝဝ အထိ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်း လုပ်ငန်းများအတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန ကြော်ငြာသင်ပုန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာသင်ပုန်းတွင် တင်ဒါ
ဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ရက်သတ္တ နှစ်ပတ် ကြိုတင်၍ သိသာထင်ရှားစွာ ကြေညာရမည်။ ထို့အပြင် ''တင်ဒါလက်ခံရေးနှင့်
စိစစ်ရေးကော်မတီ'' ဖွဲ့စည်းရာတွင် သက်ဆိုင်ရာဌာနက တာဝန်ပေးအပ်ထားသူများအပြင် အခြားသောဆက်စပ်ဌာန အဖွဲ့အစည်း
များမှ အနည်းဆုံး သုံးဦး ပါဝင်ဖွဲ့စည်းရမည်။
အိတ်ဖွင့်တင်ဒါခေါ်ယူရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန ကြော်ငြာသင်ပုန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာသင်ပုန်းတွင် တင်ဒါ
ဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ရက်သတ္တ နှစ်ပတ် ကြိုတင်၍ သိသာထင်ရှားစွာ ကြေညာရမည်။ ထို့အပြင် ''တင်ဒါလက်ခံရေးနှင့်
စိစစ်ရေးကော်မတီ'' ဖွဲ့စည်းရာတွင် သက်ဆိုင်ရာဌာနက တာဝန်ပေးအပ်ထားသူများအပြင် အခြားသောဆက်စပ်ဌာန အဖွဲ့အစည်း
များမှ အနည်းဆုံး သုံးဦး ပါဝင်ဖွဲ့စည်းရမည်။
(ဂ) ကျပ်သန်း ၁ဝဝ အထက် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုရယူခြင်းအတွက် ဆောင်ရွက်မည့်လုပ်ငန်းအမျိုးအစားကို ရှင်းလင်းစွာဖော်ပြပြီး အိတ်ဖွင့်တင်ဒါဖွင့်လှစ်ရန် သတ်မှတ် ရက်ထက် တစ်လ ကြိုတင်ပြီး နိုင်ငံပိုင်သတင်းစာများတွင် အနည်းဆုံး နှစ်ကြိမ် သိသာထင်ရှားစွာ ကြော်ငြာ၍ တင်ဒါခေါ်ယူ ရမည်။ အလားတူ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် အနည်းဆုံး တစ်လ ကြိုတင်ကြေညာရမည်။
(ဃ) နိုင်ငံတကာ တင်ဒါခေါ်ယူဆောင်ရွက်ရမည့် သို့မဟုတ် နိုင်ငံခြား ငွေ မဖြစ်မနေသုံးစွဲရမည့်ကိစ္စရပ်များမှအပ ပြည်တွင်းတွင် ဝယ်ယူရရှိနိုင်သည့် ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းကိစ္စရပ်များအတွက် မြန်မာကျပ်ငွေဖြင့်သာ တင်ဒါ ခေါ်ယူရမည်။
(င) ဝယ်ယူလိုသည့်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအတွက် နိုင်ငံ အတွင်း ရောင်းချခွင့်ပြုထားသည့် တရားဝင်ကိုယ်စားလှယ်မရှိ ပါက နိုင်ငံခြားငွေဖြင့် နိုင်ငံတကာ ယှဉ်ပြိုင်တင်ဒါခေါ်ယူ၍ ဝယ်ယူ ရေးဆောင်ရွက်နိုင်ပြီး ငွေပေးချေရာတွင်လည်း သတ်မှတ်နိုင်ငံခြား ငွေဖြင့် ပေးချေရမည်။
''တင်ဒါကော်မတီ''သည် ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတင်ဒါများအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) ငှားရမ်းမည့် သို့မဟုတ် ရောင်းချမည့် အနိမ့်ဆုံး ကြမ်းခင်းဈေးတန်ဖိုး
တစ်နှစ်အတွက် ကျပ် ၁ဝ သန်းအောက်ဖြစ်ပါက ''တင်ဒါကော်မတီ''မှ ငှားရမ်းမည့် သို့မဟုတ် ရောင်းချမည့်လုပ်ငန်းအမျိုးအစားကို တိကျစွာဖော်ပြ၍ သက်ဆိုင်ရာဝန်ကြီးဌာန ကြော်ငြာသင်ပုန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာသင်ပုန်းတွင် တင်ဒါ ဖွင့်လှစ်မည့်ရက်ထက် ရက်သတ္တနှစ်ပတ်ကြိုတင်၍ သိသာထင်ရှားစွာ ကြေညာရမည်။ ထို့အပြင် ''တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ'' ဖွဲ့စည်းရာတွင် သက်ဆိုင်ရာဌာနက တာဝန်ပေးအပ်ထားသူများအပြင် အခြားသော ဆက်စပ်ဌာန၊ အဖွဲ့အစည်းများမှ အနည်းဆုံး သုံးဦး ပါဝင်ဖွဲ့စည်းရမည်။
( ခ ) ငှားရမ်းမည့် သို့မဟုတ် ရောင်းချမည့် အနိမ့်ဆုံးကြမ်းခင်းဈေး တန်ဖိုး တစ်နှစ်အတွက် ကျပ် ၁ဝ သန်းနှင့်အထက်ဖြစ်ပါက ငှားရမ်း မည့် သို့မဟုတ် ရောင်းချမည့်လုပ်ငန်းအမျိုးအစားကို တိကျစွာ ဖော်ပြ၍ တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် တစ်လ ကြိုတင်ပြီး နိုင်ငံပိုင်သတင်းစာများတွင် အနည်းဆုံးနှစ်ကြိမ် သိသာထင်ရှားစွာ ကြော်ငြာ၍ တင်ဒါခေါ်ယူရမည်။ အလားတူ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် တစ်လ ကြိုတင်ကြေညာရမည်။
''တင်ဒါကော်မတီ'' သည် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက် ရမည်-
(က) ဆောင်ရွက်မည့် စီမံကိန်း၊ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊အကြံပေးဝန်ဆောင်မှုရယူခြင်းနှင့် အကြံပေးမဟုတ်သော ဝန်ဆောင်မှုရယူခြင်းတို့အတွက် ရန်ပုံငွေခွင့်ပြုချက် ရှိ၊ မရှိ စိစစ်ခြင်း၊
( ခ ) တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့အတွက် လိုအပ်သည့်တင်ဒါပုံစံများ၊ စာချုပ်ပုံစံများ သတ်မှတ်ခြင်း၊
( ဂ ) ဝယ်ယူမည့်ပစ္စည်းများအတွက် အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ခြင်း၊
(ဃ) တင်ဒါတွင်ပါဝင်မည့် အဆိုပြုကန်ထရိုက်စာချုပ်ပါ အချက်များ၊ အကဲဖြတ်မှု စံချိန်စံညွှန်းများနှင့် ငွေရေးကြေးရေး အချက်အလက်များ
(ကန်ထရိုက်ဆိုင်ရာ အချက်အလက်များ၊ ငွေပေးချေမှုအစီအစဉ်၊ ပစ္စည်းပေးသွင်းမှုအစီအစဉ်၊ အခွန်စသည်များ) သတ်မှတ်ခြင်း၊
(ကန်ထရိုက်ဆိုင်ရာ အချက်အလက်များ၊ ငွေပေးချေမှုအစီအစဉ်၊ ပစ္စည်းပေးသွင်းမှုအစီအစဉ်၊ အခွန်စသည်များ) သတ်မှတ်ခြင်း၊
( င ) နည်းပညာအရ မြင့်မားပြီး ရှုပ်ထွေးသည့် ဝယ်ယူခြင်းများအတွက် စစ်ဆေးမည့်နည်းလမ်းများ သတ်မှတ်ခြင်းနှင့် အခြားသောနည်းပညာ ဆိုင်ရာများအတွက် ကျွမ်းကျင်သူများအား အထူးတာဝန်ပေးအပ်ခြင်း၊
( စ ) တင်ဒါတင်သွင်းရမည့် အချိန်နှင့်နေရာ၊ တင်ဒါဖွင့်ဖောက်လက်ခံမည့်အချိန်နှင့် နေရာနှင့် တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်မည့် နေ့ရက်သတ်မှတ်ခြင်း၊
(ဆ) ''တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ'' ကို တာဝန်ပေးအပ်ခြင်း၊
( ဇ ) တင်ဒါမအောင်မြင်သူများအားလုံးကို တင်ဒါအာမခံကြေး ပြန်လည် ထုတ်ပေးခြင်းနှင့် တင်ဒါအောင်မြင်သူထံမှ လုပ်ငန်းအာမခံကြေးတောင်းခံခြင်း၊
( ဈ ) တင်ဒါအောင်မြင်သူအား ကြေညာခြင်း၊
(ည) နမူနာတောင်းခံရန်လိုအပ်သည့် ပစ္စည်းဝယ်ယူရေးတင်ဒါဖြစ်ပါက နမူနာများ လက်ခံနိုင်ရေးနှင့် မှတ်ပုံတင်ထားရှိနိုင်ရေး ကြိုတင်
ဆောင်ရွက်ခြင်း၊
ဆောင်ရွက်ခြင်း၊
( ဋ ) ငှားရမ်းခြင်း သို့မဟုတ် ရောင်းချခြင်းများအတွက် အနိမ့်ဆုံး ကြမ်းခင်းဈေးနှုန်းသတ်မှတ်ခြင်း။
တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း
''တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ''သည် အကဲဖြတ်မှုအစီရင်ခံ စာအား အကြံပြုချက်များနှင့်အတူပြုစု၍ ''တင်ဒါကော်မတီ'' ထံတင်ပြရမည်။ အစီရင်ခံစာတွင် တင်ဒါမအောင်မြင်သူများနှင့် မရွေးချယ်ရသည့် ရှင်းလင်း ချက်များကို ဖော်ပြရမည်။ ''တင်ဒါကော်မတီ''မှ တင်ဒါရွေးချယ်မှုအား သက်ဆိုင်ရာအကြီးအကဲ၏ ခွင့်ပြုချက်ရရှိပြီးပါက တင်ဒါအောင်မြင်သူကို ထုတ်ပြန်ကြေညာပြီး ကန်ထရိုက်အပ်နှင်းခြင်းကို ဆောင်ရွက်ရမည်။ ကော်မတီ သည် အစီရင်ခံစာတွင် တင်ဒါမအောင်မြင်သော တင်ဒါတင်သွင်းသူများအား တရားဝင်အကြောင်းကြားပြီး တင်ဒါအာမခံကြေးကို ခုနစ်ရက်အတွင်း ပြန်လည်ထုတ်ပေးရမည်။ တင်ဒါအောင်မြင်သူသည် လုပ်ငန်းအာမခံကြေးအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုသည့် ဘဏ်တစ်ခုခုမှရယူ၍ တင်ဒါစာရွက်စာတမ်းများတွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလ အတွင်း တင်သွင်းရမည်။ လုပ်ငန်းအာမခံကြေးတင်သွင်းပြီးပါက စာချုပ်တွင် လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး တင်ဒါအောင်မြင်သူ ပေးသွင်းထားသည့် တင်ဒါအာမခံကြေးအား ပြန်လည်ထုတ်ပေးရမည်။ လုပ်ငန်းအာမခံကြေး သည် စာချုပ်တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်း ဖြစ်သည်။ ဈေးနှုန်းအဆိုပြုလွှာ ခေါ်ယူခြင်းအတွက် လုပ်ငန်းအာမခံကြေး မလိုအပ်ပါ။
လုပ်ထုံးလုပ်နည်းထုတ်ပြန်ခြင်း
ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများ အနေဖြင့် တင်ဒါများအား ဆောင်ရွက်ခွင့်ပြုရာတွင် နိုင်ငံတော်၏ ဘဏ္ဍာ ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ အဂတိလိုက်စားမှုများမရှိစေရန်၊ တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ရယူခြင်း၊ ဈေးကစားခြင်းများမဖြစ်စေဘဲ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေ ရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ နိုင်ငံတော်နှင့် အများ ပြည်သူအတွက် ထိရောက်အကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူ ခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများဖြစ်ရန် ရည်ရွယ်၍ ဤလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ပြည်သူများအမြင်တွင် သံသယကင်းရှင်းစေရန်အတွက် တည်ဆောက် ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း များဆောင်ရွက်သည့်အခါ တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်၊ ကုမ္ပဏီသည် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန အကြီးအကဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် မိသားစုအရ၊ လူမှုရေးအရ၊ စီးပွားရေးအရနှင့် လုပ်ငန်းအရ ပတ်သက်ခြင်းတို့ရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူရပါမည်။ ထို့အပြင် တင်ဒါရွေးချယ်မှုကို မလျော်သြဇာသုံး၍ တစ်နည်းနည်းဖြင့် လွှမ်းမိုးဆောင်ရွက်ခြင်းများကိုလည်း လက်မခံဘဲ တရားမျှတမှုရှိစွာနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ဖြစ်ပါသည်။
တိကျသေချာစွာ
နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂ဝ၁၇ အရ တင်ဒါ လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ထားပြီးဖြစ်ရာ သက်ဆိုင်သူများအနေဖြင့် တိကျသေချာစွာ လေ့လာဖတ်ရှုပြီး လက်တွေ့လိုက်နာ ဆောင်ရွက်သင့်ပါသည်။
နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အဓိက ဦးတည်ချက်ထားရှိပါသည်။ အဂတိလိုက်စားမှုမရှိစေရေး၊ တစ်ဦးတစ်ယောက် ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ရယူခြင်း၊ ဈေးကစားခြင်း မဖြစ်စေရေး၊ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အထူးလိုအပ်လှပါကြောင်း ရေးသားဖော်ပြ အပ်ပါသည်။
တင်ပြချက်
တင်ဒါလုပ်ငန်းစဉ်တစ်ခုတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂ဝ၁၇ ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးလျှင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(က)(၂)အရ အဂတိလိုက်စားမှုကျူးလွန်ခြင်းဖြစ်သည့်အတွက် အရေးယူခံရနိုင် ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနားလည်သင့်ပါကြောင်းနှင့် တင်ဒါလုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာခြင်းဖြင့် အဂတိလိုက်စားမှုကျူးလွန်ခြင်း မပြုကြရေး နှိုးဆော်တိုက်တွန်းလျက် အကြံပြုတင်ပြအပ်ပါသည်။ ။
No comments:
Post a Comment