Friday, September 28, 2018

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း အမေရိကန်အခြေစိုက် Nathan Associatesမှ Vice President နှင့် Chief of Party တို့အား လက်ခံတွေ့ဆုံ

Image may contain: 4 people, people sitting and indoor

နေပြည်တော် စက်တင်ဘာ ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် အမေရိကန်ပြည်ထောင်စုအခြေစိုက်Nathan Associates မှ Vice President ဖြစ်သူ Ms.Jaleen Moroney နှင့် Chief of Partyဖြစ်သူMr.Steve Parker တို့အား ယနေ့ နံနက် ၉ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်မှုရှိစေမည့် စီးပွားရေးဆိုင်ရာသတင်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုကိစ္စ၊ စီးပွားရေးသတင်းများအား တိကျမှန်ကန်စွာဖော်ပြနိုင်ရန် အခြေခံကျသည့် မဟာဗျူဟာများ ရေးဆွဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်


No comments:

Post a Comment